ဆင္ေပါင္ဝဲၿမိဳ႕နယ္အတြင္းမွ ျမစ္ေက်ာက္စရစ္လုပ္ငန္းမ်ားေၾကာင့္ ေက်းရြာအနီး ကမ္းပါးၿပိဳျခင္း မျဖစ္ႏုိင္ေၾကာင္း စစ္ေဆးေတြ႕ရိွ

ဆင္ေပါင္ဝဲၿမိဳ႕နယ္အတြင္းမွ ျမစ္ေက်ာက္စရစ္လုပ္ငန္းမ်ားေၾကာင့္ ေက်းရြာအနီး ကမ္းပါးၿပိဳျခင္း မျဖစ္ႏုိင္ေၾကာင္း စစ္ေဆးေတြ႕ရိွ
မေ 31, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ဆင္ေပါင္ဝဲၿမိဳ႕နယ္ လက္ပံေက်းရြာအုပ္စု မႀကီးရင္းေက်းရြာအနီးရိွ ျမစ္ေက်ာက္စရစ္ လုပ္ငန္းႏွင့္ ေရႊတူးေဖာ္ျခင္းေၾကာင့္ ကမ္းပါးမ်ားၿပိဳက်မႈ ျဖစ္ပြားႏိုင္ေျခ မရိွသည္ကို ကြင္းဆင္းစစ္ေဆး ေတြ႔ရိွရေၾကာင္း မေကြးတိုင္းေဒသႀကီး ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္ ေမလ (၃၀)ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည္။

"တိုင္တန္းေနရာျဖစ္တဲ့ လုပ္ကြက္ကို သြားေရာက္စိစစ္ခဲ့တာမွာ သဲႏုန္းပို႔ခ်မႈေၾကာင့္ ျမစ္ေရတိမ္ပိုင္း ျဖစ္ေနတာကိုေတြ႔ရၿပီး လက္ပံေက်းရြာေအာက္ဖက္ကစၿပီး ရြာလင္းေက်းရြာတစ္ေလွ်ာက္ သဲေသာင္ခံုေတြ ျဖစ္ထြန္းေနပါတယ္။ ေဒသခံေတြစိုးရိမ္တယ္ဆိုတဲ့ လက္ပံေက်းရြာနဲ႔ မႀကီးရင္းေက်းရြာဘက္ျခမ္းဟာ ျမစ္ရဲ႕ သဲႏုန္းမ်ားပို႔ခ်မႈေၾကာင့္ ေရတိမ္ပိုင္းျဖစ္လို႔ ကမ္းၿပိဳကမ္းစားျခင္းမျဖစ္ႏိုင္ပါဘူး"ဟု မေကြးတိုင္းေဒသႀကီး ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမွဴး ဦးေဇာ္လြင္က ေျပာသည္။

ေက်းရြာမ်ားအနီးတြင္ ျမစ္ေက်ာက္စရစ္တူးေဖၚမႈမ်ားေၾကာင့္ ကမ္းပါးၿပိဳကာ ဘုရားေစတီမ်ားႏွင့္ လူေနအိမ္ေျခမ်ား ပ်က္စီးဆံုးရံႈးမႈႏွင့္ ႀကံဳေတြ႔ရႏိုင္သည္ဆိုကာ မေကြးတုိင္းေဒသႀကီး ျမစ္ေခ်ာင္းမ်ား ဖြံ႔ၿဖိဳးတုိ္းတက္ေရးဦးစီးဌာနအပါအဝင္ သက္ဆုိင္ရာဌာနမ်ားသို႔ ေက်းရြာေဒသခံမ်ားက တင္ျပခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္ ဧၿပီလ(၁၉)ရက္ေန႔တြင္ မေကြးတုိင္းေဒသႀကီးျမစ္ေခ်ာင္းမ်ား ဖြံ႔ၿဖိဳးတုိ္းတက္ေရးဦးစီးဌာနက ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာအုပ်စု မကြီးရင်းကျေးရွာအနီးရှိ မြစ်ကျောက်စရစ် လုပ်ငန်းနှင့် ရွှေတူးဖော်ခြင်းကြောင့် ကမ်းပါးများပြိုကျမှု ဖြစ်ပွားနိုင်ခြေ မရှိသည်ကို ကွင်းဆင်းစစ်ဆေး တွေ့ရှိရကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် မေလ (၃၀)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

"တိုင်တန်းနေရာဖြစ်တဲ့ လုပ်ကွက်ကို သွားရောက်စိစစ်ခဲ့တာမှာ သဲနုန်းပို့ချမှုကြောင့် မြစ်ရေတိမ်ပိုင်း ဖြစ်နေတာကိုတွေ့ရပြီး လက်ပံကျေးရွာအောက်ဖက်ကစပြီး ရွာလင်းကျေးရွာတစ်လျှောက် သဲသောင်ခုံတွေ ဖြစ်ထွန်းနေပါတယ်။ ဒေသခံတွေစိုးရိမ်တယ်ဆိုတဲ့ လက်ပံကျေးရွာနဲ့ မကြီးရင်းကျေးရွာဘက်ခြမ်းဟာ မြစ်ရဲ့ သဲနုန်းများပို့ချမှုကြောင့် ရေတိမ်ပိုင်းဖြစ်လို့ ကမ်းပြိုကမ်းစားခြင်းမဖြစ်နိုင်ပါဘူး"ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လွင်က ပြောသည်။

ကျေးရွာများအနီးတွင် မြစ်ကျောက်စရစ်တူးဖော်မှုများကြောင့် ကမ်းပါးပြိုကာ ဘုရားစေတီများနှင့် လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ရနိုင်သည်ဆိုကာ မကွေးတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတို်းတက်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများသို့ ကျေးရွာဒေသခံများက တင်ပြခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးမြစ်ချောင်းများ ဖွံ့ဖြိုးတို်းတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~