တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေပြည်အေးရွာတွင် အလည်လာသူကို နှင်ထုတ်မှုကြောင့် နေအိမ်မီးရှို့ ခံရ

တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေပြည်အေးရွာတွင် အလည်လာသူကို နှင်ထုတ်မှုကြောင့် နေအိမ်မီးရှို့ ခံရ
မေ 23, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရွှေပြည်အေးရွာတွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦး အလည်လာသည်ကို နှင်ထုတ်လိုက်သူ၏ နေအိမ် မီးရှို့ခံလိုက်ရကြောင်း သိရသည်။



နေအိမ်အား နံနက်ပိုင်းက အလည်ရောက်လာသည့် စိတ်ဝေဒနာရှင်မီးရှို့ကြောင်း သိရပြီး အဆိုပါ စိတ်ဝေဒနာရှင်အား တပ်မတော်စစ်ကြောင်းရှိ တပ်ဖွဲ့ဝင်များက တပ်စခန်းတွင် ထိန်းသိမ်းထားကြောင်း ရွှေပြည်အေးကျေးရွာ တာဝန်ခံ ဦးဝီးမွန်ထံမှ သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရွှပြေည်အေးရွာတွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦး အလည်လာသည်ကို နှင်ထုတ်လိုက်သူ၏ နေအိမ် မီးရှို့ခံလိုက်ရကြောင်း သိရသည်။

အဆိုပါကျေးရွာမှ ဦးလုကာ၏ နေအိမ်သို့ စိတ်ကျန်းမာရေးချို့တဲ့သည့် ဝေဒနာခံစားနေရသူတစ်ဦး ၂၀၁၈ခုနှစ် မေလ(၂၃)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်အချိန်က ရောက်လာရာ ဦးလုကာက နှင်ထုတ်လိုက်သဖြင့်၎င်းသည် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဦးလုကာတို့ မိသားစုက တောင်ယာသွားနေစဉ် နံနက် (၁၀)နာရီဝန်းကျင်၌ နေအိမ်မှာ မီးလောင်ကျွမ်းသွားပြီး နေအိမ်ရှိ ပစ္စည်းအားလုံး ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အား နံနက်ပိုင်းက အလည်ရောက်လာသည့် စိတ်ဝေဒနာရှင်မီးရှို့ကြောင်း သိရပြီး အဆိုပါ စိတ်ဝေဒနာရှင်အား တပ်မတော်စစ်ကြောင်းရှိ တပ်ဖွဲ့ဝင်များက တပ်စခန်းတွင် ထိန်းသိမ်းထားကြောင်း ရွှပြေည်အေးကျေးရွာ တာဝန်ခံ ဦးဝီးမွန်ထံမှ သိရသည်။

နေအိမ်မီးလောင်ဆုံးရှုံးသွားသည့် မိသားစုတွင် မူလတန်းကလေး(၄)ဦး အပါအဝင် မိသားစု (၇)ဦးရှိကြောင်း သိရပြီး နေအိမ်မီးရှို့သည့် စိတ်ဝေဒနာရှင်အား၎င်းလာရာ ဒေသဖြစ်သည့် မိုင်းဆတ်မြို့နယ် နားယောင်းသို့ ပြန်လည်ပို့ဆောင်အပ်နှံရန် စီစဉ်နေကြောင်း သိရသည်။

ဓာတ်ပုံ - လွယ်တော်ခမ်း ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~