တာခ်ီလိတ္တြင္ ပထမဆံုးအေနျဖင့္ ျပည္သူ႔စကား၀ိုင္း က်င္းပရာ လူဦးေရ(၂၅၀)၀န္းက်င္ တက္ေရာက္

တာခ်ီလိတ္တြင္ ပထမဆံုးအေနျဖင့္ ျပည္သူ႔စကား၀ိုင္း က်င္းပရာ လူဦးေရ(၂၅၀)၀န္းက်င္ တက္ေရာက္
မေ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္မတြင္  တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ႀကီးမွဴးက်င္းပသည့္ "လူငယ္ႏွင့္အနာဂတ္"ေခါင္းစဥ္ျဖင့္ ျပည္သူ႔စကား၀ိုင္းအား ၂၀၁၈ခုႏွစ္ ေမလ(၄)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ဖိတ္ၾကားထားသူမ်ားႏွင့္ တက္ေရာက္ ေလ့လာသူမ်ားအျပင္ လူငယ္မ်ား စုစုေပါင္း (၂၅၀)၀န္းက်င္ တက္ေရာက္ေလ့လာ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ စကား၀ိုင္းတြင္  တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊမွ အဖြင့္အမွာစကား ေျပာၾကားၿပီးေနာက္  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ တာခ်ီလိတ္ခရိုင္ဥပေဒအရာရွိ ဦးသိန္းထြန္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္း နာယက ေဒါက္တာျမင့္ေအာင္ ႏွင့္ ဥကၠဌ ဦးထိန္မင္း၊ အထက(ေဟာင္လိတ္)ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚစန္းစန္းေအးတို႔က ဦးေဆာင္ ေဆြးေႏြးခဲ့ၾကသည္။

"ယခုလုိ ျပည္သူ႔ စကား၀ိုင္း ေဆြးေႏြးပဲြမ်ားကုိ ျပည္သူလူထုရဲ႕ စဥ္းစားေတြးေခၚမႈ ျမင့္မားလာေစဖုိ႔၊ အစုအဖဲြ႕အတြင္း ပါ၀င္ေဆြးေႏြးတတ္တဲ့ အေလ့အထေကာင္းမ်ား ေလ့က်င့္ေပးဖုိ႔ စတဲ့ ေကာင္းမြန္တဲ့ ရည္ရြယ္ခ်က္မ်ားနဲ႔ က်င္းပျပဳလုပ္ေပးျခင္း ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌးက ေျပာသည္။

 တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ တာခ်ီလိတ္တြင္ ပထမဆံုးအေနျဖင့္ ယခု ပြဲအား က်င္းပျခင္းျဖစ္ၿပီး ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားတြင္လည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်မတွင် တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ၂၀၁၈ခုနှစ် မေလ(၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသူများနှင့် တက်ရောက် လေ့လာသူများအပြင် လူငယ်များ စုစုပေါင်း (၂၅၀)ဝန်းကျင် တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင် နှင့် ဥက္ကဌ ဦးထိန်မင်း၊ အထက(ဟောင်လိတ်)ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

"ယခုလို ပြည်သူ့ စကားဝိုင်း ဆွေးနွေးပွဲများကို ပြည်သူလူထုရဲ့ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေဖို့၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်တဲ့ အလေ့အထကောင်းများ လေ့ကျင့်ပေးဖို့ စတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

 တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာချီလိတ်တွင် ပထမဆုံးအနဖြေင့် ယခု ပွဲအား ကျင်းပခြင်းဖြစ်ပြီး ဆက်လက်၍ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~