လားရှိုးမြို့နယ်အတွင်း မီဒီယာရန်ပုံငွေအမည်ခံ၍ ငွေတောင်းနေသူ (၄)ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေး
လားရှိုးမြို့နယ်အတွင်း မီဒီယာရန်ပုံငွေအမည်ခံ၍ ငွေတောင်းနေသူ (၄)ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေး
မေ 9, 2018
By Tachileik News Agency
နေပြည်တော်တိုင်းမ် သတင်းစုံအဖွဲ့ဗဟိုမှ ဗဟိုအတွင်းရေးမှူး (နေပြည်တော်) ဒေါ်သီသီနိုင်၊ (ရှမ်း/မြောက် တာဝန်ခံ) ပဲခူးတိုင်း ကျောက်တံတားမြို့မှ သီဟရန်နိုင်၊ လားရှိုးမြို့ ရပ်ကွက် (၁၀) မှ အောင်ဗိုလ်ဗိုလ်နှင့် သီပေါမြို့မှ နန်းခမ်းရွှေတို့အား ခွင့်ပြုချက် မရှိဘဲ အလှူခံခြင်း၊ ရန်ပုံငွေ ရှာဖွေခြင်းနှင့် တိုင်းဒေသ ကျော်လွန်၍ လုပ်ဆောင်ခြင်းများ အတွက် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခေါ်ယူ သတိပေး တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့က သိန်းနီမြို့နယ်နှင့် လားရှိုးမြို့နယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေလ (၆) ရက်နေ့မှ စတင်၍ မူဆယ်မှ လားရှိုးဘက်သို့လာသည့် ကုန်တင်ယာဉ်များကို တားမြစ်ပြီး သတင်း ထောက်ကတ်ပြ၍ ဂျာနယ်ဖြန့်ဝေကာ ငွေကြေးတောင်းခံ နေကြခြင်းဖြစ်ကြောင်း အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်မောင်းများထံမှ သိရသည်။
နေပြည်တော်တိုင်းမ်သတင်းစုံအဖွဲ့ဗဟိုမှ ဂျာနယ်ရန်ပုံငွေအတွက် မေလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ လားရှိုးမြို့နယ် ခေးနင်းတိုးဂိတ်အနီးတွင် ရန်ပုံငွေရှာဖွေခြင်းကို ခေးနင်းတိုးဂိတ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က  ပြောဆိုသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် လားရှိုးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးဌာနတို့၏ ထောက်ခံချက် တောင်းခံထားခြင်းမရှိကြောင်း သိရသည်။
၎င်းတို့သည် လားရှိုးမြို့ ရပ်ကွက် (၁၀) တိုင်းရုံးလမ်းတွင် ဂျာနယ်တိုက်ရုံးခွဲ တည်ထောင်ရန်အတွက် ရန်ပုံငွေ ကောက်ခံခြင်းဖြစ်ပြီး ကောက်ခံရရှိမှုများကိုမူ စာရင်းဇယားဖြင့် တင်ပြနိုင်ခြင်း မရှိကြောင်း  နေပြည်တော်တိုင်းမ် မီဒီယာအဖွဲ့( ရှမ်း/မြောက် တာဝန်ခံ) ကိုသီဟရန်နိုင်က ဆိုသည်။
ထို့ပြင် မီဒီယာအမည်ခံကာ ငွေညှစ်တောင်းခံသူများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုံစမ်း အရေးယူမှု ပြုလုပ်ရန်လည်း ကောင်စီအနေဖြင့် တိုက်တွန်းသွားမည်ဖြစ်ကာ သတင်းထောက်ကတ်ပြကာ ငွေကြေး ကောက်ခံမှုများနှင့် ပတ်သက်၍ သတင်းထောက်ကတ်များကို ထုတ်ပေးထားသည့် ဌာနများ အနေဖြင့်လည်း တာဝန်ယူရန်လိုအပ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမတွင် မော်တော်ယာဉ်များအား မီဒီယာကတ်ပြကာ မီဒီယာရန်ပုံငွေဟု အမည်ခံ၍ ငွေကြေးတောင်းခံနေသူ (၄)ဦးအား ၂၀၁၈ခုနှစ် မေလ (၉) ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေး တားမြစ်လိုက်ကြောင်း သိရသည်။
