Kayah State Investment Forum ကို လိြဳင္ေကာ္ၿမိဳ႕တြင္ ေမလ ၂၆ ရက္ေန႔၌ က်င္းပမည္

Kayah State Investment Forum ကို လိြဳင္ေကာ္ၿမိဳ႕တြင္ ေမလ ၂၆ ရက္ေန႔၌ က်င္းပမည္
မေ 4, 2018
By Tachileik News Agency

ကယားျပည္နယ္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ပိုမိုဝင္ေရာက္ေစေရးအတြက္ Kayah State Investment Forum ကို ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ကယားျပည္နယ္ခန္းမတြင္ ၂၀၁၈ ခုႏွစ္ ေမလ ၂၆ ရက္ေန႔၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖိုရမ္တြင္ သတၳဳတြင္းလုပ္ငန္း၊ ဟုိတယ္ႏွင့္ခရီးသြားလုပ္ငန္း၊ စုိက္ပ်ဳိးေရးလုပ္ငန္း(ေအာ္ဂဲန္းနစ္)၊ ငါးလုပ္ငန္း၊ ေဒသထြက္ အစားအစာမ်ား၊ စက္မႈဇုန္ စသည့္ က႑မ်ား အားေကာင္းလာေစေရး ဦးစားေပး ျပသမည္ျဖစ္ၿပီး ဖိုရမ္ကို ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ကယားျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ႐ုံး၊ ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနတို႔ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္ ႏွစ္ႏွစ္တာကာလအတြင္း ရင္းႏွီးျမဳပ္ႏွံမႈ တိုးတက္မႈအားနည္းေနသျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မတီကုိ ၂၀၁၇ ခုႏွစ္ ဇူလုိင္လ (၇) ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ေဆာင္ရြက္မႈအေျခအေနမ်ားကုိ ေလးလတစ္ႀကိမ္ႏွင့္ တစ္ႏွစ္တစ္ႀကိမ္ အဆင့္ဆင့္တင္ျပေဆာင္ရြက္ေစျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေကာ္မတီသည္ ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒအရ ႏုိင္ငံေတာ္ႏွင့္ ႏုိင္ငံသားတုိ႔၏ အက်ဳိးစီးပြား အလုိ႔ငွာ သဘာ၀ ပတ္၀န္းက်င္ႏွင့္ လူမႈပတ္၀န္းက်င္ကုိ ထိခုိက္မႈမရွိေစသည့္ တာဝန္ယူမႈရွိေသာ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတုိးတက္လာေစရန္၊ ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ ၎တုိ႔၏ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားကုိ ဥပေဒႏွင့္အညီ အကာအကြယ္ေပးရန္၊ ျပည္သူတုိ႔အတြက္ အလုပ္အကုိင္အခြင့္အလမ္းမ်ား ေပၚေပါက္ လာေစရန္၊ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈက႑ဖြံ႕ၿဖိဳးတုိးတက္လာေစရန္တို႔ကို ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရေးအတွက် Kayah State Investment Forum ကို ကယားပြည်နယ် လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမတွင် ၂၀၁၈ ခုနှစ် မေလ ၂၆ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်တွင် သတ္ထုတွင်းလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း(အော်ဂဲန်းနစ်)၊ ငါးလုပ်ငန်း၊ ဒေသထွက် အစားအစာများ၊ စက်မှုဇုန် စသည့် ကဏ္ဍများ အားကောင်းလာစေရေး ဦးစားပေး ပြသမည်ဖြစ်ပြီး ဖိုရမ်ကို ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် နှစ်နှစ်တာကာလအတွင်း ရင်းနှီးမြုပ်နှံမှု တိုးတက်မှုအားနည်းနေသဖြင့် ရင်းနှီးမြုပ်နှံမှု ကော်မတီကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်မှုအခြေအနေများကို လေးလတစ်ကြိမ်နှင့် တစ်နှစ်တစ်ကြိမ် အဆင့်ဆင့်တင်ပြဆောင်ရွက်စခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီသည် ရင်းနှီးမြုပ်နှံမှု ဥပဒေအရ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အလို့ငှါ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရင်းနှီးမြုပ်နှံသူများနှင့်၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက် လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~