ကယားျပည္နယ္တြင္း ဝင္ေငြခြန္ႏွင့္ ကုန္သြယ္ခြန္ အမ်ားဆုံးထမ္းေဆာင္သူ (၉၇)ဦးအား ဂုဏ္ျပဳ

ကယားျပည္နယ္တြင္း ဝင္ေငြခြန္ႏွင့္ ကုန္သြယ္ခြန္ အမ်ားဆုံးထမ္းေဆာင္သူ (၉၇)ဦးအား ဂုဏ္ျပဳ
မေ 4, 2018
By Tachileik News Agency

၂၀၁၆-၂၀၁၇ စည္းၾကပ္ႏွစ္အတြက္ ကယားျပည္နယ္အတြင္းမွ ဝင္ေငြခြန္ႏွင့္ ကုန္သြယ္ခြန္ အမ်ားဆုံး ထမ္းေဆာင္ခဲ့ေသာ လုပ္ငန္း႐ွင္ (၉၇)ဦးအား ျပည္နယ္အစိုးရမွ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။

၂၀၁၆ -၂၀၁၇ စည္းၾကပ္ႏွစ္အတြက္ ကယားျပည္နယ္အတြင္း ၀င္ေငြခြန္ထမ္းေဆာင္သူ (၂၃၆၁)ဦးႏွင့္ ကုန္သြယ္ခြန္ ထမ္းေဆာင္သူ (၉၀၃)ဦး ရွိသည့္အနက္ ၀င္ေငြခြန္ အမ်ားဆုံး ထမ္းေဆာင္သူ (၅၀)ဦးႏွင့္ ကုန္သြယ္လုပ္ငန္းခြန္ အမ်ားဆုံး ထမ္းေဆာင္သူ (၄၇) ဦး စုစုေပါင္း (၉၇)ဦး အား ျပည္နယ္အစိုးရက ဂုဏ္ျပဳမွတ္တမ္းလႊာ ခ်ီးျမွင့့္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ အခမ္းအနားကို ကယားျပည္နယ္ အခြန္ဦးစီးဌာနမွဴး႐ံုးတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၄)ရက္ေန႔က က်င္းပရာ ဂုဏ္ျပဳမွတ္တမ္းလႊာ ခ်ီးျမႇင့္ျခင္းအျပင္ ၂၀၁၈ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး



~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ကယားပြည်နယ်အတွင်းမှ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော လုပ်ငန်းရှင် (၉၇)ဦးအား ပြည်နယ်အစိုးရမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကယားပြည်နယ်အတွင်း ဝင်ငွေခွန်ထမ်းဆောင်သူ (၂၃၆၁)ဦးနှင့် ကုန်သွယ်ခွန် ထမ်းဆောင်သူ (၉၀၃)ဦး ရှိသည့်အနက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ (၅၀)ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ (၄၇) ဦး စုစုပေါင်း (၉၇)ဦး အား ပြည်နယ်အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို ကယားပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၁၈ ခုနှစ် မေလ (၄)ရက်နေ့က ကျင်းပရာ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းအပြင် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ -ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~