ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ စံျပထူးခၽြန္ဆုေရြးခ်ယ္ခံရသည့္ ေဆးရံုမ်ားအား ထပ္ဆင့္ဂုဏ္ျပဳပြဲ က်ိဳင္းတံုတြင္က်င္းပ

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ စံျပထူးခၽြန္ဆုေရြးခ်ယ္ခံရသည့္ ေဆးရံုမ်ားအား ထပ္ဆင့္ဂုဏ္ျပဳပြဲ က်ိဳင္းတံုတြင္က်င္းပ
မေ 8, 2018
By Tachileik News Agency
၂၀၁၇ ခုႏွစ္အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ အေကာင္းဆံုး စံျပေဆးရံု၊ စီမံအုပ္ခ်ဳပ္မႈဆုိင္ရာ အေကာင္းဆံုး ေဆးရံုႏွင့္ လူနာစိတ္ေက်နပ္မႈ အေကာင္းဆုံး ေဆးရံုဆုရရိွထားသည့္ ေဆးရံုမ်ားအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံု ျပည္နယ္ျပည္သူ႔က်န္းမာေရးနွင့္ ကုသေရးဦးစီးဌာနက ေမလ (၇)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕၌ ထပ္ဆင့္၍ ဂုဏ္ျပဳအခမ္းအနားျဖင့္ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုး စံျပၿမိဳ႕နယ္ေဆးရံုဆုရ မုိင္းတံုၿမိဳ႕နယ္ ေဆးရံု၊ အေကာင္းဆံုး စံျပတုိက္နယ္ေဆးရံုဆုရ မုိင္းယုတုိက္နယ္ေဆးရံု၊ စီမံအုပ္ခ်ဳပ္မႈဆုိင္ရာ အေကာင္းဆံုး ၿမိဳ႕နယ္ေဆးရံုဆုရ မိုင္းခတ္ၿမိဳ႕နယ္ေဆးရံု၊ စီမံအုပ္ခ်ဳပ္မႈဆုိင္ရာ အေကာင္းဆံုး တုိက္နယ္ေဆးရံုဆုရ တာေလတုိက္နယ္ေဆးရံု၊ လူနာစိတ္ေက်နပ္မႈအေကာင္းဆံုး ၿမိဳ႕နယ္ဆုရ မုိင္းျဖတ္ၿမိဳ႕နယ္ေဆးရံုႏွင့္ လူနာစိတ္ေက်နပ္မႈအေကာင္းဆံုး တိုက္နယ္ေဆးရံုဆုရ ပံုပါက်င္ တုိက္နယ္ေဆးရံုတို႔အား ထပ္ဆင့္ဂုဏ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ ဒီလိုပဲ လုပ္လည္းဒါပဲ။ မလုပ္လည္း ဒါပဲေပါ့။ လုပ္တဲ့သူကလည္း လုပ္တယ္။ မလုပ္တဲ့ သူလည္း မလုပ္ဘူးေပါ့။ အခုလို အသိအမွတ္ျပဳေပးတယ္ဆိုေတာ့ လုပ္ရတဲ့သူေတြထဲမွာလည္း ပိုၿပီးေတာ့ ခြန္အား ျဖစ္တယ္ေပါ့။ ဒါေပမဲ့ ဆုေပးေပး၊ မေပးေပး အကုန္လံုးကေတာ့ ဒီလိုပဲ လုပ္ေနၾကတာပါပဲ။ အခုလို လုပ္ေပးေတာ့ လုပ္ရတဲ့သူေတြအတြက္လည္း စိတ္အားတက္ၾကြရသလို က်န္တဲ့သူေတြအတြက္လည္း တြန္းအား ျဖစ္တာေပါ့ေနာ္။ ႏွစ္တုိင္းလုပ္သြားမယ္လို႔ သိရပါတယ္”ဟု မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာသက္ခုိင္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၂၀၁၇ ခုႏွစ္မွစ၍ တစ္ႏုိင္ငံလံုးရိွ ျပည္သူ႔ေဆးရံုမ်ားအား အေကာင္းဆံုး စံျပေဆးရံု၊ စီမံအုပ္ခ်ဳပ္မႈဆုိင္ရာ အေကာင္းဆံုး ေဆးရံုႏွင့္ လူနာစိတ္ေက်နပ္မႈ အေကာင္းဆုံး ေဆးရံုဆုမ်ား စတင္ေရြးခ်ယ္ခ်ီးျမႇင့္ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ားမွ အသီးသီးေရြးခ်ယ္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လ (၂၁)ရက္ေန႔က ဂုဏ္ျပဳခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း အေကာင္းဆုံးစံျပၿမိဳ႕နယ္ေဆး႐ုံဆုကို ဖယ္ခုံၿမိဳ႕နယ္ေဆး႐ုံ၊ မိုင္းတုံၿမိဳ႕နယ္ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕နယ္ ေဆး႐ုံမ်ားကို လည္းေကာင္း၊ အေကာင္းဆုံးစံျပ တိုက္နယ္ေဆး႐ုံဆုကို တိုက္နယ္ေဆး႐ုံ (၃)႐ုံျဖစ္ေသာ တီက်စ္တိုက္နယ္ေဆး႐ုံ၊ မိုင္းယုတိုက္နယ္ေဆး႐ုံႏွင့္ တာမိုးညဲတိုက္နယ္ေဆး႐ုံတို႔အား လည္းေကာင္း ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္၏ စီမံအုပ္ခ်ဳပ္မႈဆိုင္ရာ အေကာင္းဆုံး ၿမိဳ႕နယ္ေဆး႐ုံဆုကို ပင္းတယၿမိဳ႕နယ္ေဆး႐ုံ၊ မိုင္းခတ္ၿမိဳ႕နယ္ေဆး႐ုံ၊ ကြမ္းလုံ ၿမိဳ႕နယ္ေဆး႐ုံ၊ စီမံအုပ္ခ်ဳပ္မႈဆိုင္ရာ အေကာင္းဆုံး တိုက္နယ္ေဆး႐ုံဆုကို က်ိဳင္းေတာင္းတိုက္နယ္ေဆး႐ုံ၊ တာေလတိုက္နယ္ေဆး႐ုံႏွင့္ နမ့္စလပ္တိုက္နယ္ေဆး႐ုံတို႔ကိုလည္းေကာင္း လူနာစိတ္ေက်နပ္မႈ အေကာင္းဆုံးၿမိဳ႕နယ္ေဆး႐ုံဆုကို ဟိုပုံးၿမိဳ႕နယ္ေဆး႐ုံ၊ မိုင္းျဖတ္ၿမိဳ႕နယ္ေဆး႐ုံႏွင့္ မိုးမိတ္ၿမိဳ႕နယ္ေဆး႐ုံ၊ လူနာစိတ္ေက်နပ္မႈ အေကာင္းဆုံးတိုက္နယ္ ေဆး႐ုံဆုကို ေအာင္ပန္းတိုက္ နယ္ေဆး႐ုံ၊ ပုံပါက်င္တိုက္နယ္ေဆး႐ုံႏွင့္ နမ့္လန္တိုက္နယ္ေဆး႐ုံတို႔အား ေရြးခ်ယ္ခံရျခင္းျဖစ္သည္။

ယခုႏွစ္ ရွမ္းျပည္နယ္အတြင္း ေဆးရံုမ်ားအား ဂုဏ္ျပဳဆု အသီးသီးေရြးခ်ယ္ခ်ီးျမႇင့္ျခင္းအျပင္ ျပည္နယ္၏ က်န္းမာေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ရန္ ရွမ္းျပည္နယ္က်န္းမာေရးသံတမန္ ( Shan State Health Ambassador, 2018) အျဖစ္ အသိအမွတ္ျပဳခန္႔အပ္ျခင္းကိုလည္း လုပ္ေဆာင္ရာ ၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္က်န္းမာေရးသံတမန္အျဖစ္ Miss Golden Land Myanmar အလွမယ္ နန္းေမြခမ္းအား ေရြးခ်ယ္ခန္႔အပ္ထားျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - Ag Kyaw ၊ က်န္းမာေရး





~~~~~~~~⊰❂ unicode ~~~~~~~~


၂၀၁၇ ခုနှစ်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အကောင်းဆုံး စံပြဆေးရုံ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး ဆေးရုံနှင့် လူနာစိတ်ကျေနပ်မှု အကောင်းဆုံး ဆေးရုံဆုရရှိထားသည့် ဆေးရုံများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက မေလ (၇)ရက်နေ့က ကျိုင်းတုံမြို့၌ ထပ်ဆင့်၍ ဂုဏ်ပြုအခမ်းအနားဖြင့် ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး စံပြမြို့နယ်ဆေးရုံဆုရ မိုင်းတုံမြို့နယ် ဆေးရုံ၊ အကောင်းဆုံး စံပြတိုက်နယ်ဆေးရုံဆုရ မိုင်းယုတိုက်နယ်ဆေးရုံ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး မြို့နယ်ဆေးရုံဆုရ မိုင်းခတ်မြို့နယ်ဆေးရုံ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး တိုက်နယ်ဆေးရုံဆုရ တာလေတိုက်နယ်ဆေးရုံ၊ လူနာစိတ်ကျေနပ်မှုအကောင်းဆုံး မြို့နယ်ဆုရ မိုင်းဖြတ်မြို့နယ်ဆေးရုံနှင့် လူနာစိတ်ကျေနပ်မှုအကောင်းဆုံး တိုက်နယ်ဆေးရုံဆုရ ပုံပါကျင် တိုက်နယ်ဆေးရုံတို့အား ထပ်ဆင့်ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ ဒီလိုပဲ လုပ်လည်းဒါပဲ။ မလုပ်လည်း ဒါပဲပေါ့။ လုပ်တဲ့သူကလည်း လုပ်တယ်။ မလုပ်တဲ့ သူလည်း မလုပ်ဘူးပေါ့။ အခုလို အသိအမှတ်ပြုပေးတယ်ဆိုတော့ လုပ်ရတဲ့သူတွေထဲမှာလည်း ပိုပြီးတော့ ခွန်အား ဖြစ်တယ်ပေါ့။ ဒါပေမဲ့ ဆုပေးပေး၊ မပေးပေး အကုန်လုံးကတော့ ဒီလိုပဲ လုပ်နကြေတာပါပဲ။ အခုလို လုပ်ပေးတော့ လုပ်ရတဲ့သူတွေအတွက်လည်း စိတ်အားတက်ကြွရသလို ကျန်တဲ့သူတွေအတွက်လည်း တွန်းအား ဖြစ်တာပေါ့နော်။ နှစ်တိုင်းလုပ်သွားမယ်လို့ သိရပါတယ်”ဟု မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများအား အကောင်းဆုံး စံပြဆေးရုံ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး ဆေးရုံနှင့် လူနာစိတ်ကျေနပ်မှု အကောင်းဆုံး ဆေးရုံဆုများ စတင်ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများမှ အသီးသီးရွေးချယ်ပြီး ၂၀၁၈ ခုနှစ် မတ်လ (၂၁)ရက်နေ့က ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း အကောင်းဆုံးစံပြမြို့နယ်ဆေးရုံဆုကို ဖယ်ခုံမြို့နယ်ဆေးရုံ၊ မိုင်းတုံမြို့နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် ဆေးရုံများကို လည်းကောင်း၊ အကောင်းဆုံးစံပြ တိုက်နယ်ဆေးရုံဆုကို တိုက်နယ်ဆေးရုံ (၃)ရုံဖြစ်သော တီကျစ်တိုက်နယ်ဆေးရုံ၊ မိုင်းယုတိုက်နယ်ဆေးရုံနှင့် တာမိုးညဲတိုက်နယ်ဆေးရုံတို့အား လည်းကောင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး မြို့နယ်ဆေးရုံဆုကို ပင်းတယမြို့နယ်ဆေးရုံ၊ မိုင်းခတ်မြို့နယ်ဆေးရုံ၊ ကွမ်းလုံ မြို့နယ်ဆေးရုံ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံး တိုက်နယ်ဆေးရုံဆုကို ကျိုင်းတောင်းတိုက်နယ်ဆေးရုံ၊ တာလေတိုက်နယ်ဆေးရုံနှင့် နမ့်စလပ်တိုက်နယ်ဆေးရုံတို့ကိုလည်းကောင်း လူနာစိတ်ကျေနပ်မှု အကောင်းဆုံးမြို့နယ်ဆေးရုံဆုကို ဟိုပုံးမြို့နယ်ဆေးရုံ၊ မိုင်းဖြတ်မြို့နယ်ဆေးရုံနှင့် မိုးမိတ်မြို့နယ်ဆေးရုံ၊ လူနာစိတ်ကျေနပ်မှု အကောင်းဆုံးတိုက်နယ် ဆေးရုံဆုကို အောင်ပန်းတိုက် နယ်ဆေးရုံ၊ ပုံပါကျင်တိုက်နယ်ဆေးရုံနှင့် နမ့်လန်တိုက်နယ်ဆေးရုံတို့အား ရွေးချယ်ခံရခြင်းဖြစ်သည်။

ယခုနှစ် ရှမ်းပြည်နယ်အတွင်း ဆေးရုံများအား ဂုဏ်ပြုဆု အသီးသီးရွေးချယ်ချီးမြှင့်ခြင်းအပြင် ပြည်နယ်၏ ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ရှမ်းပြည်နယ်ကျန်းမာရေးသံတမန် ( Shan State Health Ambassador, 2018) အဖြစ် အသိအမှတ်ပြုခန့်အပ်ခြင်းကိုလည်း လုပ်ဆောင်ရာ ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်ကျန်းမာရေးသံတမန်အဖြစ် Miss Golden Land Myanmar အလှမယ် နန်းမွေခမ်းအား ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~