နမ့္ခမ္းတြင္ မူးယစ္ေဆးသတင္းအရဝင္ရွာသည့္ေနအိမ္မွ စိတ္ၾကြေဆးျပား၊ ဘိန္းျဖဴႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းမိ

နမ့္ခမ္းတြင္ မူးယစ္ေဆးသတင္းအရဝင္ရွာသည့္ေနအိမ္မွ စိတ္ၾကြေဆးျပား၊ ဘိန္းျဖဴႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းမိ
မေ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္ မူးယစ္ေဆးသတင္းအရ ေနအိမ္အတြင္း ဝင္ေရာက္ရွာေဖြရာမွ စိတ္ၾကြရူးသြပ္ေဆးျပား၊ ဘိန္းျဖဴႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

နမ့္ခမ္းၿမိဳ႕၊ ေအာင္ေမတၱာရပ္ကြက္မွ မေလာဖိန္း၏ ေနအိမ္အား ၂၀၁၈ခုႏွစ္ ေမလ (၁၁) ရက္ေန႔ နံနက္ (၉)နာရီ အခ်ိန္တြင္ မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ ရွာေဖြရာ အိပ္ခန္းကုတင္ေအာက္ရွိ စကၠဴဂ်ပ္ဖာအတြင္းမွ ပလတ္စတစ္ ကပ္ခြာ အိတ္မ်ားျဖင့္ ထည့္လ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၄၀၀) ျပား၊ ပီနံအိတ္အတြင္းမွ ေရာင္စုံဆပ္ျပာခြက္( ၅ )ခြက္ ျဖင့္ထည့္လ်က္ ဘိန္းျဖဴအေလးခ်ိန္ သုည ဒသမ (၀၆) ကီလိုႏွင့္ မိုင္းကိုင္စကၠဴျဖင့္ထုပ္လ်က္ ဘိန္းစိမ္း သုည (၀.၃၅)ကီလို တို႔ကို သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားဖမ္းဆီးရမိသည့္ေနအိမ္မွ ေလာဖိန္းအား  မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် မူးယစ်ဆေးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိထားကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်မှ မလောဖိန်း၏ နေအိမ်အား ၂၀၁၈ခုနှစ် မေလ (၁၁) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ အိပ်ခန်းကုတင်အောက်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ပလတ်စတစ် ကပ်ခွာ အိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား (၅၄၀၀) ပြား၊ ပီနံအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်( ၅ )ခွက် ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် သုည ဒသမ (ဝ၆) ကီလိုနှင့် မိုင်းကိုင်စက္ကူဖြင့်ထုပ်လျက် ဘိန်းစိမ်း သုည (ဝ.၃၅)ကီလို တို့ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများဖမ်းဆီးရမိသည့်နေအိမ်မှ လောဖိန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~