မေကြးၿမိဳ႕နယ္ မႀကီးကန္ေက်းရြာအုပ္စု၏ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ ျပန္လည္က်င္းပေပးရန္ ေဒသခံမ်ား ေတာင္းဆို

မေကြးၿမိဳ႕နယ္ မႀကီးကန္ေက်းရြာအုပ္စု၏ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ ျပန္လည္က်င္းပေပးရန္ ေဒသခံမ်ား ေတာင္းဆို
မေ 9, 2018
By Tachileik News Agency

မေကြးၿမိဳ႕နယ္ မႀကီးကန္ေက်းရြာအုပ္စုအတြက္ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ရာတြင္ ျပည္သူမ်ားေရြးခ်ယ္ တင္ေျမႇာက္ခြင့္ မရသျဖင့္ ျပန္လည္က်င္းပေပးရန္ ေက်းရြာလူထုက တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ထံ ေမလ (၇)ရက္ေန႔က တင္ျပထားသည့္ အတြက္ အဆိုပါကိစၥအား ျပန္လည္စိစစ္ရန္ ဝန္ႀကီးခ်ဳပ္က ညႊန္ၾကား ထားေၾကာင္း သိရသည္။

မဲေပးေရြးခ်ယ္ခြင့္မရခဲ့သည့္ အေျခအေနကို ေက်းရြာလူထုႏွင့္ ရာအိမ္မွဴးမ်ားက ေမလ (၈)ရက္ေန႔တြင္ မေကြးၿမိဳ႕၌ သတင္းစာရွင္းလင္းပြဲကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 “ႀကီးၾကပ္ေရးမွဴးအဖြဲ႔က ရြာသူရြာသားေတြကို အသိေပး ေခၚယူျခင္းမရွိဘဲ ရာအိမ္မွဴးေတြကို မထင္မ ရွား ေနရာျဖစ္တဲ့ ဘုရား၊ဇရပ္တစ္ခုကို ေခၚယူၿပီး ရာအိမ္မွဴး (၁၄) ဦးရွိတဲ့အနက္ ဦးေက်ာ္မိုးနဲ႔ ေဒၚလဲ့လဲ့နုိ္င္တုိ႔ နွစ္ဦးသာ အေရြးခ်ယ္ခံမွာ ျဖစ္တယ္ဆိုၿပီး က်န္ (၁၂)ဦးကို အေရြးခ်ယ္ခံမည္ မဟုတ္ေၾကာင္း လက္မွတ္ေရး ထုိးေစခဲ့ပါတယ္။ အဲဒီလို လက္မွတ္ေရးထုိးေနတုန္းမွာပဲ ဦးစိုးနုိ္င္ဆိုသူက ဦးေက်ာ္မိုးဟာ ေက်းရြာမွာ ေလာင္းကစားဒုိင္ျပဳလုပ္ေနသူျဖစ္ေၾကာင္း ႀကီးၾကပ္ေရးမွဴး အဖြဲ႔ထံကုိ တုိ္င္ၾကားစာ တင္ျပလာတာေၾကာင့္ ႀကီးၾကပ္ေရးမွဴးအဖြဲ႔က တုိင္ၾကားခ်က္မွန္/မမွန္ စိစစ္ျခင္းမရွိဘဲ ဦးေက်ာ္မိုးကုိ ပယ္ခ်ၿပီး ေဒၚလဲ့လဲ့နုိင္ကို အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ခန္႔အပ္လိုက္ၾကတာျဖစ္ပါတယ္” ဟု ရာအိမ္မွဴး ဦးေအာင္မိုးႏိုင္က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲျဖစ္စဥ္ကို ရွင္းလင္းေျပာၾကားသည္။

အဆိုပါ တုိင္ၾကားစာမွာ တိုင္ၾကားသူက လူပုဂၢိဳလ္ေရး မုန္းတီးမႈျဖင့္ တိုင္ၾကားခံရသူကို အုပ္ခ်ဳပ္ေရးမွဴး မျဖစ္ေျမာက္ေစရန္ အတြက္ မဟုတ္မမွန္တုိင္ၾကားျခင္းျဖစ္ေၾကာင္း မေကြးနယ္ေျမရဲစခန္းက စစ္ေဆး ေတြ႔ရိွခ်က္ကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးထံကို ၂၀၁၈ခုနွစ္ ဧၿပီလ (၇)ရက္ေန႔တြင္ ျပန္လည္တင္ျပခဲ့ေၾကာင္း အဆုိပါသတင္းစာရွင္းလင္းပြဲတြင္ ရွင္းလင္းခ်က္အရ သိရၿပီး ေက်းရြာလူထု၏ တင္ျပခ်က္အရ ျပန္လည္စိစစ္ရန္ ဝန္ႀကီးခ်ဳပ္၏မွတ္ခ်က္ကို လက္ခံရရိွျခင္းမရိွေသးေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

