လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ မန္ဆူဘုရားပရဝုဏ္ကို ေအာက္တိုဘာလအတြင္း သတ္မွတ္မည္

လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ မန္ဆူဘုရားပရဝုဏ္ကို ေအာက္တိုဘာလအတြင္း သတ္မွတ္မည္
မေ 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္  ဒုတိယေျမာက္ ေဆးလိပ္ေငြ႔ ကင္းစင္နယ္ေျမ အျဖစ္ သမုိင္းဝင္မန္ဆူဘုရားပရဝုဏ္ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္ သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လားရိႈးၿမိဳ႕အတြက္ ပထမဦးဆံုး ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ ၿမိဳ႕အဝင္ ရန္တိုင္းေအာင္ေစတီေတာ္ ပရဝုဏ္ကို သတ္မွတ္ထားၿပီးျဖစ္ပါတယ္။ လာမယ့္ သီတင္းကၽြတ္ကာလ(ေအာက္တိုဘာလ)အတြင္းမွာ သမိုင္းဝင္မန္ဆူဘုရားပရဝုဏ္အတြင္းမွာ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္သြားဖို႔ စီစဥ္ေန ပါတယ္” ဟု လားရိႈးၿမိဳ႕နယ္ ေဆးလိပ္ေငြ႔ကင္းစင္ေရးႀကီးၾကပ္မေကာ္မတီမွ ေကာ္မတီအတြင္းေရးမွဴး (ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး) ေဒါက္တာထြန္းလွျဖဴက ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ေန႔တြင္ လားရိႈးၿမိဳ႕ ခန္းမ၌ က်င္းပသည့္ ကမၻာ့ေဆးလိပ္မေသာက္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ေျပာသည္။

လားရိႈးၿမိဳ႕နယ္ အတြင္း ေဆးလိပ္ေငြ႔ကင္းစင္သည့္ ပတ္ဝန္းက်င္ မ်ားျပားလာေစေရး၊ ေဆးလိပ္ေၾကာင့္ အမ်ားျပည္သူ ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈကို ေလ်ွာ့ခ်ႏိုင္ေရး ရည္ရြယ္ခ်က္မ်ားျဖင့္ ရွမ္းျပည္နယ္ အစိုးရက ဦးေဆာင္ကာ လားရိႈးၿမိဳ႕နယ္ ေဆးလိပ္ေငြ႔ကင္းစင္ေရးေကာ္မတီဖြဲ႔စည္းကာ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕အဝင္ရွိ ရန္တိုင္းေအာင္ေစတီေတာ္နယ္နိမိတ္အတြင္း ေဆးလိပ္မေရာင္းခ်ရနယ္ေျမႏွင့္ ေဆးလိပ္ေငြ႔ လံုးဝကင္းစင္သည့္နယ္ေျမအျဖစ္ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၂၉) ရက္ေန႔တြင္ သတ္မွတ္ ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒုတိယမြောက် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ အဖြစ် သမိုင်းဝင်မန်ဆူဘုရားပရဝုဏ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လားရှိုးမြို့အတွက် ပထမဦးဆုံး ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် မြို့အဝင် ရန်တိုင်းအောင်စေတီတော် ပရဝုဏ်ကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။ လာမယ့် သီတင်းကျွတ်ကာလ(အောက်တိုဘာလ)အတွင်းမှာ သမိုင်းဝင်မန်ဆူဘုရားပရဝုဏ်အတွင်းမှာ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေ ပါတယ်” ဟု လားရှိုးမြို့နယ် ဆေးလိပ်ငွေ့ကင်းစင်ရေးကြီးကြပ်မကော်မတီမှ ကော်မတီအတွင်းရေးမှူး (မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး) ဒေါက်တာထွန်းလှဖြူက ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့တွင် လားရှိုးမြို့ ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောသည်။

လားရှိုးမြို့နယ် အတွင်း ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင် များပြားလာစေရေး၊ ဆေးလိပ်ကြောင့် အများပြည်သူ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရေး ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် အစိုးရက ဦးဆောင်ကာ လားရှိုးမြို့နယ် ဆေးလိပ်ငွေ့ကင်းစင်ရေးကော်မတီဖွဲ့စည်းကာ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်စေတီတော်နယ်နိမိတ်အတွင်း ဆေးလိပ်မရောင်းချရနယ်မြေနှင့် ဆေးလိပ်ငွေ့ လုံးဝကင်းစင်သည့်နယ်မြေအဖြစ် ၂၀၁၈ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် သတ်မှတ် ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~