တာခ်ီလိတ္မွ ထုိင္းႏုိင္ငံသို႔သြားေရာက္သူမ်ားကို ထိုင္းလဝကက တံတားေပၚတြင္ သတ္မွတ္ခ်ိန္ မဟုတ္ဘဲ ေငြေၾကးေကာက္ခံမႈ ရိွေနဆဲ

တာခ်ီလိတ္မွ ထုိင္းႏုိင္ငံသို႔သြားေရာက္သူမ်ားကို ထိုင္းလဝကက တံတားေပၚတြင္ သတ္မွတ္ခ်ိန္ မဟုတ္ဘဲ ေငြေၾကးေကာက္ခံမႈ ရိွေနဆဲ
မေ 5, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ထုိင္းႏုိင္ငံတြင္း လာေရာက္သူမ်ားအား ရံုးခ်ိန္ျပင္ပတြင္သာ သတ္မွတ္ ႏႈန္းထားအတိုင္း ေငြေၾကးေကာက္ခံရန္ ထုိင္းလူဝင္မႈႀကီးၾကပ္ေရးက ၂၀၁၇ ခုႏွစ္ ဇူလိုင္လ ကတည္းက ညႊန္ၾကားထားေသာ္လည္း တာခ်ီလိတ္နယ္စပ္မွ ျဖတ္သန္းသြားသူမ်ားအား သတ္မွတ္ခ်ိန္ မဟုတ္ဘဲ ေငြေၾကးေကာက္ခံမႈအခ်ိဳ႕ ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

“တခ်ိဳ႕လူေတြကေတာ့ မသိၾကဘူး။ ေပးေနၾကတုန္းပဲ။ ကၽြန္ေတာ္တို႔ကေတာ့ လက္လွမ္းမီသေလာက္ သူငယ္ခ်င္းေတြကို ေျပာျပပါတယ္။ တခ်ိဳ႕ကေတာ့ မသိလုိ႔ေပးၾကတယ္။ ေပးရင္လည္း သူတို႔ ယူထား လုိက္တာပဲ။ သူတို႔က ဒီမွာ ယိုးဒယားနဲ႔ အဂၤလိပ္လိုစာေတာ့ ကပ္ထားတယ္”ဟု မယ္ဆိုင္ - တာခ်ီလိတ္ သံုးဘီးဆိုင္ကယ္ေျပးဆြဲေနသည့္ ကိုဟိန္းဇာနည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာန အေနျဖင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)မွ ျဖတ္သန္းသည့္ ျမန္မာႏုိင္ငံသားမ်ားကို ထိုင္းစံေတာ္ခ်ိန္ နံနက္ (၆)နာရီခြဲမွ (၈)နာရီခြဲအတြင္း (ျမန္မာစံေတာ္ခ်ိန္ နံနက္ (၆)နာရီမွ နံနက္(၈)နာရီအတြင္း)၊ ထိုင္းစံေတာ္ခ်ိန္ ေန႔လယ္ (၁၂)နာရီမွ (၁)နာရီအတြင္း (ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၁၁)နာရီခြဲမွ ေန႔လယ္ (၁၂)နာရီခြဲအတြင္း)၊ ထိုင္းစံေတာ္ခ်ိန္ ညေန (၄)နာရီခြဲမွ ည (၉)နာရီအတြင္း (ျမန္မာစံေတာ္ခ်ိန္ ညေန (၃)နာရီခြဲမွ ည (၈)နာရီခြဲအတြင္း)ႏွင့္ စေန၊ တနဂၤေႏြ ရံုးပိတ္ရက္မ်ားတြင္သာ ျဖတ္သန္းဝင္ေရာက္ခ ေကာက္ခံရမည္ျဖစ္သည္။

