သက္တမ္းလြန္ ႏွင့္ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ားအား လြိဳင္ေကာ္တြင္ မီးရႈိ႕ဖ်က္ဆီး

သက္တမ္းလြန္ ႏွင့္ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ားအား လြိဳင္ေကာ္တြင္ မီးရႈိ႕ဖ်က္ဆီး
မေ 16, 2018
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ခရိုင္းအတြင္းရွိ ေစ်းဆိုင္မ်ားတြင္ ေတြ႔ရွိ သိမ္းဆည္းရမိသည့္ သက္တမ္းလြန္ ႏွင့္ စားသံုးရန္ မသင့္ေသာ စားေသာက္ကုန္မ်ားကို ေမလ(၁၆)ရက္ေန႔က မီးရႈိ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

လြိဳင္ေကာ္ခရိုင္စားသံုးသူေရးရာဦးစီးဌာနက ခရိုင္အတြင္း စစ္ေဆးသိမ္းဆည္းရမိသည့္ သက္တမ္းလြန္ ႏွင့္ စားသံုးရန္ မသင့္ေသာ စားေသာက္ကုန္မ်ားအား ၂၀၁၈ခုႏွစ္ ေမလ(၁၆)ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕ရွိ ေလးမိုင္ အမႈိက္က်င္းတြင္ မီးရႈိးဖ်က္ဆီးလိုက္ျခင္း ျဖစ္သည္။

သိမ္းဆည္းရမိခ့ဲသည့္ စားေသာက္ကုန္အမ်ဳိးအစား (၃၅)မ်ဳိးတြင္ သက္တမ္းလြန္ပစၥည္း အမ်ဳိးအစား (၃၁)မ်ဳိး အထိ ပါ၀င္ၿပီး၊ စားသံုးရန္မသင့္သည့္ တားျမစ္ ကုန္ပစၥည္းမ်ားတြင္ ငရုပ္သီးမႈန္႔၊ ေရာင္စံုပိုက္လံုးမုန္႔ ႏွွင့္ အခ်ဳိရည္မ်ား ပါ၀င္ၿပီး မီးရႈိ႕ဖ်က္ဆီးလိုက္သည့္ ပစၥည္းမ်ား၏ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္(၂၈၉,၆၅၀)တန္ဖိုးရွိေၾကာင္း သိရသည္။

ကယားျပည္​နယ္​အတြင္​း ၂၀၁၇ မွ ၂၀၁၈ခုႏွစ္ထိ သက္​တမ္​းလြန္​ႏွင္​့ စားသုံးရန္​မသင္​့​ေသာ စား​ေသာက္​ကုန္​မ်ားအား (၅)ႀကိမ္​​ေျမာက္​ ဖ်က္​ဆီးခဲ့ၿပီ ျဖစ္​ၿပီး ကယားျပည္​နယ္​စားသုံးသူ​ေရးရာ ဦးစီးဌာန အ​ေနျဖင္​့ လိြဳင္​​ေကာ္​ၿမိဳ႕နယ္​ အတြင္​း႐ွိ ​ေဈးဆိုင္​မ်ား ႏွင္​့ ေဈးမ်ားတြင္​ သက္​တမ္​းလြန္ အစားအစာမ်ား အပါအ၀င္ တားျမစ္ထားေသာစားေသာက္ကုန္မ်ား ေရာင္းခ်ျခင္းမျပဳရန္ ပညာေပး ျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္​။

သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - စားသံုးသူေရးရာ


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်ခရိုင်းအတွင်းရှိ ဈေးဆိုင်များတွင် တွေ့ရှိ သိမ်းဆည်းရမိသည့် သက်တမ်းလွန် နှင့် စားသုံးရန် မသင့်သော စားသောက်ကုန်များကို မေလ(၁၆)ရက်နေ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

လွိုင်ကော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနက ခရိုင်အတွင်း စစ်ဆေးသိမ်းဆည်းရမိသည့် သက်တမ်းလွန် နှင့် စားသုံးရန် မသင့်သော စားသောက်ကုန်များအား ၂၀၁၈ခုနှစ် မေလ(၁၆)ရက်နေ့က လွိုင်ကော်မြို့ရှိ လေးမိုင် အမှိုက်ကျင်းတွင် မီးရှိုးဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

သိမ်းဆည်းရမိခဲ့သည့် စားသောက်ကုန်အမျိုးအစား (၃၅)မျိုးတွင် သက်တမ်းလွန်ပစ္စည်း အမျိုးအစား (၃၁)မျိုး အထိ ပါဝင်ပြီး၊ စားသုံးရန်မသင့်သည့် တားမြစ် ကုန်ပစ္စည်းများတွင် ငရုပ်သီးမှုန့်၊ ရောင်စုံပိုက်လုံးမုန့် နှင့် အချိုရည်များ ပါဝင်ပြီး မီးရှို့ဖျက်ဆီးလိုက်သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၂၈၉,၆၅၀)တန်ဖိုးရှိကြောင်း သိရသည်။

ကယားပြည်​နယ်​အတွင်​း ၂၀၁၇ မှ ၂၀၁၈ခုနှစ်ထိ သက်​တမ်​းလွန်​နှင်​့ စားသုံးရန်​မသင်​့​သော စား​သောက်​ကုန်​များအား (၅)ကြိမ်​​မြောက်​ ဖျက်​ဆီးခဲ့ပြီ ဖြစ်​ပြီး ကယားပြည်​နယ်​စားသုံးသူ​ရေးရာ ဦးစီးဌာန အ​နဖြေင်​့ လွိုင်​​ကော်​မြို့နယ်​ အတွင်​းရှိ ​ဈေးဆိုင်​များ နှင်​့ ဈေးများတွင်​ သက်​တမ်​းလွန် အစားအစာများ အပါအဝင် တားမြစ်ထားသောစားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပညာပေး ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်​။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~