တာခ်ီလိတ္တြင္ ႏုိင္ငံျခားသားမ်ားႏွင့္ပတ္သက္ၿပီး စည္းကမ္းလိုက္နာမႈအားနည္း၍ သက္ဆုိင္ရာ လုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ၾကရန္ လဝက တုိက္တြန္း

တာခ်ီလိတ္တြင္ ႏုိင္ငံျခားသားမ်ားႏွင့္ပတ္သက္ၿပီး စည္းကမ္းလိုက္နာမႈအားနည္း၍ သက္ဆုိင္ရာ လုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ၾကရန္ လဝက တုိက္တြန္း
မေ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိိတ္ၿမိဳ႕တြင္ ႏုိင္ငံျခားသားမ်ားႏွင့္ ပတ္သက္၍ စည္းကမ္းလုိက္နာမႈ အားနည္းေနၿပီး အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ဝန္ထမ္း အင္အားမွာလည္း နည္းသည့္အတြက္ ႏုိင္ငံျခားသားမ်ားႏွင့္ ဆက္စပ္သည့္ လုပ္ငန္းမ်ား အေနျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ တိုက္တြန္းလုိက္သည္။

"တာခ်ီလိတ္ၿမိဳ႕မွာက ကၽြန္ေတာ္တို႔ဌာနရဲ႕ ဝန္ထမ္းအင္အားနည္းတယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံျခားသားမ်ားနဲ႔ ပတ္သက္ၿပီးေတာ့ စည္းကမ္းလိုက္နာမႈ အပိုင္းမွာလည္း နည္းတဲ့အတြက္ စည္းကမ္းေတြကို အခုလို ဟိုတယ္၊ မိုတယ္ေတြကို ခ်ျပတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း တစ္ျဖည္းျဖည္းနဲ႔ ရပ္ေက်း အဆင့္အထိ အသိပညာေပးသြားမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏုိင္ငံျခားသားနဲ႔ ဆက္စပ္တဲ့ ဖမ္းဆီးရမိတဲ့ မူးယစ္မႈေတြ၊ တရားမဝင္အမႈေတြမွာ တာခ်ီလိတ္မွာက (၁၀) မႈနဲ႔ က်ဳိင္းတုံက (၁) မႈျဖစ္ခဲ့တဲ့အတြက္ တာခ်ီလိတ္မွာက အရမ္းမ်ားေနပါတယ္။ ဒါေၾကာင့္ အသိပညာ ေပးမႈေတြ ဆက္လုပ္သြားပါမယ္"ဟု အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ဒုတိယျပည္နယ္ ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ႏုိင္ငံျခားသားမ်ားႏွင့္ ဆက္စပ္သည့္လုပ္ငန္း လုပ္ကိုင္သူမ်ားအား ႏိုင္ငံျခားသားမ်ား ႀကီးၾကပ္ထိန္းသိမ္းေစာင့္ေရွာက္ေရး အသိပညာေပး ရွင္းလင္းေဆြးေႏြးပြဲျခင္းကို ေမလ (၈)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕ရိွ Golden Cherry Hotel တြင္ က်င္းပရာ ယင္းကဲ့သို႔ တုိက္တြန္း ေျပာလုိက္ျခင္းျဖစ္သည္။

"ကြ်န္ေတာ္တို႔ႏိုင္ငံကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရိွလာတဲ့ ႏိုင္ငံျခားသားေတြ ဝင္ထြက္ သြားလာတဲ့ ေနရာမွာ သူတို႔နဲ႔ ဆက္စပ္ေနရတဲ့ ဟိုတယ္၊ မိုတယ္ေတြ၊ သယ္သူပို႕ေဆာင္ေပးသူေတြ၊ ျပည္သူေတြနဲ႔ ဌာနဆိုင္ရာေတြအေနနဲ႔ သူတို႕ရဲ႕ လႈပ္ရွားသြားလာမႈေတြ၊ လုံၿခံဳေရးအတြက္ ထိန္းသိမ္း ေစာင့္ေရွာက္ျခင္းေတြနဲ႔ ပတ္သက္ၿပီး ဌာနအလိုက္ သတ္မွတ္ျပဌာန္းထားတဲ့ ျပဌာန္းခ်က္ေတြနဲ႔ အညီ ၾကည့္ၾကပ္ေစာင့္ေရွာက္ထိန္းသိမ္းေပးမယ့္ လုပ္ငန္းစဥ္ေတြကို သိရိွၿပီး ပူးေပါင္းေဆာင္ရြက္ဖို႔နဲ႔ ေဒသအတြင္း လုံၿခံဳေရးအတြက္ ေဆာင္ရြက္ႏိုင္ဖို႔ ရည္ရြယ္က်င္းပတာျဖစ္ပါတယ္"ဟု ဒုတိယျပည္နယ္ လ၀ကဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းက အခမ္းအနားတြင္ ရွင္းလင္းေျပာၾကားသည္။

