လားရိႈးၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ျပည္သူ႔စကားဝိုင္း၌ မူးယစ္ေဆးျဖတ္လူနာကုသေရးအေၾကာင္း ေမးျမန္းမႈ မ်ားျပား

လားရိႈးၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ျပည္သူ႔စကားဝိုင္း၌ မူးယစ္ေဆးျဖတ္လူနာကုသေရးအေၾကာင္း ေမးျမန္းမႈ မ်ားျပား
မေ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၌ က်င္းပခဲ့သည့္ ျပည္သူ႔စကားဝိုင္းတြင္ တက္ေရာက္လာသူမ်ားက မူးယစ္ေဆးဝါးႏွင့္ပတ္သက္၍ က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္ေပးျခင္း၊ မူးယစ္ေဆးျဖတ္လူနာမ်ားကို ကုသေပးျခင္း၊ ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္ေပးျခင္းႏွင့္ မူးယစ္ေဆးစြဲသူမ်ား၏ လူမႈဘဝတြင္ ရင္ဆိုင္ေနရသည့္ အခက္အခဲမ်ားအား တင္ျပေမးျမန္းၾကေၾကာင္း သိရသည္။

မူးယစ္ေဆးစြဲလူနာ အရက္စြဲေနၿပီး အရက္ျဖတ္စဥ္တြင္ ျဖစ္ပြားတတ္သည့္ ထိန္းသိမ္းရခက္ခဲေသာ လူနာမ်ား ရုတ္တရက္ ေဖါက္ျပန္မႈျဖစ္ပြားလာပါက ျပည္သူ႔ေဆးရံုသို႔ (၂၄) နာရီ လာေရာက္ ပို႔ေဆာင္ႏိုင္ၿပီး ၎လူနာမ်ား၏ မိသားစုဝင္မ်ား အေနျဖင့္ ရွက္ရြံ႕ျခင္း၊ ေၾကာက္လန႔္ျခင္းတို႔ မရွိေစဘဲ မိမိတို႔ မိသားစုဝင္ မိတ္ေဆြမ်ားကို ေဆးကုသမႈခံယူရန္ လုပ္ေဆာင္ေပးေစလိုေၾကာင္း သမားေတာ္ ေဒါက္တာေက်ာ္ထင္က ျပန္လည္ ေဆြးေႏြးရွင္းလင္းေျပာျပခဲ့သည္။

မူးယစ္ေဆးျဖတ္လူနာမ်ားအတြက္ လားရိႈးၿမိဳ႕ရွိ မူးယစ္ေဆးျဖတ္ ျပန္လည္ထူေထာင္ေရးစခန္းတြင္ ျပဳလုပ္ေပး ေနသည့္ သင္တန္းမ်ားသို႔ ပို႔ေဆာင္ေပးႏိုင္ၿပီး ႏိုင္ငံေတာ္၏ အစီအစဥ္ျဖင့္ ၎လူနာမ်ားကို ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးေနသည့္အတြက္ မူးယစ္ေဆးျဖတ္ လူနာမ်ားကို ျပန္လည္ထူေထာင္ေရးစခန္းသို႔ ပို႔ေဆာင္ျခင္းျဖင့္ မွန္ကန္စြာ ျပဳျပင္ ေပးႏိုင္ေၾကာင္း ျပန္လည္ ထူေထာင္ေရးစခန္း (လားရိႈး)မွ စခန္းတာဝန္ခံ ဦးခိုင္ဝင္းက ျပန္လည္ေဆြးေႏြးခဲ့သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခမ္းမတြင္ ေမလ ၁၀ ရက္ေန႔က “လူငယ္ႏွင့္ မူးယစ္ေဆးဝါး”ေခါင္းစဥ္ျဖင့္ ပထမဦးဆံုးအႀကိမ္ ျပည္သူ႔စကားဝိုင္း ( Public Talk )အစီအစဥ္ကို က်င္းပျပဳလုပ္ခဲ့ၿပီး တက္ေရာက္လာသည့္ျပည္သူမ်ား၏ ေမးျမန္းခ်က္မ်ားကို ဦးေဆာင္သူ (၆) ဦးက ေဆြးေႏြး ရွင္းလင္းခဲ့ၾကေၾကာင္း သိရွိရသည္။

ဦးေဆာင္ေဆြးေႏြးသူမ်ားမွာ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဝမ္းလိႈင္းခမ္း၊ မူးယစ္တပ္ဖြဲ႔စု(၂၄)လားရႈိးမွ တပ္ဖြဲ႔စုမွဴး ရဲမွဴးရီထြန္းသန္း ေဒါက္တာေက်ာ္ထင္( သမားေတာ္)၊ လားရႈိးၿမိဳ႕နယ္ဥပေဒအရာရွိ ဦးေစာကဲဒို၊ လားရႈိးၿမိဳ႕နယ္ ျပည္လည္ထူေထာင္ေရးစခန္း တာ၀န္ခံ ဦးခိုင္ဝင္း  ႏွင့္ ျမန္မာႏိုင္ငံသတင္းစာဆရာမ်ား အသင္းမွ ေဒၚခင္သန္းႏြဲ႔တို႔ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေဒသအတြင္းရွိ မူးယစ္ေဆးဝါး ျပသနာမ်ားအတြက္ ေဒသခံျပည္သူလူထု အေနျဖင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ကဲ့သို႔ ဌာနမ်ားကို သတင္းေပးပို႔ျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္ပါက မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖါက္ကား ျခင္း ႏွင့္ မူးယစ္ေဆးသံုးစြဲသူမ်ားျပားမႈ အေျခအေနမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ ပိုမိုလြယ္ကူေစႏိုင္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၂၄)လားရႈိးမွ တပ္ဖြဲ႔စုမွဴး ရဲမွဴးရီထြန္းသန္း က ေဆြးေႏြး တင္ျပခဲ့သည္။

လားရိႈးၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္အျဖစ္ ၂၀၁၈ခုႏွစ္ ေမလ(၁၀)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က က်င္းပ ျပဳလုပ္ခဲ့သည့္ “ လူငယ္ႏွင့္ မူးယစ္ေဆးဝါး” ေခါင္းစဥ္ႏွင့္ ျပည္သူ႔စကားဝုိင္း က်င္းပသည့္ေနရာသုိ႔ လားရိႈးၿမိဳ႕မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာန တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ျပည္သူမ်ား အပါအဝင္ လူဦးေရ (၁၅၀) ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ကျင်းပခဲ့သည့် ပြည်သူ့စကားဝိုင်းတွင် တက်ရောက်လာသူများက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်း၊ မူးယစ်ဆေးဖြတ်လူနာများကို ကုသပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးခြင်းနှင့် မူးယစ်ဆေးစွဲသူများ၏ လူမှုဘဝတွင် ရင်ဆိုင်နေရသည့် အခက်အခဲများအား တင်ပြမေးမြန်းကြကြောင်း သိရသည်။

မူးယစ်ဆေးစွဲလူနာ အရက်စွဲနပြေီး အရက်ဖြတ်စဉ်တွင် ဖြစ်ပွားတတ်သည့် ထိန်းသိမ်းရခက်ခဲသော လူနာများ ရုတ်တရက် ဖောက်ပြန်မှုဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံသို့ (၂၄) နာရီ လာရောက် ပို့ဆောင်နိုင်ပြီး၎င်းလူနာများ၏ မိသားစုဝင်များ အနဖြေင့် ရှက်ရွံ့ခြင်း၊ ကြောက်လန့်ခြင်းတို့ မရှိစေဘဲ မိမိတို့ မိသားစုဝင် မိတ်ဆွေများကို ဆေးကုသမှုခံယူရန် လုပ်ဆောင်ပေးစေလိုကြောင်း သမားတော် ဒေါက်တာကျော်ထင်က ပြန်လည် ဆွေးနွေးရှင်းလင်းပြောပြခဲ့သည်။

မူးယစ်ဆေးဖြတ်လူနာများအတွက် လားရှိုးမြို့ရှိ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းတွင် ပြုလုပ်ပေး နေသည့် သင်တန်းများသို့ ပို့ဆောင်ပေးနိုင်ပြီး နိုင်ငံတော်၏ အစီအစဉ်ဖြင့်၎င်းလူနာများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့်အတွက် မူးယစ်ဆေးဖြတ် လူနာများကို ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ဆောင်ခြင်းဖြင့် မှန်ကန်စွာ ပြုပြင် ပေးနိုင်ကြောင်း ပြန်လည် ထူထောင်ရေးစခန်း (လားရှိုး)မှ စခန်းတာဝန်ခံ ဦးခိုင်ဝင်းက ပြန်လည်ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခမ်းမတွင် မေလ ၁၀ ရက်နေ့က “လူငယ်နှင့် မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့် ပထမဦးဆုံးအကြိမ် ပြည်သူ့စကားဝိုင်း ( Public Talk )အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့်ပြည်သူများ၏ မေးမြန်းချက်များကို ဦးဆောင်သူ (၆) ဦးက ဆွေးနွေး ရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။

ဦးဆောင်ဆွေးနွေးသူများမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း၊ မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်း ဒေါက်တာကျော်ထင်( သမားတော်)၊ လားရှိုးမြို့နယ်ဥပဒေအရာရှိ ဦးစောကဲဒို၊ လားရှိုးမြို့နယ် ပြည်လည်ထူထောင်ရေးစခန်း တာဝန်ခံ ဦးခိုင်ဝင်း နှင့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းမှ ဒေါ်ခင်သန်းနွဲ့တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေသအတွင်းရှိ မူးယစ်ဆေးဝါး ပြသနာများအတွက် ဒေသခံပြည်သူလူထု အနဖြေင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကဲ့သို့ ဌာနများကို သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား ခြင်း နှင့် မူးယစ်ဆေးသုံးစွဲသူများပြားမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူစေနိုင်ကြောင်း မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်း က ဆွေးနွေး တင်ပြခဲ့သည်။

လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ခုနှစ် မေလ(၁၀)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည့် “ လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်နှင့် ပြည်သူ့စကားဝိုင်း ကျင်းပသည့်နေရာသို့ လားရှိုးမြို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများ အပါအဝင် လူဦးရေ (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~