တာချီလိတ်တွင် မူကြိုဆရာဖြစ် သင်တန်း ဖွင့်လှစ်မည် မေလ(၃၁)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် မူကြိုဆရာဖြစ် သင်တန်း ဖွင့်လှစ်မည် မေလ(၃၁)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
မေ 11, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်မူလတန်းကြိုကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက မူကြိုဆရာဖြစ် သင်တန်းကို ဇွန်လ(၄)ရက်နေ့မှ ဇွန်လ (၂၈)ရက်နေ့အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်သည့် အတွက် တက်ရောက် လိုသူများ အနေဖြင့် မေလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများက စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကာ ရပ်ဝေးမှ သင်တန်း တက်ရောက်သူများ အနေဖြင့်လည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန(ကျိုင်းတုံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် ဖုန်း  ( 09420141176 )သို့ လည်းကောင်း၊ တာလော့မူကြိုကျောင်းအုပ်ဆရာမ ဒေါ်လောယို ဖုန်း ( 09252171067 )သို့ လည်းကောင်း၊ တာချီလိတ်မူလတန်းကြိုကျောင်း ဒေါ်ခင်သီတာစိုး ဖုန်း ( 09257147082 )သို့ လည်းကောင်း ဖုန်းဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်မူလတန်းကြိုကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက မူကြိုဆရာဖြစ် သင်တန်းကို ဇွန်လ(၄)ရက်နေ့မှ ဇွန်လ (၂၈)ရက်နေ့အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်သည့် အတွက် တက်ရောက် လိုသူများ အနဖြေင့် မေလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) မူကြိုဆရာဖြစ်သင်တန်းသို့ အခြေခံပညာ အဆင့်ရှိသည့် အမျိုးသား/အမျိုးသမီးများ တက်ရောက်နိုင်ကြောင်းသိရပြီး သင်တန်းကြေး ကျပ်နှစ်သောင်းခွဲပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများက စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကာ ရပ်ဝေးမှ သင်တန်း တက်ရောက်သူများ အနဖြေင့်လည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနဖြေင့် လူမှုဝန်ထမ်းဦးစီးဌာန(ကျိုင်းတုံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် ဖုန်း ( 09420141176 )သို့ လည်းကောင်း၊ တာလာ့ေမူကြိုကျောင်းအုပ်ဆရာမ ဒေါ်လောယို ဖုန်း ( 09252171067 )သို့ လည်းကောင်း၊ တာချီလိတ်မူလတန်းကြိုကျောင်း ဒေါ်ခင်သီတာစိုး ဖုန်း ( 09257147082 )သို့ လည်းကောင်း ဖုန်းဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~