 “ဝန္ႀကီးခ်ဳပ္ဆီက ျပန္လည္စိစစ္ဖုိ႔မွတ္ခ်က္က ကၽြန္ေတာ့္ဆီေတာ့ ေရာက္မလာေသးပါဘူး။ ေရာက္ လာခဲ့ရင္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ ေသခ်ာစိစစ္ၿပီး ဥပေဒအတုိင္း ျဖစ္သင့္ျဖစ္ထို္က္တာေတြကို ျဖစ္နိုင္ေအာင္ တင္ျပေဆာင္ရြက္ေပးသြားမွာပါ။ တိုင္ၾကားခ်က္ မွန္ကန္ျခင္း မရိွတာေၾကာင္႔ ေလာေလာဆယ္မွာကိုပဲ ျပည္သူ႔မဲဆႏၵနဲ႔ ေရြးေကာက္ပြဲျပန္လုပ္ေပးဖုိ႔ ေဆာင္ရြက္ေနတုန္းမွာ ကိုေက်ာ္မိုး အုပ္ခ်ဳပ္ေရးမွဴး တာဝန္ယူစဥ္ ၂၀၁၆ ခုနွစ္က လႊတ္ေတာ္မွာ ကတိကဝတ္တစ္ခုရွိခဲ့တယ္။ ျပန္လည္ေရြးခ်ယ္ တင္ေျမႇာက္ပြဲ ျပဳလုပ္တဲ့အခါမွာ ဦးေက်ာ္မိုး ဝင္ေရာက္ယွဥ္ၿပိဳင္ရင္ ပယ္ဖုိ႔ဆုိၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ေမးခြန္းကို အစိုးရ အဖြဲ႕က ေျဖထားတာရွိခဲ့တယ္။ အဲဒါေၾကာင့္ သူ႔ကို ပယ္လိုက္တာေပါ့။ အဲဒီေတာ့ ေရြးခ်ယ္ခံဖို႔ နွစ္ေယာက္ပဲရွိတဲ့ ထဲက ေဒၚလဲ့လဲ့နိုင္ တစ္ေယာက္ပဲ က်န္ေတာ့ တာျဖစ္လို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးဥပေဒအရ ေဒၚလဲ့လဲ့နုိင္ကိုပဲ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ အတည္ျပဳတဲ့ အေၾကာင္း ႀကီးၾကပ္ေရးအဖြဲ႕က တင္ျပလာတဲ့အတြက္ အတည္ျပဳေပးလိုက္တာျဖစ္ပါတယ္”ဟု မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းျဖစ္သူ ဦးေက်ာ္မိုးမွာ ၎တာဝန္ယူစဥ္က တုိင္ၾကားခံရမႈႏွင့္ ပတ္သက္၍ စိစစ္ ေတြ႔ရိွခ်က္အရ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အျဖစ္ တာဝန္ေပးရန္ မသင့္ေၾကာင္း ၂၀၁၆ ခုႏွစ္တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ေရး ရာေကာ္မတီမ်ားႏွင့္ တရားစီရင္ေရး၊ ဥပေဒေရးရာႏွင့္ တုိင္ၾကားစာမ်ား၊ အသနားခံစာမ်ား စိစစ္ေဆာင္ရြက္ေရးေကာ္မတီက ဆံုးျဖတ္ထားသူျဖစ္သျဖင့္ ေရြးခ်ယ္ခံမည့္ ကိုယ္စားလွယ္ေလာင္း တစ္ဦးသာက်န္သျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအျဖစ္ အတည္ျပဳလုိက္ျခင္း ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆုိသည္။