နပြေည်တော်တိုင်းမ် သတင်းစုံအဖွဲ့ဗဟိုမှ ဗဟိုအတွင်းရေးမှူး (နပြေည်တော်) ဒေါ်သီသီနိုင်၊ (ရှမ်း/မြောက် တာဝန်ခံ) ပဲခူးတိုင်း ကျောက်တံတားမြို့မှ သီဟရန်နိုင်၊ လားရှိုးမြို့ ရပ်ကွက် (၁၀) မှ အောင်ဗိုလ်ဗိုလ်နှင့် သီပေါမြို့မှ နန်းခမ်းရွှေတို့အား ခွင့်ပြုချက် မရှိဘဲ အလှူခံခြင်း၊ ရန်ပုံငွေ ရှာဖွခြေင်းနှင့် တိုင်းဒေသ ကျော်လွန်၍ လုပ်ဆောင်ခြင်းများ အတွက် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခေါ်ယူ သတိပေး တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အုပ်ချုပ်ရေးဌာန အနေနဲ့ တိုက်ရိုက်အရေးယူလို့မရတဲ့ ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်ရာဥပဒေအကြံပေး တွေကို တိုင်ပင်ပြီးတော့ ဥပဒေအရ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်သွားမှာပါ။ လောလောဆယ်ကတော့ သူတို့ လုပ်နေတာတွေကို ဆက်မလုပ်ဖို့ တားမြစ်ထားပါတယ်”ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အဖွဲ့က သိန်းနီမြို့နယ်နှင့် လားရှိုးမြို့နယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေလ (၆) ရက်နေ့မှ စတင်၍ မူဆယ်မှ လားရှိုးဘက်သို့လာသည့် ကုန်တင်ယာဉ်များကို တားမြစ်ပြီး သတင်း ထောက်ကတ်ပြ၍ ဂျာနယ်ဖြန့်ဝေကာ ငွေကြေးတောင်းခံ နကြခြေင်းဖြစ်ကြောင်း အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်မောင်းများထံမှ သိရသည်။
“နပြေည်တော်က အထူးသတင်းထောက်အဖွဲ့လို့ ပြောပြီးတော့ ငွေတောင်းတာ။ ကားတစ်စီးကို တစ်သိန်း တောင်းတယ်။ မီဒီယာရန်ပုံငွေဆိုပြီးတော့ တောင်းတာ။ တစ်ချို့ကားတွေတော့ ပေးကြတယ်။ သူတို့တောင်း သလောက်မပေးနိုင်ရင်တောင် လျော့ခိုင်းပြီး ပေးရတယ် ” ဟု မူဆယ်-မန္တလေး ကုန်တင်ယာဉ်မောင်းတစ်ဦး ဖြစ်သည့် ကိုပြည့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နပြေည်တော်တိုင်းမ်သတင်းစုံအဖွဲ့ဗဟိုမှ ဂျာနယ်ရန်ပုံငွေအတွက် မေလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ လားရှိုးမြို့နယ် ခေးနင်းတိုးဂိတ်အနီးတွင် ရန်ပုံငွေရှာဖွခြေင်းကို ခေးနင်းတိုးဂိတ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် လားရှိုးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးဌာနတို့၏ ထောက်ခံချက် တောင်းခံထားခြင်းမရှိကြောင်း သိရသည်။
