တာခ်ီလိတ္တြင္ ေႏြရာသီ ဒီဂ်စ္တယ္ နည္းပညာကြန္ပ်ဴတာ အခမဲ့သင္တန္း၏ သင္တန္းဆင္းပြဲတြင္ ေက်ာင္းသား/သူ (၁၇၅)ဦးအား ေအာင္လက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္

တာခ်ီလိတ္တြင္ ေႏြရာသီ ဒီဂ်စ္တယ္ နည္းပညာကြန္ပ်ဴတာ အခမဲ့သင္တန္း၏ သင္တန္းဆင္းပြဲတြင္ ေက်ာင္းသား/သူ (၁၇၅)ဦးအား ေအာင္လက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္
မေ 14, 2018
By Tachileik News Agency

ပညာေရး၀န္ႀကီးဌာန၊ Telenor Myanmar ႏွင့္ KMD Institute တို႔ပူးေပါင္း၍ တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္ခဲ့သည့္ ေႏြရာသီ ဒီဂ်စ္တယ္ နည္းပညာကြန္ပ်ဴတာသင္တန္း၏ ေအာင္လက္မွတ္ခ်ီးျမွင့္ပြဲ အခမ္းအနားကို ယေန႕ ေမလ (၁၄)ရက္ ေန႕လည္(၂)နာရီတြင္ က်င္းပျပဳလုပ္ခဲ့ျပီး ျမိဳ႕ေပၚရိွ အေျခခံပညာေက်ာင္း(၅)ေက်ာင္းမွ သင္တန္းသား၊ သင္တန္းသူ (၁၇၅)ဦး ေအာင္လက္မွတ္ရရိွခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လအတြင္းမွ ေမလအထိ ဖြင့္လွစ္ခဲ့သည့္ ေႏြရာသီ ဒီဂ်စ္တယ္ နည္းပညာကြန္ပ်ဴတာသင္တန္း၏ သင္တန္းဆင္းပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၈ခုႏွစ္ ေမလ(၁၄)ရက္ေန႔ ေန႔လည္ပိုင္းက က်င္းပျပဳလုပ္ၿပီး သင္တန္းသား သင္တန္းသူ စုစုေပါင္း (၁၇၅)ဦးအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္းခ်ီးျမႇင့္ေၾကာင္း သိရသည္။

