ဆေးတက္ကသိုလ်(မကွေး)တွင် သင်ကြားမှုအထောက်အကူပြုရုပ်အလောင်း အလှူရှင်များ လိုအပ်နေ

ဆေးတက္ကသိုလ်(မကွေး)တွင် သင်ကြားမှုအထောက်အကူပြုရုပ်အလောင်း အလှူရှင်များ လိုအပ်နေ
မေ 10, 2018
By Tachileik News Agency


"ကျွန်မတို့ဆေးတက္ကသိုလ်မှာ သင်ကြားရေးအထောက်အကူပြု အလောင်းရှားပါးနေပြီး လှူထားတဲ့ ပုဂ္ဂိုလ်တွေ ရှိပေမဲ့ လက်ရှိမှာတော့ (၄)လောင်းပဲရှိနေပါတယ်။ ဆေးရုံမှာ သေဆုံးပြီး အလောင်းကို ပြန်သယ်ဖို့ အခက်အခဲရှိသူတွေ၊ ပိုင်ရှင်မဲ့အလောင်းတွေရှိတဲ့အခါမျိုးမှာ ရယူလိုပေမဲ့ အလှူရှင်ကိုယ် တိုင်ရဲ့ဆန္ဒနဲ့ လှူဒါန်းခဲ့မှသာ ရယူခွင့်ရှိတာကြောင့် အဲဒီလိုအလောင်းတွေကိုရယူဖို့မှာ အခက်အခဲတွေရှိ နေပါတယ်"ဟု မေလ(၉)ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယကြိမ်မြောက် ဝိဥာဉ်မဲ့မြတ်ဆရာများအား ရည်စူး၍ ကုသိုလ်ပြုအမျှဝေခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနား၌ ပါမောက္ခဌာနမှူး ဒေါက်တာ သစ္စာအေးမောင်သန်းက ပြောကြားသည်။

ယခင်က သင်ကြားမှုအထောက်အကူပြုအလောင်းများရရှိရန် ရန်ကုန်နှင့် မန္တလေးသို့ သွားရောက် သယ်ယူရကြောင်း သိရပြီး ယခုအခါတွင်မူ မကွေးတိုင်းဒေသကြီးနယ်နိမိတ်အတွင်းရှိ သက်မဲ့ခန္ဓာ ကိုယ်အလှူရှင်များ ပေါ်ထွက်နေပြီဖြစ်သော်လည်း လက်ရှိတွင်မူ (၄) လောင်းသာရှိနေသေးသဖြင့် သက်မဲ့ခန္ဓာကိုယ်အလှူရှင်များ လိုအပ်လျှက်ရှိနေသေးသည်ဟု သိရသည်။

"ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ ဝိဥာဉ်မဲ့ခန္ဓာကိုယ်တွေကို သက်ရှိဆရာများနဲ့ တစ်တန်းထဲသ ဘောထားရပါတယ်။ စကားမပြောနိုင်တဲ့ ဝိဥာဉ်မဲ့မြတ်ဆရာတွေဖြစ်တာကြောင့် လေးစားတန်ဖိုးထားစွာနဲ့ အလောင်းတွေကိုလည်း ဂါရဝတရားနဲ့ ကိုင်တွယ်ကြရပါတယ်"ဟု ဒုတိယနှစ် ဆေးကျောင်းသား တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ၂၀၁၈ ခုနှစ်အတွင်း လှူဒါန်းထားသည့် ဝိဥာဉ်မဲ့ ခန္ဓာကိုယ်အလှူရှင်(၄)ဦး၏ မိသားစုဝင်များအား ဂုဏ်ပြုလွှာများပေးအပ်ကာ လှူဒါန်းထားသည့် ရုပ်အလောင်းများအား (၁)မိနစ် ငြိမ်သက်၍ အရိုအသေပေးကြပြီး ကျောင်းသား၊ကျောင်းသူများက အဓိဌာန်ပြု သစ္စာရွတ်ဆိုကြ၍ ပင့်ဖိတ်ထားသည့်ဆရာ တော်ကြီးများက မေတ္တာပို့ အမျှအတန်းများပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးတက္ကသိုလ်(မကွေး)တွင် ဘွဲ့လွန်နှင့် ဒုတိယနှစ် ဆေးကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေး အထောက်အကူပြုရုပ်အလောင်းမှာ လက်ရှိတွင် (၄)လောင်းသာရှိသဖြင့် ခန္ဓာကိုယ်အလှူရှင်များ လိုအပ်လျှက်ရှိနေကြောင်း သိရသည်။

