မင္းဘူး/စကုၿမိဳ႕နယ္အတြင္းရိွ စိုက္ပ်ိဳးေရးသံုးပစၥည္း အေရာင္းဆိုင္မ်ားအား ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္ေန

မင္းဘူး/စကုၿမိဳ႕နယ္အတြင္းရိွ စိုက္ပ်ိဳးေရးသံုးပစၥည္း အေရာင္းဆိုင္မ်ားအား ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္ေန
မေ 20, 2018
By Tachileik News Agency

မိုးရာသီစိုက္ပ်ိဳးကာလသို႔ ေရာက္ရိွေနၿပီျဖစ္၍ မင္းဘူး/စကုၿမိဳ႕နယ္အတြင္းရိွ စိုက္ပ်ိဳးေရးေဆး၊ ဓာတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆး ေရာင္းခ်ေသာဆိုင္မ်ားအား လစဥ္ပံုမွန္စစ္ေဆးျခင္းအျပင္ ေရွာင္တခင္ စစ္ေဆးျခင္းမ်ားပါ ၂၀၁၈ခုႏွစ္ ေမလအတြင္းက စ၍ ေဆာင္ရြက္လွ်က္ရိွေနေၾကာင္း မင္းဘူး/စကုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ သိရသည္။

"စိုက္ပ်ိဳးေရးေဆး၊ ပိုးသတ္ေဆးနဲ႔ ဓာတ္ေျမၾသဇာေတြက အမ်ိဳးမ်ိဳးထြက္ရိွေနတာျဖစ္လို႔ စိုက္ပ်ိဳး ေရးဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို လိုက္နာေဆာင္ရြက္ဖို႔ အထူးလိုအပ္ပါတယ္။ ဒါ႔ ေၾကာင့္ တိုင္း/ခရိုင္နဲ႔ ၿမိဳ႕နယ္ စစ္ေဆးေရးအဖဲြ႔ေတြက အေရာင္းဆိုင္ေတြကို လစဥ္ပံုမွန္စစ္ေဆးတာတင္ မကဘဲ ေရွာင္တခင္စစ္ေဆးမႈေတြပါ လုပ္ေဆာင္ေနရပါတယ္"ဟု မင္းဘူး/စကုၿမိဳ႕နယ္စိုက္ပ်ိဳးေရး ဦးစီး ဌာန ဦးစီးမွဴး ဦးသိန္းႏိုင္ဝင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စိုက္ပ်ိဳးေရးဦးစီးဌာနမွ ၿမိဳ႕နယ္အတြင္းရိွ အေရာင္းဆိုင္မ်ားအား စနစ္တက်ေရာင္းခ်ႏိုင္ရန္ နည္း ပညာမ်ား ပို႔ခ်ကာ ပိုးသတ္ေဆးကို စနစ္တက်ကိုင္တြယ္သံုးစဲြနည္း သင္တန္းဆင္းလက္မွတ္ရရိွမွသာ ေရာင္းခ်ခြင္ ့ျပဳေပးလွ်က္ ရိွေၾကာင္းသိရၿပီး စိုက္ပ်ိဳးေရးသံုးေဆး၊ ဓာတ္ေျမ ၾသဇာႏွင့္ပိုးသတ္ေဆးတို႔တြင္ ေတာင္သူမ်ား အလြယ္တကူဖတ္ရႈႏိုင္ရန္ ျမန္မာစာျဖင့္ေဖာ္ျပေသာ သံုးစဲြ နည္းအညႊန္းစာ ပါရိွရမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာစာအညႊန္းမပါတဲ့ ေဆးေတြကို သံုးစဲြမိမယ္ဆိုရင္ လိုအပ္တာထက္ပို သံုးစဲြမိႏိုင္တယ္။ အဲဒီ အခါမွာ ဓာတ္ၾကြင္း အာနိသင္မ်ားၿပီး ေရရွည္မွာ သီးႏွံပင္ေတြ ပ်က္စီးထိခိုက္ႏိုင္ပါတယ္။ စားသံုးသူ အႏၱရာယ္ကင္းရွင္းေရး အတြက္ ဓာတ္ၾကြင္းအာနိသင္နည္းတဲ့ ေဆးေတြကိုပဲေရာင္းခ်ဖို႔ ေရာင္းခ်သူကိုေရာ ဝယ္သူကိုပါ အသိပညာေပးလွ်က္ရိွေနပါတယ္"ဟု စိုက္ပ်ိဳးေရးဌာန ဦးစီးမွဴးက ေျပာသည္။

