လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ဆုံးရှူံးခဲ့သော လယ်ဧက(၂၀)အား မူလပိုင်ရှင်များထံ ပြန်ပေးရန် တိုင်းတာနေ
လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ဆုံးရှူံးခဲ့သော လယ်ဧက(၂၀)အား မူလပိုင်ရှင်များထံ ပြန်ပေးရန် တိုင်းတာနေ
မေ 31, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်  သဖန်းကုန်းကျေးရွာတွင် လွန်ခဲ့သည့်(၁၈)နှစ်ခန့်က လမ်းမြေသားဖို့ရန် မြေတူးယူခဲ့သည့် လယ်ဧက(၂၀)အား မူလပိုင်ရှင်များထံ မပေးဘဲ ငါးကန် မွေးမြူနေသဖြင့် မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ရန် ၂၀၁၈ ခုနှစ် မေလကုန်တွင် တိုင်းတာစိစစ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လယ်မြေဧက(၂၀)မှာ လွန်ခဲ့သည့်(၁၈)နှစ်ခန့်က သဖန်းကုန်းကျေးရွာ လူသွားလမ်းဘောင် ဖောက်လုပ်စဉ်က မြေများကို လယ်ကွင်းများ၏ဘေး၌ ဖို့တင်လိုက်ချိန်မှစ၍ မိုးရာသီတွင်ရေအိုင် ဖြစ်လာပြီးနောက် အခြားသူများက ငါးကန်အဖြစ်ဆောင်ရွက်နေရာ မူလပိုင်ရှင်များမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရရှိရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရာ အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် မြို့သစ်မြို့နယ်လယ်/စီအဖွဲ့က စိစစ်ပြီး မူလပိုင်ရှင်များအား ပြန်လည်လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း -  ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သဖန်းကုန်းကျေးရွာတွင် လွန်ခဲ့သည့်(၁၈)နှစ်ခန့်က လမ်းမြေသားဖို့ရန် မြေတူးယူခဲ့သည့် လယ်ဧက(၂၀)အား မူလပိုင်ရှင်များထံ မပေးဘဲ ငါးကန် မွေးမြူနေသဖြင့် မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ရန် ၂၀၁၈ ခုနှစ် မေလကုန်တွင် တိုင်းတာစိစစ်မှုများ လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။
“မေလ(၂၀)ရက်နေ့ နောက်ဆုံးထားပြီး ငါးကန်လုပ်သူတွေက သက်ဆိုင်ရာလယ်ပိုင်ရှင်တွေကို နစ်နာကြေး၊ လျော်ကြေးပေးဖို့ ပြောထားပေမဲ့ အကြောင်းပြန်ကြားလာခြင်း မရှိတာကြောင့် အဲဒီလယ်မြေနေရာတွေကို ပုံစံ (၁) ထုတ်ပေးနိုင်ဖို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေပါတယ်။ ဒါတွေကို မူလပိုင်ရှင် တောင်သူတွေကို ပြန်ထုတ်ပေးနိုင်အောင်လို့ပါ”ဟု မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လယ်မြေဧက(၂၀)မှာ လွန်ခဲ့သည့်(၁၈)နှစ်ခန့်က သဖန်းကုန်းကျေးရွာ လူသွားလမ်းဘောင် ဖောက်လုပ်စဉ်က မြေများကို လယ်ကွင်းများ၏ဘေး၌ ဖို့တင်လိုက်ချိန်မှစ၍ မိုးရာသီတွင်ရေအို်င် ဖြစ်လာပြီးနောက် အခြားသူများက ငါးကန်အဖြစ်ဆောင်ရွက်နေရာ မူလပိုင်ရှင်များမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရရှိရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရာ အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် မြို့သစ်မြို့နယ်လယ်/စီအဖွဲ့က စိစစ်ပြီး မူလပိုင်ရှင်များအား ပြန်လည်လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီလယ်မြေတွေက အောင်ချမ်းသာကျေးရွာက တောင်သူ (၁၀) ဦးရဲ့ လယ်မြေတွဖြေစ်ပြီး မြေစာရင်းရုံး မှာလည်း ဦးပိုင်အမည်ပေါက်ပြီးသားတွေ ဖြစ်ပါတယ်။ မြေဖို့လို့ ရေအိုင်ဖြစ်သွားရာက ထပ်မံပြီးတော့ စက်ယန္တရားတွေနဲ့ တူးဖော်ဘောင်တင် လိုက်ကြတော့ သဖန်းကုန်းကျေးရွာ ဖွံ့ဖြိုးရေးကန် ဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာ ငါးကန်အဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်"ဟု သဖန်းကုန်းကျေးရွာ ရွာခွဲတာဝန်ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လယ်မြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၁)ထုတ်ပေးနိုင်ရေးအတွက် ရပ်/ကျေး၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တစ်ဆင့် ပုံစံ(၁)လျှောက်ထားလာမှုအပေါ် အမြန်ဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့သစ်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~