"ကြ်န္ေတာ္တုိ႔ အေနနဲ႔က ဘယ္လုိပုဂၢိဳလ္ပဲ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ခန္္႔အပ္ခံရ ခံရ ကၽြန္ေတာ္တို႔ ျပည္သူေတြရဲ႕ မဲဆႏၵနဲ႔ တက္ေရာက္သြားတဲ့ ပုဂၢိဳလ္မ်ိဳးကိုသာ လုိခ်င္ပါတယ္။ အခုလို ပြင့္လင္းျမင္သာစြာနဲ႕ ျပည္သူကို အသိေပး ခ်ျပျခင္းမရွိဘဲ ျပည္သူေတြရဲ႕ဆႏၵကိုမခံယူဘဲ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ေရြးခ်ယ္လိုက္တာကို မေက်နပ္ၾကတာပါ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တုိ႔ မဲဆႏၵေပး ေရြးခ်ယ္လို႔ရလာတဲ့ အုပ္ခ်ဳပ္ေရးမွဴးကို အလုိရွိတာေၾကာင့္ ေရြးေကာက္ပြဲျပန္လည္လုပ္ေပးဖုိ႔ပဲ လိုခ်င္ပါတယ္”ဟု မႀကီးကန္ေက်းရြာေန ရပ္မိရပ္ဖတစ္ဦးျဖစ္သူ ဦးေမာင္ဝင္းက ေျပာသည္။

လက္ရိွတြင္ မႀကီးကန္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ျခင္းႏွင့္ပတ္သက္၍ ျပန္လည္စိစစ္တင္ျပရန္ မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က မေကြးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို မွတ္ခ်က္ ေပးထားဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့နယ် မကြီးကန်ကျေးရွာအုပ်စုအတွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြည်သူများရွေးချယ် တင်မြှောက်ခွင့် မရသဖြင့် ပြန်လည်ကျင်းပပေးရန် ကျေးရွာလူထုက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မေလ (၇)ရက်နေ့က တင်ပြထားသည့် အတွက် အဆိုပါကိစ္စအား ပြန်လည်စိစစ်ရန် ဝန်ကြီးချုပ်က ညွှန်ကြား ထားကြောင်း သိရသည်။

