ထိုင္းႏုိင္ငံတြင္ လုပ္အားခ မရဘဲ အခက္အခဲႀကံဳလာသည့္ ကယားျပည္နယ္မွ (၇)ဦးအား ေနရပ္ျပန္ႏိုင္ရန္ စီစဥ္ေပး

ထိုင္းႏုိင္ငံတြင္ လုပ္အားခ မရဘဲ အခက္အခဲႀကံဳလာသည့္ ကယားျပည္နယ္မွ (၇)ဦးအား ေနရပ္ျပန္ႏိုင္ရန္ စီစဥ္ေပး
မေ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းႏုိင္ငံမွ ၂၀၁၈ ခုႏွစ္ ေမလ (၁၆)ရက္ေန႔က လႊဲေျပာင္း ေပးလာသည့္ ကယားျပည္နယ္မွ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔အား တာခ်ီလိတ္ၿမိဳ႕ရိွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္းက ေနရပ္ျပန္ႏိုင္ရန္ အတြက္ ပံ့ပိုး ကူညီေပးထားေၾကာင္း သိရသည္။

“ကယားျပည္နယ္ကေန သူတုိ႔ကို ပြဲစားက ထုိင္းမွာ စေတာ္ဘယ္ရီၿခံမွာ အလုပ္ လုပ္ရမယ္။ တစ္လ (၁၀)သိန္းေလာက္ ရမယ္ဆိုၿပီး ေခၚသြားတာ။ ဟိုေရာက္ေတာ့ စေတာ္ဘယ္ရီၿခံမွာ (၁၁)လေလာက္ အလုပ္ လုပ္လုိက္ရတယ္။ ၿခံရွင္က ပိုက္ဆံ မေပးဘူး။ ဒါနဲ႔သူတုိ႔က Focus Foundation ဆိုတဲ့ အဖြဲ႕အကူ အညီနဲ႔ ဆက္သြယ္ၿပီး ထြက္ေျပးၾကတာ။ အဲဒီအဖြဲ႕ကေန ခ်င္းမုိင္က မမီးမီးဆီကို ကားအကူအညီ ေတာင္းတာ။ မမီးမီး အကူအညီနဲ႔ ထုိင္းရဲက သိသြားေတာ့ ဟိုအလုပ္ရွင္ကို စစ္ေရာ။ လုပ္ခလစာ မေပးတာနဲ႔ အလုပ္ရွင္ အမႈဖြင့္ေတာ့ အလုပ္သမားေတြက ႏွစ္လေလာက္ အမႈအတြက္ စစ္ေတာ့ ေနေပးရတာေပါ့။ အခု အလုပ္ရွင္ကေတာ့ အာမခံနဲ႔ အမႈရင္ဆုိင္ေနတယ္။ ဟိုဘက္ကေန ဒီကေလးေတြကိုေတာ့ ေဖါင္ေဒးရွင္းကေန တစ္ေယာက္ ႏွစ္ေထာင္ဆီေတာ့ ေပးလုိက္တယ္။ သူတို႔ေတြက လိြဳင္ေကာ္နဲ႔ ဖယ္ခံုကဆုိေတာ့ ျပန္ႏုိင္ေအာင္  မဇၥ်ိမလူမႈကူညီေရး အသင္းအေနနဲ႔ နာယက ဦးေဌး၀င္းက ကားခ က်ပ္ႏွစ္သိန္း ကူညီေပးတာပါ။ ဒို႔ညီေနာင္ ယာဥ္လိုင္းကလည္း ျပန္ကူညီတဲ့အေနနဲ႔ (၂)သိန္းနဲ႔ပဲ ပို႔ခယူပါတယ္၊ ဒီညေတာ့ သူတို႔ တည္းခိုေနထိုင္စားေသာက္ဖို႔ ကူညီေပးထားပါတယ္”ဟု CNCMC ေကာ္မတီ၀င္၊ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ (၇)ဦးအား တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရွိ  ေ၀ဠဳ၀န္ေက်ာင္းတိုက္တြင္ ထားရွိၿပီး ေမလ(၁၇)ရက္ေန႔တြင္ ေရႊေတာင္ရိုး ယာဥ္လိုင္းမွ လာေရာက္ေခၚေဆာင္ကာ ကယာျပည္နယ္ လြိဳင္ေကာ္ ႏွင့္ ဖယ္ခံုတို႔ရွိ ေနအိမ္မ်ား အေရာက္ ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမလ(၁၆)ရက္ေန႔တြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ လာေရာက္ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသား မ်ားအား လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထုိင္းနုိင္ငံအတြင္း တရားမဝင္ေနထိုင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံက တာခ်ီလိတ္ဘက္သုိ႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ေမလ(၁၆)ရက္ေန႔အထိ စုစုေပါင္း အမ်ဳိးသား (၁၉၆)ဦး၊ အမ်ိဳးသမီး (၈၈)ဦးႏွင့္ ကေလး (၁၁)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ၿမိဳ႕နယ္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ ၂၀၁၈ ခုနှစ် မေလ (၁၆)ရက်နေ့က လွှဲပြောင်း ပေးလာသည့် ကယားပြည်နယ်မှ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦးတို့အား တာချီလိတ်မြို့ရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက နေရပ်ပြန်နိုင်ရန် အတွက် ပံ့ပိုး ကူညီပေးထားကြောင်း သိရသည်။