ထုိင္းလူဝင္မႈႀကီးၾကပ္ေရးဌာနက ေကာက္ခံရန္ သတ္မွတ္ႏႈန္းထားမ်ားမွာ လူတစ္ဦးလွ်င္ (၅)ဘတ္၊ ဆိုိင္ကယ္ (၁၀)ဘတ္၊ ကား (၂၅)ဘတ္ႏႈန္း ေပးေဆာင္ရမည္ဟု ထုတ္ျပန္ထားျခင္းျဖစ္ေသာ္လည္း  တာခ်ီလိတ္ၿမိဳ႕မွ တစ္ဆင့္ ထုိင္းႏုိင္ငံဘက္သြားေရာက္သည့္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ လူတစ္ဦးလွ်င္ (၁၀)ဘတ္မွ ဘတ္(၂၀)၊ ဆိုင္ကယ္တစ္စီးလွ်င္  အဝင္ ဘတ္(၂၀)၊ အထြက္ (၂၀)ဘတ္ႏွင့္ ကားတစ္စီးလွ်င္ အဝင္ (၃၅)ဘတ္ႏွင့္ အျပန္ (၂၅)ဘတ္ေပးေဆာင္ရဆဲျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တာခ်ီလိတ္ရိွ ထုိင္း - ျမန္မာခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ ျမန္မာႏုိင္ငံသားဦးေရ (၄၀၀၀)မွ (၄၅၀၀)ဝန္းက်င္သည္ ေန႔စဥ္ ထုိင္းႏုိင္ငံဘက္သို႔ ျဖတ္သန္းသြားလာေနေၾကာင္း တာခ်ီလိတ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဌာန၏ စာရင္းမ်ားအရသိရၿပီး တာခ်ီလိတ္ - မယ္ဆိုင္ေျပးဆြဲေနသည့္ သံုးဘီးအစီးေရမွာ ခန္႔မွန္းေျခ အနည္းဆံုး အစီးေရ (၅၀)ေက်ာ္ႏွင့္ ကားအစီးေရမ်ားစြာရိွေနေၾကာင္း သံုးဘီးယာဥ္ ေျပးဆြဲေနသူမ်ားထံမွ သိရသည္။