မဲပေးရွေးချယ်ခွင့်မရခဲ့သည့် အခြေအနေကို ကျေးရွာလူထုနှင့် ရာအိမ်မှူးများက မေလ (၈)ရက်နေ့တွင် မကွေးမြို့၌ သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 “ကြီးကြပ်ရေးမှူးအဖွဲ့က ရွာသူရွာသားတွေကို အသိပေး ခေါ်ယူခြင်းမရှိဘဲ ရာအိမ်မှူးတွေကို မထင်မ ရှား နေရာဖြစ်တဲ့ ဘုရား၊ဇရပ်တစ်ခုကို ခေါ်ယူပြီး ရာအိမ်မှူး (၁၄) ဦးရှိတဲ့အနက် ဦးကျော်မိုးနဲ့ ဒေါ်လဲ့လဲ့နို်င်တို့ နှစ်ဦးသာ အရွေးချယ်ခံမှာ ဖြစ်တယ်ဆိုပြီး ကျန် (၁၂)ဦးကို အရွေးချယ်ခံမည် မဟုတ်ကြောင်း လက်မှတ်ရေး ထိုးစေခဲ့ပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးနေတုန်းမှာပဲ ဦးစိုးနို်င်ဆိုသူက ဦးကျော်မိုးဟာ ကျေးရွာမှာ လောင်းကစားဒိုင်ပြုလုပ်နေသူဖြစ်ကြောင်း ကြီးကြပ်ရေးမှူး အဖွဲ့ထံကို တို်င်ကြားစာ တင်ပြလာတာကြောင့် ကြီးကြပ်ရေးမှူးအဖွဲ့က တိုင်ကြားချက်မှန်/မမှန် စိစစ်ခြင်းမရှိဘဲ ဦးကျော်မိုးကို ပယ်ချပြီး ဒေါ်လဲ့လဲ့နိုင်ကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်ကြတာဖြစ်ပါတယ်” ဟု ရာအိမ်မှူး ဦးအောင်မိုးနိုင်က ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲဖြစ်စဉ်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ တိုင်ကြားစာမှာ တိုင်ကြားသူက လူပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် တိုင်ကြားခံရသူကို အုပ်ချုပ်ရေးမှူး မဖြစ်မြောက်စေရန် အတွက် မဟုတ်မမှန်တိုင်ကြားခြင်းဖြစ်ကြောင်း မကွေးနယ်မြေရဲစခန်းက စစ်ဆေး တွေ့ရှိချက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံကို ၂၀၁၈ခုနှစ် ဧပြီလ (၇)ရက်နေ့တွင် ပြန်လည်တင်ပြခဲ့ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းချက်အရ သိရပြီး ကျေးရွာလူထု၏ တင်ပြချက်အရ ပြန်လည်စိစစ်ရန် ဝန်ကြီးချုပ်၏မှတ်ချက်ကို လက်ခံရရှိခြင်းမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 “ဝန်ကြီးချုပ်ဆီက ပြန်လည်စိစစ်ဖို့မှတ်ချက်က ကျွန်တော့်ဆီတော့ ရောက်မလာသေးပါဘူး။ ရောက် လာခဲ့ရင်တော့ ကျွန်တော့်အနေနဲ့ သေချာစိစစ်ပြီး ဥပဒေအတိုင်း ဖြစ်သင့်ဖြစ်ထို်က်တာတွေကို ဖြစ်နိုင်အောင် တင်ပြဆောင်ရွက်ပေးသွားမှာပါ။ တိုင်ကြားချက် မှန်ကန်ခြင်း မရှိတာကြောင့် လောလောဆယ်မှာကိုပဲ ပြည်သူ့မဲဆန္ဒနဲ့ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ ဆောင်ရွက်နေတုန်းမှာ ကိုကျော်မိုး အုပ်ချုပ်ရေးမှူး တာဝန်ယူစဉ် ၂၀၁၆ ခုနှစ်က လွှတ်တော်မှာ ကတိကဝတ်တစ်ခုရှိခဲ့တယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ ပြုလုပ်တဲ့အခါမှာ ဦးကျော်မိုး ဝင်ရောက်ယှဉ်ပြိုင်ရင် ပယ်ဖို့ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့မေးခွန်းကို အစိုးရ အဖွဲ့က ဖြေထားတာရှိခဲ့တယ်။ အဲဒါကြောင့် သူ့ကို ပယ်လိုက်တာပေါ့။ အဲဒီတော့ ရွေးချယ်ခံဖို့ နှစ်ယောက်ပဲရှိတဲ့ ထဲက ဒေါ်လဲ့လဲ့နိုင် တစ်ယောက်ပဲ ကျန်တော့ တာဖြစ်လို့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအရ ဒေါ်လဲ့လဲ့နိုင်ကိုပဲ အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုတဲ့ အကြောင်း ကြီးကြပ်ရေးအဖွဲ့က တင်ပြလာတဲ့အတွက် အတည်ပြုပေးလိုက်တာဖြစ်ပါတယ်”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်မိုးမှာ၎င်းတာဝန်ယူစဉ်က တိုင်ကြားခံရမှုနှင့် ပတ်သက်၍ စိစစ် တွေ့ရှိချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးရန် မသင့်ကြောင်း ၂၀၁၆ ခုနှစ်တွင် တိုင်းဒေသကြီးလွှတ်တော်ရေး ရာကော်မတီများနှင့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ဆုံးဖြတ်ထားသူဖြစ်သဖြင့် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးသာကျန်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့က ဘယ်လိုပုဂ္ဂိုလ်ပဲ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရ ခံရ ကျွန်တော်တို့ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တက်ရောက်သွားတဲ့ ပုဂ္ဂိုလ်မျိုးကိုသာ လိုချင်ပါတယ်။ အခုလို ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူကို အသိပေး ချပြခြင်းမရှိဘဲ ပြည်သူတွေရဲ့ဆန္ဒကိုမခံယူဘဲ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်လိုက်တာကို မကျေနပ်ကြတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ မဲဆန္ဒပေး ရွေးချယ်လို့ရလာတဲ့ အုပ်ချုပ်ရေးမှူးကို အလိုရှိတာကြောင့် ရွေးကောက်ပွဲပြန်လည်လုပ်ပေးဖို့ပဲ လိုချင်ပါတယ်”ဟု မကြီးကန်ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ဝင်းက ပြောသည်။

လက်ရှိတွင် မကြီးကန်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပြန်လည်စိစစ်တင်ပြရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို မှတ်ချက် ပေးထားဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~