“ကယားပြည်နယ်ကနေ သူတို့ကို ပွဲစားက ထိုင်းမှာ စတော်ဘယ်ရီခြံမှာ အလုပ် လုပ်ရမယ်။ တစ်လ (၁၀)သိန်းလောက် ရမယ်ဆိုပြီး ခေါ်သွားတာ။ ဟိုရောက်တော့ စတော်ဘယ်ရီခြံမှာ (၁၁)လလောက် အလုပ် လုပ်လိုက်ရတယ်။ ခြံရှင်က ပိုက်ဆံ မပေးဘူး။ ဒါနဲ့သူတို့က Focus Foundation ဆိုတဲ့ အဖွဲ့အကူ အညီနဲ့ ဆက်သွယ်ပြီး ထွက်ပြေးကြတာ။ အဲဒီအဖွဲ့ကနေ ချင်းမိုင်က မမီးမီးဆီကို ကားအကူအညီ တောင်းတာ။ မမီးမီး အကူအညီနဲ့ ထိုင်းရဲက သိသွားတော့ ဟိုအလုပ်ရှင်ကို စစ်ရော။ လုပ်ခလစာ မပေးတာနဲ့ အလုပ်ရှင် အမှုဖွင့်တော့ အလုပ်သမားတွေက နှစ်လလောက် အမှုအတွက် စစ်တော့ နေပေးရတာပေါ့။ အခု အလုပ်ရှင်ကတော့ အာမခံနဲ့ အမှုရင်ဆိုင်နေတယ်။ ဟိုဘက်ကနေ ဒီကလေးတွေကိုတော့ ဖောင်ဒေးရှင်းကနေ တစ်ယောက် နှစ်ထောင်ဆီတော့ ပေးလိုက်တယ်။ သူတို့တွေက လွိုင်ကော်နဲ့ ဖယ်ခုံကဆိုတော့ ပြန်နိုင်အောင် မဇ္ဈိမလူမှုကူညီရေး အသင်းအနေနဲ့ နာယက ဦးဌေးဝင်းက ကားခ ကျပ်နှစ်သိန်း ကူညီပေးတာပါ။ ဒို့ညီနောင် ယာဉ်လိုင်းကလည်း ပြန်ကူညီတဲ့အနေနဲ့ (၂)သိန်းနဲ့ပဲ ပို့ခယူပါတယ်၊ ဒီညတော့ သူတို့ တည်းခိုနေထိုင်စားသောက်ဖို့ ကူညီပေးထားပါတယ်”ဟု CNCMC ကော်မတီဝင်၊ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

အဆိုပါ (၇)ဦးအား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိေဝဠုဝန်ကျောင်းတိုက်တွင် ထားရှိပြီး မေလ(၁၇)ရက်နေ့တွင် ရွှေတောင်ရိုး ယာဉ်လိုင်းမှ လာရောက်ခေါ်ဆောင်ကာ ကယာပြည်နယ် လွိုင်ကော် နှင့် ဖယ်ခုံတို့ရှိ နေအိမ်များ အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ(၁၆)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လာရောက် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား များအား လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံက တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၁၆)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၁၉၆)ဦး၊ အမျိုးသမီး (၈၈)ဦးနှင့် ကလေး (၁၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~