ထိုင္းႏိုင္ငံအတြင္းမွ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၆)ဦးကို တာခ်ီလိတ္သို႔ လာေရာက္ လႊဲေျပာင္း

ထိုင္းႏိုင္ငံအတြင္းမွ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၆)ဦးကို တာခ်ီလိတ္သို႔ လာေရာက္ လႊဲေျပာင္း
မေ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား အမ်ဳိးသား (၆)ဦးအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက  ၂၀၁၈ ခုႏွစ္ ေမလ (၁၈)ရက္ေန႔ တြင္ လာေရာက္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ထိုင္းဘက္မွ တာ၀န္ရွိသူမ်ားက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား တာခ်ီလိတ္ဘက္သို႔ လာေရာက္ လႊဲေျပာင္းေပးရာတြင္  ျမန္မာႏုိင္ငံဖက္မွ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဆုိင္ရာဌာန၊  လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရး ႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရး ေကာ္မတီ( CNCMC ) တုိ႔က လႊဲေျပာင္းမႈကို စိစစ္လက္ခံခဲ့ၾကေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းလာရာတြင္   ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ေမလ(၁၈)ရက္ေန႔အထိ အမ်ိဳးသား (၂၀၂)ဦး၊ အမ်ိဳးသမီး (၈၈)ဦးႏွင့္ ကေလး(၁၁) ဦး စုစုေပါင္း ( ၃၀၁) ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား (၆)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် မေလ (၁၈)ရက်နေ့ တွင် လာရောက် လွှဲပြောင်းပေးလာကြောင်း သိရသည်။

ထိုင်းဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လာရောက် လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံဖက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ( CNCMC ) တို့က လွှဲပြောင်းမှုကို စိစစ်လက်ခံခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တာချီလိတ်သို့ လာရောက်လွှဲပြောင်းလာရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ အမျိုးသား (၂၀၂)ဦး၊ အမျိုးသမီး (၈၈)ဦးနှင့် ကလေး(၁၁) ဦး စုစုပေါင်း ( ၃၀၁) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~