အဆိုပါ တံတားမွ ျမန္မာႏုိင္ငံသို႔ ျဖတ္သန္းဝင္ေရာက္လာသည့္ ထုိင္းနိုင္ငံသားမ်ားကို ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနက လူတစ္ဦးလွ်င္ (၁၀)ဘတ္ႏႈန္းျဖင့္ အဝင္တြင္သာ ေကာက္ခံေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံလူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ နယ္စပ္ဂိတ္မ်ားတြင္ ရံုးခ်ိန္အတြင္း ေငြေၾကး ေကာက္ခံျခင္း မျပဳလုပ္ရန္ႏွင့္ ရံုးခ်ိန္ျပင္ပတြင္ လူတစ္ဦးလွ်င္ (၅)ဘတ္ႏွင့္ ကားတစ္စီးလွ်င္ (၂၅)ဘတ္ႏႈန္း ေကာက္ခံရန္ သတ္မွတ္ေပးထားၿပီး အဆိုပါ သတ္မွတ္ခ်က္ကို မလုိက္နာသည့္ ထိုင္း - မေလးရွားနယ္စပ္ဂိတ္မွ ထုိင္းႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနဝန္ထမ္းမ်ားကို ၂၀၁၇ ခုႏွစ္ ဇူလိုင္လ (၁၂)ရက္ေန႔တြင္ တာဝန္ရိွသူမ်ားက စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံတွင်း လာရောက်သူများအား ရုံးချိန်ပြင်ပတွင်သာ သတ်မှတ် နှုန်းထားအတိုင်း ငွေကြေးကောက်ခံရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးက ၂၀၁၇ ခုနှစ် ဇူလိုင်လ ကတည်းက ညွှန်ကြားထားသော်လည်း တာချီလိတ်နယ်စပ်မှ ဖြတ်သန်းသွားသူများအား သတ်မှတ်ချိန် မဟုတ်ဘဲ ငွေကြေးကောက်ခံမှုအချို့ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“တချို့လူတွေကတော့ မသိကြဘူး။ ပေးနကြေတုန်းပဲ။ ကျွန်တော်တို့ကတော့ လက်လှမ်းမီသလောက် သူငယ်ချင်းတွေကို ပြောပြပါတယ်။ တချို့ကတော့ မသိလို့ပေးကြတယ်။ ပေးရင်လည်း သူတို့ ယူထား လိုက်တာပဲ။ သူတို့က ဒီမှာ ယိုးဒယားနဲ့ အင်္ဂလိပ်လိုစာတော့ ကပ်ထားတယ်”ဟု မယ်ဆိုင် - တာချီလိတ် သုံးဘီးဆိုင်ကယ်ပြေးဆွဲနေသည့် ကိုဟိန်းဇာနည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန အနဖြေင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)မှ ဖြတ်သန်းသည့် မြန်မာနိုင်ငံသားများကို ထိုင်းစံတော်ချိန် နံနက် (၆)နာရီခွဲမှ (၈)နာရီခွဲအတွင်း (မြန်မာစံတော်ချိန် နံနက် (၆)နာရီမှ နံနက်(၈)နာရီအတွင်း)၊ ထိုင်းစံတော်ချိန် နေ့လယ် (၁၂)နာရီမှ (၁)နာရီအတွင်း (မြန်မာစံတော်ချိန် နေ့လယ် (၁၁)နာရီခွဲမှ နေ့လယ် (၁၂)နာရီခွဲအတွင်း)၊ ထိုင်းစံတော်ချိန် ညနေ (၄)နာရီခွဲမှ ည (၉)နာရီအတွင်း (မြန်မာစံတော်ချိန် ညနေ (၃)နာရီခွဲမှ ည (၈)နာရီခွဲအတွင်း)နှင့် စနေ၊ တနင်္ဂေနွ ရုံးပိတ်ရက်များတွင်သာ ဖြတ်သန်းဝင်ရောက်ခ ကောက်ခံရမည်ဖြစ်သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကောက်ခံရန် သတ်မှတ်နှုန်းထားများမှာ လူတစ်ဦးလျှင် (၅)ဘတ်၊ ဆိုင်ကယ် (၁၀)ဘတ်၊ ကား (၂၅)ဘတ်နှုန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း တာချီလိတ်မြို့မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သွားရောက်သည့် မြန်မာနိုင်ငံသားများအနဖြေင့် လူတစ်ဦးလျှင် (၁၀)ဘတ်မှ ဘတ်(၂၀)၊ ဆိုင်ကယ်တစ်စီးလျှင် အဝင် ဘတ်(၂၀)၊ အထွက် (၂၀)ဘတ်နှင့် ကားတစ်စီးလျှင် အဝင် (၃၅)ဘတ်နှင့် အပြန် (၂၅)ဘတ်ပေးဆောင်ရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်ရှိ ထိုင်း - မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)မှ မြန်မာနိုင်ငံသားဦးရေ (၄၀၀၀)မှ (၄၅၀၀)ဝန်းကျင်သည် နေ့စဉ် ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းသွားလာနေကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းများအရသိရပြီး တာချီလိတ် - မယ်ဆိုင်ပြေးဆွဲနေသည့် သုံးဘီးအစီးရေမှာ ခန့်မှန်းခြေ အနည်းဆုံး အစီးရေ (၅၀)ကျော်နှင့် ကားအစီးရေများစွာရှိနေကြောင်း သုံးဘီးယာဉ် ပြေးဆွဲနေသူများထံမှ သိရသည်။

အဆိုပါ တံတားမှ မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက လူတစ်ဦးလျှင် (၁၀)ဘတ်နှုန်းဖြင့် အဝင်တွင်သာ ကောက်ခံကြောင်း သိရသည်။

ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နယ်စပ်ဂိတ်များတွင် ရုံးချိန်အတွင်း ငွေကြေး ကောက်ခံခြင်း မပြုလုပ်ရန်နှင့် ရုံးချိန်ပြင်ပတွင် လူတစ်ဦးလျှင် (၅)ဘတ်နှင့် ကားတစ်စီးလျှင် (၂၅)ဘတ်နှုန်း ကောက်ခံရန် သတ်မှတ်ပေးထားပြီး အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာသည့် ထိုင်း - မလေးရှားနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် တာဝန်ရှိသူများက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~