တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဆရာေတာ္၏ သက္ေတာ္(၄၈)ႏွစ္ျပည့္ ၀ိဇာတပူဇာေမြးေန႔ ႏွင့္အတူ "မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႔ ထပ္ဆင့္ ဂုဏ္ျပဳပူေဇာ္ပြဲ ေမလ(၁၁)ရက္ေန႔တြင္ စတင္မည္

တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဆရာေတာ္၏ သက္ေတာ္(၄၈)ႏွစ္ျပည့္ ၀ိဇာတပူဇာေမြးေန႔ ႏွင့္အတူ "မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႔ ထပ္ဆင့္ ဂုဏ္ျပဳပူေဇာ္ပြဲ ေမလ(၁၁)ရက္ေန႔တြင္ စတင္မည္
မေ 7, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုသြားလမ္းရွိ ပံုလို႔ေတာရေက်ာင္းတြင္ ပံုလို႔ဆရာေတာ္အား ႏိုင္ငံေတာ္မွ ဆက္ကပ္ လွဴဒါန္းထားသည့္ "မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႔တံဆိပ္ေတာ္ ထပ္ဆင့္ ဂုဏ္ျပဳပြဲ ႏွင့္ သက္ေတာ္ (၄၈)ႏွစ္ျပည့္ ၀ိဇာတပူဇာေမြးေန႔ အလွဴအား ေမလ(၁၁)ရက္ေန႔မွ ေမလ(၁၄)ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ပံုလို႔ေတာရေက်ာင္းတိုက္၏  ဦးစီးပဓာန နာယကဆရာေတာ္ အဘိ၀ိေသသလဇၨိေပသလ သာသနာလကၤာရ၊ မဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာစာရ အဂၢဓမၼအား ႏိုင္ငံေတာ္မွ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္ေန႔က " မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႔တံဆိပ္ေတာ္အား ဆက္ကပ္လွဴဒါန္းထားရွိရာ ထပ္ဆင့္ ပူေဇာ္ဂုဏ္ျပဳပြဲအား အဆိုပါ ေက်ာင္းတိုက္တြင္ (၄)ရက္တိတိ ျပဳလုပ္မည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုသြားလမ္းရွိ ပံုလို႔ေတာရေက်ာင္းတိုက္တြင္ ၂၀၁၈ခုႏွစ္ ေမလ(၁၁)ရက္ေန႔မွ (၁၂)ရက္ေန႔ အထိတြင္ သဲပံုေစတီ လွဴဒါန္းျခင္းအျဖစ္ က်င္းပၿပီး၊ ေမလ(၁၃)ရက္ေန႔တြင္ ပံုလို႔ ေစတီေတာ္အား ပရိတ္တရားေတာ္ျဖင့္ ပူေဇာ္ျခင္း ႏွင့္ ဗုဒၶဘိေသသ ေရသပၸါယ္ျခင္းကို ျပဳလုပ္မည္ ျဖစ္သည္။

ေမလ(၁၄)ရက္ေန႔တြင္ "မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႔တံဆိပ္ေတာ္ရ ပံုလို႔ဆရာေတာ္အား ဂုဏ္ျပဳ ပူေဇာ္ျခင္းႏွင့္အတူ သက္ေတာ္(၄၈)ႏွစ္ျပည့္ ၀ိဇာတပူဇာ ေမြးေန႔အျဖစ္ လွဴဒါန္းျခင္း၊ ေရစက္ခ်ျခင္းမ်ားျဖင့္ က်င္းပ ျပဳလုပ္မည္ျဖစ္သည့္ အတြက္ ပြဲေတာ္ကာလအတြင္း ရပ္နီးရပ္ေ၀းမွ တပည့္ ဒါယကာ ဒါယိကာမ်ားျဖင့္ လာေရာက္ႏိုင္ေၾကာင္း ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ထံက သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ လွယ်စတုံသွားလမ်းရှိ ပုံလို့တောရကျောင်းတွင် ပုံလို့ဆရာတော်အား နိုင်ငံတော်မှ ဆက်ကပ် လှူဒါန်းထားသည့် "မဟာသဒ္ဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော် ထပ်ဆင့် ဂုဏ်ပြုပွဲ နှင့် သက်တော် (၄၈)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့ အလှူအား မေလ(၁၁)ရက်နေ့မှ မေလ(၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မအား နိုင်ငံတော်မှ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က " မဟာသဒ္ဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းထားရှိရာ ထပ်ဆင့် ပူဇော်ဂုဏ်ပြုပွဲအား အဆိုပါ ကျောင်းတိုက်တွင် (၄)ရက်တိတိ ပြုလုပ်မည်ဖြစ်သည်။

တာချီလိတ်မြို့ လွယ်စတုံသွားလမ်းရှိ ပုံလို့တောရကျောင်းတိုက်တွင် ၂၀၁၈ခုနှစ် မေလ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့ အထိတွင် သဲပုံစေတီ လှူဒါန်းခြင်းအဖြစ် ကျင်းပပြီး၊ မေလ(၁၃)ရက်နေ့တွင် ပုံလို့ စေတီတော်အား ပရိတ်တရားတော်ဖြင့် ပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေသ ရေသပ္ပါယ်ခြင်းကို ပြုလုပ်မည် ဖြစ်သည်။

မေလ(၁၄)ရက်နေ့တွင် "မဟာသဒ္ဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ပုံလို့ဆရာတော်အား ဂုဏ်ပြု ပူဇော်ခြင်းနှင့်အတူ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့အဖြစ် လှူဒါန်းခြင်း၊ ရေစက်ချခြင်းများဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်သည့် အတွက် ပွဲတော်ကာလအတွင်း ရပ်နီးရပေ်ဝးမှ တပည့် ဒါယကာ ဒါယိကာများဖြင့် လာရောက်နိုင်ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံက သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~