တာလေမြို့ နားဟိုင်းလုံကျေးရွာတွင် မိုးသည်းထန်၍ လမ်းပေါ်သဲဖုံးကာ နေအိမ် (၄)လုံး ရေဝင်နစ်မြုပ်

တာလေမြို့ နားဟိုင်းလုံကျေးရွာတွင် မိုးသည်းထန်၍ လမ်းပေါ်သဲဖုံးကာ နေအိမ် (၄)လုံး ရေဝင်နစ်မြုပ်
မေ 4, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(နောက်)ကျေးရွာအုပ်စု၊ နားဟိုင်းလုံ ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်မဲဟန်ချောင်းရေများပြီး မေလ (၄)ရက်နေ့တွင် ကျေးရွာချင်း ဆက်လမ်း သဲဖုံးကာ နေအိမ်အချို့ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေး ကူညီနေကြောင်း သိရသည်။



သဘာဝဘေးဖြစ်ပွားရာနေရာသို့ တာလေမြို့အုပ်ချုပ်ရေးမှူး၊ မိုင်းလင်းနယ်မြေစခန်းမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျကူနီအထူးလှုပ်ရှားဌာနေပြည်သူ့စစ်တို့က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ကူညီပေးနေကြောင်း သိရသည်။

ဓါတ်ပုံ - တာလေ ထွေ/အုပ်

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလမြေို့၊ မိုင်းလင်း(နောက်)ကျေးရွာအုပ်စု၊ နားဟိုင်းလုံ ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်မဲဟန်ချောင်းရေများပြီး မေလ (၄)ရက်နေ့တွင် ကျေးရွာချင်း ဆက်လမ်း သဲဖုံးကာ နေအိမ်အချို့ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေး ကူညီနေကြောင်း သိရသည်။

နားဟိုင်းလုံကျေးရွာတွင် ၂၀၁၈ ခုနှစ် မေလ (၄)ရက်နေ့ နံနက် (၂)နာရီဝန်းကျင်မှစ၍ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ခြင်းဖြစ်ပြီး နမ့်မဲဟန်ချောင်းရေများလာကာ နားဟိုင်းလုံ - ဝိန်းမနော်ကျေးရွာချင်းဆက်လမ်း၏ ပေ (၄၀၀)ခန့်မှာ သဲဖုံးသွားကာ နေအိမ် (၄)လုံးတွင် ရေဝင်၍ ပျက်စီးဆုံးရှုံးမှုအချို့ရှိကြောင်း သိရသည်။

ရေဝင်နစ်မြုပ်ခဲ့သည့် နေအိမ် (၄)လုံးတွင် အိမ်မွေးကြက်အကောင်ရေ (၁၇၅)ကောင်ခန့် သေဆုံးပြီး သစ်မွှေးပျိုးပင် (၂၀၀၀)နှင့် အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သဘာဝဘေးဖြစ်ပွားရာနေရာသို့ တာလမြေို့အုပ်ချုပ်ရေးမှူး၊ မိုင်းလင်းနယ်မြေစခန်းမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျကူနီအထူးလှုပ်ရှားဌာနပြေည်သူ့စစ်တို့က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ကူညီပေးနေကြောင်း သိရသည်။

ဓာတ်ပုံ - တာလေ ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~