တိုက်ပွဲတွင်း ပိတ်မိပြည်သူများလွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေး ကျိုင်းတုံတွင် ဆုတောင်းပွဲ ကျင်းပ

တိုက်ပွဲတွင်း ပိတ်မိပြည်သူများလွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေး ကျိုင်းတုံတွင် ဆုတောင်းပွဲ ကျင်းပ
မေ 8, 2018
By Tachileik News Agency

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်များ ရပ်တန့်ရေး ဆုတောင်းပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဟွေခါးကချင်ရွာရှိ ကျိုင်းတုံမြို့ ကချင်ဇုံနယ် သာသနာနှစ် (၁၀၀) ပြည့်ခန်းမတွင် ၂၀၁၈ခုနှစ် မေလ(၈)ရက် ညပိုင်းက ကျင်းပသည်။

"ဒီညမှာ ကျွန်တော်တို့အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့နဲ့ သူတို့လွတ်မြောက်ဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်တွေ၊ အဖွဲ့အစည်းတွေအတွက်နဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့ လူငယ်တွေ စုပေါင်းပြီး ဆုတောင်းကြတာဖြစ်ပါတယ်"ဟု ကျိုင်းတုံဇုံနယ် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့၏ လူငယ်ဌာနမှ တာဝန်ခံ ကိုလဖိုင်ဇော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆုတောင်းပွဲကို ကျိုင်းတုံဇုံနယ် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့၏ လူငယ်ဌာနမှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး တာလေမြို့၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့များမှ လူငယ်(၇၀)ဦးခန့် စုပေါင်းကာ ခရစ်ယာန် ဘာသာ ထုံးတမ်းအစဉ် အလာအရ ဝတ်ပြုစည်းဝေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇွဲမြတ်


 


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်များ ရပ်တန့်ရေး ဆုတောင်းပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဟွေခါးကချင်ရွာရှိ ကျိူင်းတုံမြို့ ကချင်ဇုံနယ် သာသနာနှစ် (၁၀၀) ပြည့်ခန်းမတွင် ၂၀၁၈ခုနှစ် မေလ(၈)ရက် ညပိုင်းက ကျင်းပသည်။

"ဒီညမှာ ကျွန်တော်တို့အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့နဲ့ သူတို့လွတ်မြောက်ဖို့ ကြိုးပမ်းနကြေတဲ့ လူငယ်တွေ၊ အဖွဲ့အစည်းတွေအတွက်နဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့ လူငယ်တွေ စုပေါင်းပြီး ဆုတောင်းကြတာဖြစ်ပါတယ်"ဟု ကျိုင်းတုံဇုံနယ် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့၏ လူငယ်ဌာနမှ တာဝန်ခံ ကိုလဖိုင်ဇော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆုတောင်းပွဲကို ကျိုင်းတုံဇုံနယ် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့၏ လူငယ်ဌာနမှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး တာလမြေို့၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့များမှ လူငယ်(၇၀)ဦးခန့် စုပေါင်းကာ ခရစ်ယာန် ဘာသာ ထုံးတမ်းအစဉ် အလာအရ ဝတ်ပြုစည်းဝေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ- S တန်​နိုင်​ထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~