တာလေမြို့ရှိ လားဟူတိုင်းရင်းသားများ နေထိုင်ရာကျေးရွာများတွင် စိုက်ပျိုးရေးအသိပညာကို လားဟူဘာသာစကားဖြင့် အသိပညာပေးဖြန့်ဝေ

တာလေမြို့ရှိ လားဟူတိုင်းရင်းသားများ နေထိုင်ရာကျေးရွာများတွင် စိုက်ပျိုးရေးအသိပညာကို လားဟူဘာသာစကားဖြင့် အသိပညာပေးဖြန့်ဝေ
မေ 20, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ လားဟူ တိုင်းရင်းသားများ နေထိုင်ရာ ဝမ်ကောင်းရွာမှ တောင်သူများနှင့် လူငယ်များအား ဆန်စပါး အခြေပြု တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာများကို လားဟူဘာသာစကားဖြင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက အသိပညာပေး ဟောပြောကြောင်း သိရသည်။


စပါးစိုက်ပျိုး တောင်သူများအတွက် အကျိုးအမြတ်ရရှိစေရေး တစ်ဧက အထွက်နှုန်းမြင့်မားစေရေးနှင့် ကုန်ကျစရိတ် လျှော့ချနိုင်ရေးအပြင် ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးရေး၊ ဆန်စပါးအခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ဈေးကွက်တင်ပို့နိုင်စေရေး တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက လားဟူတိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းဟောပြောကြောင်း သိရသည်။


ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်သင့်လျော်မည့် စိုက်ပျိုးနည်းစနစ်များဖြန့်ဝေခြင်းနှင့် တောင်သူဝင်ငွေတိုးရေးအကြံပြုခြင်းများအား သက်ဆိုင်ရာဒေသဘာသာစကားအသီးသီးဖြင့် အသိပညာပေးဟောပြောမှုများ လိုက်လံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ လားဟူ တိုင်းရင်းသားများ နေထိုင်ရာ ဝမ်ကောင်းရွာမှ တောင်သူများနှင့် လူငယ်များအား ဆန်စပါး အခြပြေု တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာများကို လားဟူဘာသာစကားဖြင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက အသိပညာပေး ဟောပြောကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအား ၂၀၁၈ ခုနှစ် မေလ (၁၈)ရက်နေ့က ကျင်းပရာ ဒေသခံတောင်သူနှင့် လူငယ် စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စပါးစိုက်ပျိုး တောင်သူများအတွက် အကျိုးအမြတ်ရရှိစေရေး တစ်ဧက အထွက်နှုန်းမြင့်မားစေရေးနှင့် ကုန်ကျစရိတ် လျှော့ချနိုင်ရေးအပြင် ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးရေး၊ ဆန်စပါးအခြပြေု တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ဈေးကွက်တင်ပို့နိုင်စေရေး တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက လားဟူတိုင်းရငး်သားဘာသာစကားဖြင့် ရှင်းလင်းဟောပြောကြောင်း သိရသည်။

ယင်းအပြင် လားဟူဘာသာဖြင့် ရေးသားထားသည့် ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးပြီး အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်သင့်လျော်မည့် စိုက်ပျိုးနည်းစနစ်များဖြန့်ဝခြေင်းနှင့် တောင်သူဝင်ငွေတိုးရေးအကြံပြုခြင်းများအား သက်ဆိုင်ရာဒေသဘာသာစကားအသီးသီးဖြင့် အသိပညာပေးဟောပြောမှုများ လိုက်လံဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~