ေႏြရာသီ ဒီဂ်စ္တယ္နည္းပညာကြန္ပ်ဴတာသင္တန္းအား ပညာေရး၀န္ႀကီးဌာန၊ Telenor Myanmar ႏွင့္ KMD Institute တို႔ပူးေပါင္း၍ ဖြင့္လွစ္ကာ တာခ်ီလိတ္ၿမိဳ႕ေပၚ ေက်ာင္းမ်ားျဖစ္သည့္  အေျခခံပညာ အထက္တန္းေက်ာင္း (တာခ်ီလိတ္)၊ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)၊ အေျခခံပညာ အထက္တန္းေက်ာင္း (ေဟာင္လိတ္)၊ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) ပုန္းထြန္ ႏွင့္ အေျခခံပညာ အလယ္တန္းေက်ာင္း(ခြဲ) တာေလာ့တို႔၏ ေက်ာင္းသား၊ ေက်ာင္းသူ (၁၇၅)ဦးအား အခမဲ့ သင္ၾကား ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီသင္တန္းကို မတ္လကေန ေမလအထိ တစ္သုတ္ကို (၁၀)ေယာက္ႏႈန္းနဲ႔ သင္တန္းအပတ္စဥ္(၄)ခု ဖြင့္လွစ္ခဲ့ပါတယ္။ အပတ္စဥ္ တစ္ခုမွာ အေယာက္(၅၀)ကို သင္ၾကားေပးခဲ့ပါတယ္။ ေနာက္ဆုံး အပတ္စဥ္ မွာေတာ့ (၃၅)ဦး ရိွပါတယ္။သင္တန္းကာလကေတာ့ (၈)ရက္ျဖစ္ၿပီးေတာ့ သင္တန္းၿပီးတဲ့အခါမွာ သူတို႔ကို စာေမးပြဲေျဖခိုင္းပါတယ္။ သူတို႕ေျဖထားတာေတြကို ရန္ကုန္ကေနစစ္ၿပီးေတာ့ ေအာင္တဲ့သူေတြကို သင္တန္းဆင္းလက္မွတ္ေတြ ထုတ္ေပးတာျဖစ္ပါတယ္။”ဟု တာခ်ီလိတ္ KMD ကြန္ပ်ဴတာ သင္တန္းေက်ာင္းမွ သင္တန္းဆရာ ကိုစိုင္းက်န္ေထာင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းဆင္းပြဲ အခမ္းအနားသို႕ တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယပညာေရးမွဴး ဦးညြန္႔၀င္းႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)မွ ေက်ာင္းအုပ္ဆရာႀကီး ဦးစုေအာင္၊ တာခ်ီလိတ္ KMD ကြန္ပ်ဴတာသင္တန္းေက်ာင္းမွ တာ၀န္ရိွသူမ်ားႏွင့္ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သင္တန္းအား ပံ့ပိုးေပးခဲ့ၾကသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ပညာရေးဝန်ကြီးဌာန၊ Telenor Myanmar နှင့် KMD Institute တို့ပူးပေါင်း၍ တာချီလိတ်မြို့တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီ ဒီဂျစ်တယ် နည်းပညာကွန်ပျူတာသင်တန်း၏ အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မေလ (၁၄)ရက် နေ့လည်(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့ပေါ်ရှိ အခြေခံပညာကျောင်း(၅)ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၁၇၅)ဦး အောင်လက်မှတ်ရရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မတ်လအတွင်းမှ မေလအထိ ဖွင့်လှစ်ခဲ့သည့် နွေရာသီ ဒီဂျစ်တယ် နည်းပညာကွန်ပျူတာသင်တန်း၏ သင်တန်းဆင်းပွဲအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၇၅)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်းချီးမြှင့်ကြောင်း သိရသည်။

နွေရာသီ ဒီဂျစ်တယ်နည်းပညာကွန်ပျူတာသင်တန်းအား ပညာရေးဝန်ကြီးဌာန၊ Telenor Myanmar နှင့် KMD Institute တို့ပူးပေါင်း၍ ဖွင့်လှစ်ကာ တာချီလိတ်မြို့ပေါ် ကျောင်းများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)၊ အခြေခံပညာ အထက်တန်းကျောင်း (ဟောင်လိတ်)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပုန်းထွန် နှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တာလော့တို့၏ ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦးအား အခမဲ့ သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီသင်တန်းကို မတ်လကနေ မေလအထိ တစ်သုတ်ကို (၁၀)ယောက်နှုန်းနဲ့ သင်တန်းအပတ်စဉ်(၄)ခု ဖွင့်လှစ်ခဲ့ပါတယ်။ အပတ်စဉ် တစ်ခုမှာ အယောက်(၅၀)ကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံး အပတ်စဉ် မှာတော့ (၃၅)ဦး ရှိပါတယ်။သင်တန်းကာလကတော့ (၈)ရက်ဖြစ်ပြီးတော့ သင်တန်းပြီးတဲ့အခါမှာ သူတို့ကို စာမေးပွဲဖြေခိုင်းပါတယ်။ သူတို့ဖြေထားတာတွေကို ရန်ကုန်ကနေစစ်ပြီးတော့ အောင်တဲ့သူတွေကို သင်တန်းဆင်းလက်မှတ်တွေ ထုတ်ပေးတာဖြစ်ပါတယ်။”ဟု တာချီလိတ် KMD ကွန်ပျူတာ သင်တန်းကျောင်းမှ သင်တန်းဆရာ ကိုစိုင်းကျန်ထောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တာချီလိတ်မြို့နယ် ဒုတိယပညာရေးမှူး ဦးညွန့်ဝင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးစုအောင်၊ တာချီလိတ် KMD ကွန်ပျူတာသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းအား ပံ့ပိုးပေးခဲ့ကြသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~