Update News

မူဆယ်မြို့တွင်း ပစ်ခတ်မှုများကြောင့် သေဆုံး (၁၉)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၂၀)ကျော် ဆေးရုံရောက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အတွင်း မေလ (၁၂) ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု များကြောင့် သေဆုံးသူ (၁၉) ဦးရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၀) ကျော် နေ့လယ် (၁၂)နာရီဝန်းကျင်တွင် မူဆယ်ပြည်သူ့ဆေးရုံသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။

 ၂၀၁၈ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် (၅) နာရီခွဲဝန်းကျင်မှစ၍ မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်- နမ့်ခမ်း ကားလမ်းမပေါ်မှ နမ့်ပေါ်ပန်ခန်းတံတားနှင့် စယ်လန့်ရွာထိပ်တပ်စခန်း၊ မူဆယ်-လားရှိုးလမ်းပေါ်ရှိ နမ့်ပေါ်တံတားတွင် TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA တပ်ဖွဲ့ရှိရာ နေရာများတွင် တပ်မတော်က စစ်အင်အား ဖြည့်တင်းထားခြင်းနှင့် TNLA တပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် KIA တပ်ဖွဲ့နှင့် တပ်မတော်တိုက်ပွဲများ ပြင်းထန်းနေခြင်းတို့ကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားသည်။


အဆိုပါ ပစ်ခတ်မှုများအတွင်း မူဆယ်မြို့တွင်းရှိ အရပ်သားများ၊ အဆောက်အဦးများ၊ ကုန်တင် ယာဉ်များလည်း ထိခိုက်ပျက်စီးမှုများရှိနေပြီး မူဆယ်မြို့နယ် အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များက တပ်မတော်နှင့် အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း  - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အတွင်း မေလ (၁၂) ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု များကြောင့် သေဆုံးသူ (၁၉) ဦးရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၀) ကျော် နေ့လယ် (၁၂)နာရီဝန်းကျင်တွင် မူဆယ်ပြည်သူ့ဆေးရုံသို့ ရောက်နပြေီဖြစ်ကြောင်း သိရသည်။

 ၂၀၁၈ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် (၅) နာရီခွဲဝန်းကျင်မှစ၍ မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်- နမ့်ခမ်း ကားလမ်းမပေါ်မှ နမ့်ပေါ်ပန်ခန်းတံတားနှင့် စယ်လန့်ရွာထိပ်တပ်စခန်း၊ မူဆယ်-လားရှိုးလမ်းပေါ်ရှိ နမ့်ပေါ်တံတားတွင် TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA တပ်ဖွဲ့ရှိရာ နေရာများတွင် တပ်မတော်က စစ်အင်အား ဖြည့်တင်းထားခြင်းနှင့် TNLA တပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် KIA တပ်ဖွဲ့နှင့် တပ်မတော်တိုက်ပွဲများ ပြင်းထန်းနခြေင်းတို့ကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းများက ဒဏ်ရာရရှိသူ၊ သေဆုံးသူများကို သယ်ယူ ပို့ဆောင်ပေးနေကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုများအတွင်း မူဆယ်မြို့တွင်းရှိ အရပ်သားများ၊ အဆောက်အဦးများ၊ ကုန်တင် ယာဉ်များလည်း ထိခိုက်ပျက်စီးမှုများရှိနပြေီး မူဆယ်မြို့နယ် အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များက တပ်မတော်နှင့် အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::