မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္းကို “ဝ”အထူးေဒသ(၂)က အစိုးရထံ လႊဲေျပာင္း ေပးအပ္မည္

မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္းကို “ဝ”အထူးေဒသ(၂)က အစိုးရထံ လႊဲေျပာင္း ေပးအပ္မည္
မေ 6, 2018
By Tachileik News Agency
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္ႏွင့္ တာခ်ီလိတ္ခ႐ိုင္ကို ဆက္သြယ္ထားေသာ မိုင္းဆတ္-တာခ်ီလိတ္ ကားလမ္းအား  “ဝ” အထူးေဒသ(၂)က ႏိုင္ငံေတာ္အစိုးရသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ရန္ ၂၀၁၈ ခုနွစ္ ေမလ (၆) ရက္ေန႔က ႏွစ္ဖက္တာဝန္ရိွသူမ်ား ေတြ႔ဆံုေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ မိုင္းဆတ္ခ႐ိုင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠဌ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ ဦးေဆာင္ေသာ ခ႐ိုင္/ၿမိဳ႕နယ္စီမံခန႔္ခဲြမႈေကာ္မတီဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရပ္မိ ရပ္ဖမ်ားႏွင့္“ဝ” အထူးေဒသ(၂) ေတာင္ပိုင္းစစ္ေဒသမွ ဦးအားဖူ ဦးေဆာင္ေသာအဖဲြ႔ဝင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းကို “၀” အထူးေဒသ(၂)က ေဖာက္လုပ္ထားျခင္းျဖစ္ၿပီး ယခင္ႏွစ္ မိုးရာသီက လမ္းပ်က္စီး၍ ျပည္သူမ်ားသြားလာေရး ခက္ခဲမႈမ်ား ရိွခဲ့သျဖင့္ ရွမ္းျပည္နယ္အစိုးရက အဆိုပါ လမ္းပိုင္းႏွင့္ ပတ္သက္၍ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပို္င္း အသံုးျပဳေနသည့္ ျပည္သူမ်ား အဆင္ေျပေစေရးအတြက္  လမ္းပိုင္းအား အစိုးရအေနျဖင့္  အျမန္ဆုံး ေကာင္းမြန္ေအာင္ ျပဳျပင္ေဆာင္ရြက္ေပးရန္ လႊဲအပ္ေပးသြားမည္ျဖစ္ၿပီး အထူးေဒသ(၂) တပ္ဖဲြ႔ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား သြားလာရာတြင္ လမ္းအသုံးျပဳခ ကင္းလြတ္ခြင့္ျပဳရန္ကို “ဝ”အထူးေဒသ (၂) က ေတာင္းဆိုထားေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္း လႊဲေျပာင္းလက္ခံႏိုင္ေရးႏွင့္ ေဆြးေႏြး ညိႇႏိႈင္းခ်က္မ်ားအား ရွမ္းျပည္နယ္အစိုးရထံ အျမန္ဆံုးတင္ျပေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ခ႐ိုင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠဌ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ထံမွ သိရသည္။

အခမ္းအနားသုိ႔ “၀”အထူးေဒသ(၂)မွ ဦးအားဖူ၊ ဦးအားဖီ၊ ဦးဆမ္ကင္း၊ ဦးအိုင္ရုန္း၊ ဦးစံေလာ့ဒ္၊ ဦးေက်ာ္လွ၊ ဦးအိုင္စံေဘြ၊ ဦးဟဲလူ၊ ဦးဆိုင္းခြီး၊ ဦးအားရီ၊ ဦးက်က်ီး၊ ဦးအိုင္မိန္း၊ ဦးအိုင္နိုးႏွင့္ ဦးအိုင္ေသာင္းတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း - သန္းေဇာ္ဦး
ဓာတ္ပုံ - ေဇာ္ဝမ္းထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ် ကားလမ်းအား “ဝ” အထူးဒေသ(၂)က နိုင်ငံတော်အစိုးရသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ၂၀၁၈ ခုနှစ် မေလ (၆) ရက်နေ့က နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မိုင်းဆတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ဦးဆောင်သော ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိ ရပ်ဖများနှင့်“ဝ” အထူးဒေသ(၂) တောင်ပိုင်းစစ်ဒေသမှ ဦးအားဖူ ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းကို “ဝ” အထူးဒေသ(၂)က ဖောက်လုပ်ထားခြင်းဖြစ်ပြီး ယခင်နှစ် မိုးရာသီက လမ်းပျက်စီး၍ ပြည်သူများသွားလာရေး ခက်ခဲမှုများ ရှိခဲ့သဖြင့် ရှမ်းပြည်နယ်အစိုးရက အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပို်င်း အသုံးပြုနေသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် လမ်းပိုင်းအား အစိုးရအနဖြေင့် အမြန်ဆုံး ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးရန် လွှဲအပ်ပေးသွားမည်ဖြစ်ပြီး အထူးဒေသ(၂) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလာရာတွင် လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုရန်ကို “ဝ”အထူးဒေသ (၂) က တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း လွှဲပြောင်းလက်ခံနိုင်ရေးနှင့် ဆွေးနွေး ညှိနှိုင်းချက်များအား ရှမ်းပြည်နယ်အစိုးရထံ အမြန်ဆုံးတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ထံမှ သိရသည်။

အခမ်းအနားသို့ “ဝ”အထူးဒေသ(၂)မှ ဦးအားဖူ၊ ဦးအားဖီ၊ ဦးဆမ်ကင်း၊ ဦးအိုင်ရုန်း၊ ဦးစံလော့ဒ်၊ ဦးကျော်လှ၊ ဦးအိုင်စံဘွေ၊ ဦးဟဲလူ၊ ဦးဆိုင်းခွီး၊ ဦးအားရီ၊ ဦးကျကျီး၊ ဦးအိုင်မိန်း၊ ဦးအိုင်နိုးနှင့် ဦးအိုင်သောင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး
ဓာတ်ပုံ - ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~