"ကျွန်မတို့ဆေးတက္ကသိုလ်မှာ သင်ကြားရေးအထောက်အကူပြု အလောင်းရှားပါးနပြေီး လှူထားတဲ့ ပုဂ္ဂိုလ်တွေ ရှိပေမဲ့ လက်ရှိမှာတော့ (၄)လောင်းပဲရှိနေပါတယ်။ ဆေးရုံမှာ သေဆုံးပြီး အလောင်းကို ပြန်သယ်ဖို့ အခက်အခဲရှိသူတွေ၊ ပိုင်ရှင်မဲ့အလောင်းတွေရှိတဲ့အခါမျိုးမှာ ရယူလိုပေမဲ့ အလှူရှင်ကိုယ် တိုင်ရဲ့ဆန္ဒနဲ့ လှူဒါန်းခဲ့မှသာ ရယူခွင့်ရှိတာကြောင့် အဲဒီလိုအလောင်းတွေကိုရယူဖို့မှာ အခက်အခဲတွေရှိ နေပါတယ်"ဟု မေလ(၉)ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယကြိမ်မြောက် ဝိဉါဉ်မဲ့မြတ်ဆရာများအား ရည်စူး၍ ကုသိုလ်ပြုအမျှဝခြေင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနား၌ ပါမောက္ခဌာနမှူး ဒေါက်တာ သစ္စာအေးမောင်သန်းက ပြောကြားသည်။

ယခင်က သင်ကြားမှုအထောက်အကူပြုအလောင်းများရရှိရန် ရန်ကုန်နှင့် မန္တလေးသို့ သွားရောက် သယ်ယူရကြောင်း သိရပြီး ယခုအခါတွင်မူ မကွေးတိုင်းဒေသကြီးနယ်နိမိတ်အတွင်းရှိ သက်မဲ့ခန္ဓာ ကိုယ်အလှူရှင်များ ပေါ်ထွက်နပြေီဖြစ်သော်လည်း လက်ရှိတွင်မူ (၄) လောင်းသာရှိနေသေးသဖြင့် သက်မဲ့ခန္ဓာကိုယ်အလှူရှင်များ လိုအပ်လျှက်ရှိနေသေးသည်ဟု သိရသည်။

"ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ ဝိဉါဉ်မဲ့ခန္ဓာကိုယ်တွေကို သက်ရှိဆရာများနဲ့ တစ်တန်းထဲသ ဘောထားရပါတယ်။ စကားမပြောနိုင်တဲ့ ဝိဉါဉ်မဲ့မြတ်ဆရာတွဖြေစ်တာကြောင့် လေးစားတန်ဖိုးထားစွာနဲ့ အလောင်းတွေကိုလည်း ဂါရဝတရားနဲ့ ကိုင်တွယ်ကြရပါတယ်"ဟု ဒုတိယနှစ် ဆေးကျောင်းသား တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ၂၀၁၈ ခုနှစ်အတွင်း လှူဒါန်းထားသည့် ဝိဉါဉ်မဲ့ ခန္ဓာကိုယ်အလှူရှင်(၄)ဦး၏ မိသားစုဝင်များအား ဂုဏ်ပြုလွှာများပေးအပ်ကာ လှူဒါန်းထားသည့် ရုပ်အလောင်းများအား (၁)မိနစ် ငြိမ်သက်၍ အရိုအသေပေးကြပြီး ကျောင်းသား၊ကျောင်းသူများက အဓိဌာန်ပြု သစ္စာရွတ်ဆိုကြ၍ ပင့်ဖိတ်ထားသည့်ဆရာ တော်ကြီးများက မေတ္တာပို့ အမျှအတန်းများပေးဝေခဲ့ကြောင်း သိရသည်။

မိမိ၏ခန္ဓာကိုယ်များအား ကြိုတင်၍လှူဒါန်းလိုပါက အသေးစိတ်သိရှိနိုင်ရန်အတွက် ဒေါက်တာသစ္စာ အေးမောင်သန်း ဖုန်း ဝ၉ ၅၀၃၉၀၂၇၊ ဒေါက်တာဥမ္မာလှိုင် ဖုန်း ဝ၉ ၅၃၄၁၆၆၉၊ ဒေါက်တာသီရိနွယ် ဖုန်းဝ၉၅၃၄၃၀၃၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~