Update News

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း ယခင္လုံၿခံဳေရးအရ စြန္႔လႊတ္ျခင္း မရိွေသးေသာ တပ္သိမ္းလယ္ယာေျမမ်ားအား ကြင္းဆင္းစစ္ေဆး


ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္၊ ၀မ္ေနာင္ေက်းရြာအုပ္စုအတြင္းရိွ ေတာင္သူမ်ား၏ တပ္သိမ္း လယ္ယာေျမမ်ားအား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ ဦးေဆာင္ေသာ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခဲြေရး ေကာ္မတီ၀င္မ်ားက ကြင္းဆင္းစစ္ေဆးေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ယခင္လုံၿခံဳေရးအရ တပ္မေတာ္က ျပန္လည္စြန္႔လႊတ္ျခင္း မရိွေသးေသာ လယ္ယာေျမ(၂၃)ဧကေက်ာ္အား မူလပိုင္ရွင္ေတာင္သူ(၁၄)ဦးမွ ျပန္လည္ရယူလိုေၾကာင္းတင္ျပခ်က္အရ ေမလ(၁)ရက္ေန႔က ကြင္းဆင္းစစ္ေဆးျခင္းျဖစ္သည္။

ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ျပီးေနာက္ အမႈတဲြမ်ား ဖြင့္လွစ္ေဆာင္ရြက္လ်က္ရိွၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္၊ နယ္ေျမခံတပ္၊ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အဖဲြ႔ႏွင့္ ေတာင္သူတို႔ ျပန္လည္ ေတြ႔ဆုံေဆြးေႏြး၍ အမႈတဲြမ်ားအား အထက္အဆင့္ဆင့္ တင္ျပေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မိုင္းဆတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္(မိုင္းဆတ္)





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ တပ်သိမ်း လယ်ယာမြေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် ဦးဆောင်သော မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်လုံခြုံရေးအရ တပ်မတော်က ပြန်လည်စွန့်လွှတ်ခြင်း မရှိသေးသော လယ်ယာမြေ(၂၃)ဧကကျော်အား မူလပိုင်ရှင်တောင်သူ(၁၄)ဦးမှ ပြန်လည်ရယူလိုကြောင်းတင်ပြချက်အရ မေလ(၁)ရက်နေ့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အမှုတွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်၊ နယ်မြေခံတပ်၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့နှင့် တောင်သူတို့ ပြန်လည် တွေ့ဆုံဆွေးနွေး၍ အမှုတွဲများအား အထက်အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်) 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::