“ကျွန်မတို့က ရံပုံငွေကောက်ခံတာပါ။ ဂျာနယ်ကို မေတ္တာလက်ဆောင် ပြန်ပေးတာပါ။ ခေးနင်းတိုးဂိတ်မှာ လုပ်တာဖြစ်ပါတယ်။ တိုးဂိတ်တာဝန်ခံရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပါ”ဟု နပြေည်တော်တိုင်း(မ်)မီဒီယာအဖွဲ့မှ ဗဟိုအတွင်းရေးမှူး ဒေါ်သီသီနိုင်က လားရှိုးမြို့ ရပ်ကွက် (၅) အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တွင် ပြောသည်။
၎င်းတို့သည် လားရှိုးမြို့ ရပ်ကွက် (၁၀) တိုင်းရုံးလမ်းတွင် ဂျာနယ်တိုက်ရုံးခွဲ တည်ထောင်ရန်အတွက် ရန်ပုံငွေ ကောက်ခံခြင်းဖြစ်ပြီး ကောက်ခံရရှိမှုများကိုမူ စာရင်းဇယားဖြင့် တင်ပြနိုင်ခြင်း မရှိကြောင်း နပြေည်တော်တိုင်းမ် မီဒီယာအဖွဲ့( ရှမ်း/မြောက် တာဝန်ခံ) ကိုသီဟရန်နိုင်က ဆိုသည်။
“ကျွန်တော်တို့ မေလ (၆) ရက်နေ့နဲ့ (၇) ရက်နေ့ကို ညနေ (၇) နာရီလောက်မှာစတင်ပြီး ရန်ပုံငွေ ရှာပါတယ်။ (၄၈,ဝဝဝ) ရပါတယ်။ (၈) ရက်နေ့က ညနေ (၅) နာရီကနေ (၇) နာရီလောက်ထိ လုပ်ပါတယ်။ (၅၇,ဝဝဝ) ရပါတယ်။ စာရင်း ဇယားတော့ မရှိပါဘူး။ ရန်ပုံငွေအတွက်ကို ဂျာနယ်ကို မေတ္တာလက်ဆောင်ပေးတာပါ။ ကုန်သည်တွေဆီကို ငွေတောင်းခံတာမျိုး မလုပ်ပါဘူး” ဟု နပြေည်တော်တိုင်းမ် မီဒီယာအဖွဲ့( ရှမ်း/မြောက် တာဝန်ခံ) ကိုသီဟရန်နိုင်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပြောသည်။
အဆိုပါ အဖွဲ့၏ လုပ်ဆောင်ချက်မှာ မီဒီယာကျင့်ဝတ်နှင့်ကိုက်ညီခြင်း မရှိသည့်အပြင် ဒေသတွင်း မီဒီယာသမားများ အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်သည့် အတွက်၎င်းတို့၏ ငွေကြေး ရှာဖွေမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု အမြန်ဆုံး ပြုလုပ်ပေးရန် လားရှိုးမြို့ရှိ မီဒီယာသမားများက တောင်းဆိုထားကြောင်း သိရသည်။
“တရားမဝင် ကုန်စည်သယ်ဆောင်တဲ့သူတွေကို ငွေတောင်းခံတယ်ဆိုတာတွေက မြန်မာနိုင်ငံရဲ့တစ်ချို့ ဒေသတွေမှာ ကြားနေရတာများတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားနေတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကောင်စီက တိုက်ရိုက်အရေးယူလို့ မရဘူး။ အရေးယူလို့ရတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းလို့ပဲ ရတယ်။ မီဒီယာနာမည်ခံပြီး ငွေတောင်းတာက မီဒီယာကို သက်သက်အပုတ်ချဖို့ လုပ်ဆောင်နေတာမျိုးလို့ထင်တယ်"ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ( MPC ) မှ ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထို့ပြင် မီဒီယာအမည်ခံကာ ငွေညှစ်တောင်းခံသူများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုံစမ်း အရေးယူမှု ပြုလုပ်ရန်လည်း ကောင်စီအနဖြေင့် တိုက်တွန်းသွားမည်ဖြစ်ကာ သတင်းထောက်ကတ်ပြကာ ငွေကြေး ကောက်ခံမှုများနှင့် ပတ်သက်၍ သတင်းထောက်ကတ်များကို ထုတ်ပေးထားသည့် ဌာနများ အနဖြေင့်လည်း တာဝန်ယူရန်လိုအပ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~