အဆိုပါ အခမ္းအနားတြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလုံစံခတ္၊ ဟိုတယ္ႏွင့္ခရီးသြား ညႊန္ၾကားမႈဦးစီးဌာန ခရိုင္ဦးစီးမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေတဇာမင္း၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္း၊ တာခ်ီလိတ္ခရိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းႏွင့္ ဌာနဆိုင္ရာတာ၀န္ရိွသူမ်ား၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္၊ မိုတယ္မ်ားမွ တာဝန္ရိွသူမ်ား၊ ဧည့္လမ္းညႊန္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္လိုင္းမ်ားမွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုင်ငံခြားသားများနှင့် ပတ်သက်၍ စည်းကမ်းလိုက်နာမှု အားနည်းနပြေီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ထမ်း အင်အားမှာလည်း နည်းသည့်အတွက် နိုင်ငံခြားသားများနှင့် ဆက်စပ်သည့် လုပ်ငန်းများ အနဖြေင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။

"တာချီလိတ်မြို့မှာက ကျွန်တော်တို့ဌာနရဲ့ ဝန်ထမ်းအင်အားနည်းတယ်။ နောက်ပြီးတော့ နိုင်ငံခြားသားများနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းလိုက်နာမှု အပိုင်းမှာလည်း နည်းတဲ့အတွက် စည်းကမ်းတွေကို အခုလို ဟိုတယ်၊ မိုတယ်တွေကို ချပြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တစ်ဖြည်းဖြည်းနဲ့ ရပ်ကျေး အဆင့်အထိ အသိပညာပေးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသားနဲ့ ဆက်စပ်တဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်မှုတွေ၊ တရားမဝင်အမှုတွေမှာ တာချီလိတ်မှာက (၁၀) မှုနဲ့ ကျိုင်းတုံက (၁) မှုဖြစ်ခဲ့တဲ့အတွက် တာချီလိတ်မှာက အရမ်းများနေပါတယ်။ ဒါကြောင့် အသိပညာ ပေးမှုတွေ ဆက်လုပ်သွားပါမယ်"ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောသည်။

တာချီလိတ်မြို့ရှိ နိုင်ငံခြားသားများနှင့် ဆက်စပ်သည့်လုပ်ငန်း လုပ်ကိုင်သူများအား နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲခြင်းကို မေလ (၈)ရက်နေ့ နံနက်က တာချီလိတ်မြို့ရှိ Golden Cherry Hotel တွင် ကျင်းပရာ ယင်းကဲ့သို့ တိုက်တွန်း ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေ ဝင်ထွက် သွားလာတဲ့ နေရာမှာ သူတို့နဲ့ ဆက်စပ်နေရတဲ့ ဟိုတယ်၊ မိုတယ်တွေ၊ သယ်သူပို့ဆောင်ပေးသူတွေ၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေ၊ လုံခြုံရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်းတွေနဲ့ ပတ်သက်ပြီး ဌာနအလိုက် သတ်မှတ်ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ အညီ ကြည့်ကြပ်စောင့်ရှောက်ထိန်းသိမ်းပေးမယ့် လုပ်ငန်းစဉ်တွေကို သိရှိပြီး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသအတွင်း လုံခြုံရေးအတွက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်"ဟု ဒုတိယပြည်နယ် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက အခမ်းအနားတွင် ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာမင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာချီလိတ်မြို့ရှိ ဟိုတယ်၊ မိုတယ်များမှ တာဝန်ရှိသူများ၊ ဧည့်လမ်းညွှန်များနှင့် မော်တော်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~