လိုက္လံစစ္ေဆးသည့္ အခါ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ ညီညြတ္မႈမရိွသည္ကို ေတြ႔ရိွပါက ေရာင္းခ်ခြင့္လိုင္စင္ပိတ္သိမ္းသည္ အထိ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးရာသီစိုက်ပျိုးကာလသို့ ရောက်ရှိနပြေီဖြစ်၍ မင်းဘူး/စကုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေး၊ ဓာတ်မြသြေဇာနှင့် ပိုးသတ်ဆေး ရောင်းချသောဆိုင်များအား လစဉ်ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင် စစ်ဆေးခြင်းများပါ ၂၀၁၈ခုနှစ် မေလအတွင်းက စ၍ ဆောင်ရွက်လျှက်ရှိနေကြောင်း မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

"စိုက်ပျိုးရေးဆေး၊ ပိုးသတ်ဆေးနဲ့ ဓာတ်မြသြေဇာတွေက အမျိုးမျိုးထွက်ရှိနေတာဖြစ်လို့ စိုက်ပျိုး ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါ့ ကြောင့် တိုင်း/ခရိုင်နဲ့ မြို့နယ် စစ်ဆေးရေးအဖွဲ့တွေက အရောင်းဆိုင်တွေကို လစဉ်ပုံမှန်စစ်ဆေးတာတင် မကဘဲ ရှောင်တခင်စစ်ဆေးမှုတွေပါ လုပ်ဆောင်နေရပါတယ်"ဟု မင်းဘူး/စကုမြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အရောင်းဆိုင်များအား စနစ်တကျရောင်းချနိုင်ရန် နည်း ပညာများ ပို့ချကာ ပိုးသတ်ဆေးကို စနစ်တကျကိုင်တွယ်သုံးစွဲနည်း သင်တန်းဆင်းလက်မှတ်ရရှိမှသာ ရောင်းချခွင့်ပြုပေးလျှက် ရှိကြောင်းသိရပြီး စိုက်ပျိုးရေးသုံးဆေး၊ ဓာတ်မြေ သြဇာနှင့်ပိုးသတ်ဆေးတို့တွင် တောင်သူများ အလွယ်တကူဖတ်ရှုနိုင်ရန် မြန်မာစာဖြင့်ဖော်ပြသော သုံးစွဲ နည်းအညွှန်းစာ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာစာအညွှန်းမပါတဲ့ ဆေးတွေကို သုံးစွဲမိမယ်ဆိုရင် လိုအပ်တာထက်ပို သုံးစွဲမိနိုင်တယ်။ အဲဒီ အခါမှာ ဓာတ်ကြွင်း အာနိသင်များပြီး ရေရှည်မှာ သီးနှံပင်တွေ ပျက်စီးထိခိုက်နိုင်ပါတယ်။ စားသုံးသူ အန္တရာယ်ကင်းရှင်းရေး အတွက် ဓာတ်ကြွင်းအာနိသင်နည်းတဲ့ ဆေးတွေကိုပဲရောင်းချဖို့ ရောင်းချသူကိုရော ဝယ်သူကိုပါ အသိပညာပေးလျှက်ရှိနေပါတယ်"ဟု စိုက်ပျိုးရေးဌာန ဦးစီးမှူးက ပြောသည်။

လိုက်လံစစ်ဆေးသည့် အခါ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိပါက ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~