အမ်ားျပည္သူမ်ား သံုးစြဲရန္မသင့္ေသာ ပစၥည္းျဖစ္ေၾကာင္း က်န္းမာေရးက အသိေပးေၾကညာ

အမ်ားျပည္သူမ်ား သံုးစြဲရန္မသင့္ေသာ ပစၥည္းျဖစ္ေၾကာင္း က်န္းမာေရးက အသိေပးေၾကညာ
မေ 12, 2018
By Tachileik News Agency

ဓာတ္ခြဲစစ္ေဆးမႈ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိေသာ ေအာက္ေဖာ္ျပပါ IV Cannula အား သုံးစြဲမိပါက လူနာမ်ားတြင္ အပ္ထိုးေသာေနရာ၌ ပိုးဝင္ႏိုင္ျခင္း ( Cannula site infection), ေသြးျပန္ေၾကာေယာင္ယမ္းျခင္း (Thrombophlebitis )မ်ား ျဖစ္ႏိုင္သည့္အတြက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက အမ်ားျပည္သူမ်ား သံုးစြဲရန္မသင့္ေသာ ပစၥည္းမ်ားျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ပစၥည္းမ်ားအား တင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ပါက  သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ ၂၀၁၈ခုႏွစ္ ေမလ(၁၁)ရက္ေန႔က ထုတ္ျပန္ေၾကညာထားရွိသည္။

- IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand)
(Lot-61134/485) Mediplus (India) Limited, INDIA Aerobic & Anaerobic Bacteria (+)

- IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand)
(Lot-70524/191) Mediplus (India) Limited, INDIA Aerobic Bacteria (+)



~~~~~~~~⊰❂ unicode ~~~~~~~~

ဓာတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အောက်ဖော်ပြပါ IV Cannula အား သုံးစွဲမိပါက လူနာများတွင် အပ်ထိုးသောနေရာ၌ ပိုးဝင်နိုင်ခြင်း ( Cannula site infection), သွေးပြန်ကြောယောင်ယမ်းခြင်း (Thrombophlebitis )များ ဖြစ်နိုင်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အများပြည်သူများ သုံးစွဲရန်မသင့်သော ပစ္စည်းများဖြစ်ကြောင်း နှင့် အဆိုပါ ပစ္စည်းများအား တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ၂၀၁၈ခုနှစ် မေလ(၁၁)ရက်နေ့က ထုတ်ပြန်ကြေညာထားရှိသည်။

- IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand)
(Lot-61134/485) Mediplus (India) Limited, INDIA Aerobic & Anaerobic Bacteria (+)

- IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand)
(Lot-70524/191) Mediplus (India) Limited, INDIA Aerobic Bacteria (+)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~