ထိုင်းနိုင်ငံတွင် လုပ်ငန်းပိတ်သိမ်း၊ရပ်စဲသည့်လုပ်ငန်းများမှ မြန်မာရွှေ့ပြောင်းလုပ်သားများ ဥပဒေအတိုင်း အကျိုးခံစားခွင့်ရရှိခြင်းမရှိပါက အလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်ရန်တိုက်တွန်းထား

ထိုင်းနိုင်ငံတွင် လုပ်ငန်းပိတ်သိမ်း၊ရပ်စဲသည့်လုပ်ငန်းများမှ မြန်မာရွှေ့ပြောင်းလုပ်သားများ ဥပဒေအတိုင်း အကျိုးခံစားခွင့်ရရှိခြင်းမရှိပါက အလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်ရန်တိုက်တွန်းထား
မေ 14, 2018
By Tachileik News Agency
မြန်မာရွှေ့ပြောင်းလုပ်သား အများစု အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းမှ သစ်စက်အချို့မှာ လုပ်ငန်း ပိတ်သိမ်းရမည့် အခြေအနေရှိ နေရာ လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လာပါက အလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေအတိုင်း အကျိုးခံစားခွင့်များ ရရှိခြင်း မရှိပါက သက်ဆိုင်ရာ အလုပ်သမားများ ကိုယ်တိုင် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ကြရန် သတိပေး တိုက်တွန်းထားသည်။

လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းစသည့် အခြေအနေမျိုးကြုံတွေ့ရပါက အလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအားကျော်လွန်၍ ဆန္ဒပြတောင်းဆိုခြင်း၊ သပိတ်မှောက် ခြင်းများ မပြုလုပ်ကြပါရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေဘောင် အတွင်းမှ မိမိတို့နစ်နာသည်များကို တောင်းဆိုကြပါရန် အလေးအနက်ထား တိုက်တွန်းထားသည်။

လုပ်ငန်းတစ်ခုခုသည် အခြေအနေအရပ် ရပ်အရ ရပ်ဆိုင်းခဲ့ပါက ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များအား လုပ်ငန်းရှင်မှ ဆောင်ရွက်ပေးရမည် ဖြစ်ရာ၊ အခြေအနေအကြောင်း ကြောင်းအရ လုပ်ငန်းရပ်ဆိုင်းခြင်း ဖြစ်ပေါ်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့၏ အကျိုးခံစားခွင့်များ ရရှိခြင်း မရှိပါက (သို့) ရရှိခြင်းမရှိဟု ယူဆပါက သက်ဆိုင်ရာ အလုပ်သမားများ ကိုယ်တိုင် အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များသို့ လည်းကောင်း ၊ Viber ၊ Line ၊ Facebook မှ လည်းကောင်း ဆက်သွယ် အကြောင်းကြားနိုင်ပြီး အလုပ်သမားသံအရာရှိရုံး အနေဖြင့် သက်ဆိုင်ရာနိုင်ငံ ၏ဥပဒေနှင့် အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်အချို့မှ ထွက်ရှိသည့် သစ်အမျိုးမျိုး Semi-Product များကို အဓိကထား ဝယ်ယူသည့် တရုတ်နိုင်ငံမှ အချို့သော သစ်လုပ်ငန်းရှင်များ ယခုရက်ပိုင်းအတွင်း လုပ်ငန်း ပိတ်သိမ်း မှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချို့သော သစ်လုပ်ငန်းများသည် Order ရရှိမှု နည်းပါးလာပြီး လုပ်ငန်း ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်လုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ဆီအုန်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု အလုပ်လုပ်ကိုင်နေခြင်းဖြစ်သဖြင့် အကျိုး ခံစားခွင့်များ မဆုံးရှုံးစေရန် ယင်းကဲ့သို့ သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာရွှေ့ပြောင်းလုပ်သား အများစု အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းမှ သစ်စက်အချို့မှာ လုပ်ငန်း ပိတ်သိမ်းရမည့် အခြေအနေရှိ နေရာ လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လာပါက အလုပ်သမားများ အနဖြေင့် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေအတိုင်း အကျိုးခံစားခွင့်များ ရရှိခြင်း မရှိပါက သက်ဆိုင်ရာ အလုပ်သမားများ ကိုယ်တိုင် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ကြရန် သတိပေး တိုက်တွန်းထားသည်။

လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းစသည့် အခြေအနေမျိုးကြုံတွေ့ရပါက အလုပ်သမားများ အနဖြေင့် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအားကျော်လွန်၍ ဆန္ဒပြတောင်းဆိုခြင်း၊ သပိတ်မှောက် ခြင်းများ မပြုလုပ်ကြပါရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေဘောင် အတွင်းမှ မိမိတို့နစ်နာသည်များကို တောင်းဆိုကြပါရန် အလေးအနက်ထား တိုက်တွန်းထားသည်။

လုပ်ငန်းတစ်ခုခုသည် အခြေအနေအရပ် ရပ်အရ ရပ်ဆိုင်းခဲ့ပါက ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များအား လုပ်ငန်းရှင်မှ ဆောင်ရွက်ပေးရမည် ဖြစ်ရာ၊ အခြေအနေအကြောင်း ကြောင်းအရ လုပ်ငန်းရပ်ဆိုင်းခြင်း ဖြစ်ပေါ်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နကြေသော မြန်မာအလုပ်သမားများအနဖြေင့် မိမိတို့၏ အကျိုးခံစားခွင့်များ ရရှိခြင်း မရှိပါက (သို့) ရရှိခြင်းမရှိဟု ယူဆပါက သက်ဆိုင်ရာ အလုပ်သမားများ ကိုယ်တိုင် အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များသို့ လည်းကောင်း၊ Viber၊ Line၊ Facebook မှ လည်းကောင်း ဆက်သွယ် အကြောင်းကြားနိုင်ပြီး အလုပ်သမားသံအရာရှိရုံး အနဖြေင့် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့် အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်အချို့မှ ထွက်ရှိသည့် သစ်အမျိုးမျိုး Semi-Product များကို အဓိကထား ဝယ်ယူသည့် တရုတ်နိုင်ငံမှ အချို့သော သစ်လုပ်ငန်းရှင်များ ယခုရက်ပိုင်းအတွင်း လုပ်ငန်း ပိတ်သိမ်း မှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချို့သော သစ်လုပ်ငန်းများသည် Order ရရှိမှု နည်းပါးလာပြီး လုပ်ငန်း ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်လုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ဆီအုန်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု အလုပ်လုပ်ကိုင်နခြေင်းဖြစ်သဖြင့် အကျိုး ခံစားခွင့်များ မဆုံးရှုံးစေရန် ယင်းကဲ့သို့ သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ရန်လိုအပ်ပါက ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~