ရှမ်းပြည်နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်ထားသူများ ဟိုတယ်ဆိုင်ရာအခမဲ့သင်တန်းအတွက် မေလ(၂၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ရှမ်းပြည်နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်ထားသူများ ဟိုတယ်ဆိုင်ရာအခမဲ့သင်တန်းအတွက် မေလ(၂၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်
မေ 7, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ရှိ ညောင်ရွှေအင်းလေး အသက်မွေးမှုသင်တန်းကျောင်းတွင် နော်ဝေနိုင်ငံ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်မည့် ဟိုတယ်ဆိုင်ရာဘာသာရပ် အခမဲ့သင်တန်းသို့ ရှမ်းပြည်နယ် အတွင်းမှ စိတ်ဝင်စားသူများ ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရသည်။


အဆိုပါ သင်တန်းအတွက် ရှမ်းပြည်နယ် တောင်ပိုင်းမှ သင်တန်းသား ( ၃၀ ) ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ သင်တန်းသား (၁၀) ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ သင်တန်းသား ( ၁၀ ) ဦး စုစုပေါင်း သင်တန်းသား ( ၅၀) ဦး ခေါ်ယူမည်ဖြစ်ကြောင်း သိရပြီး သင်တန်းကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် ရွေးချယ်ခံရသူများ အနေဖြင့် မိမိနေထိုင်ရာဒေသမှ သင်တန်းကျောင်းသို့ အသွားအပြန်ကို မိမိ အစီအစဉ်ဖြင့် လာရောက်ရန်နှင့် မိမိ၏ အိပ်ယာလိပ်၊ အသုံးအဆောင် ပစ္စည်းများကို တစ်ပါတည်း ယူဆောင်လာရန် လိုအပ်သော်လည်း သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်များကို သင်တန်းမှ အခမဲ့ စီစဉ်ပေးမည်ဖြစ်ကာ ကျောင်းလခ ပေးရန်မလိုအပ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးလျှင် Supervisor Level အဆင့် သင်တန်းဆင်း လက်မှတ် ပေးအပ်မည်ဖြစ်ပြီး သင်တန်း တက်လိုသူများ အနေဖြင့် သင်တန်းစည်းကမ်း လိုက်နာရန်၊ သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်ရန်၊ ဟိုတယ်လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

သင်တန်းအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စာရင်းပေးလိုသူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့  ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

 ဦးရဲမြင့်အောင် (ဥက္ကဌ)
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)
ဖုန်း -  095251656

ဦးအာကာ (ဒုတိယဥက္ကဌ)
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)
ဖုန်း -  09420759539


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှမြေို့ရှိ ညောင်ရွှေအင်းလေး အသက်မွေးမှုသင်တန်းကျောင်းတွင် နော်ဝေနိုင်ငံ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်မည့် ဟိုတယ်ဆိုင်ရာဘာသာရပ် အခမဲ့သင်တန်းသို့ ရှမ်းပြည်နယ် အတွင်းမှ စိတ်ဝင်စားသူများ ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရသည်။

သင်တန်းကာလ (၉)လကြာမည့် အဆိုပါသင်တန်းသို့ (၁၀)တန်းအောင်မြင်ပြီးသည့် အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်း မည်သူမဆို လျှောက်ထားနိုင်ပြီး လက်ရှိ ဟိုတယ်ဝန်ထမ်း လုပ်နေသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအတွက် ရှမ်းပြည်နယ် တောင်ပိုင်းမှ သင်တန်းသား ( ၃၀ ) ဦး၊ ရှမ်းပြည်နယ် မြောက်ပို်င်းမှ သင်တန်းသား (၁၀) ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ သင်တန်းသား ( ၁၀ ) ဦး စုစုပေါင်း သင်တန်းသား ( ၅၀) ဦး ခေါ်ယူမည်ဖြစ်ကြောင်း သိရပြီး သင်တန်းကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်စာ အရေး အဖတ် အပြော၊ ကွန်ပြူတာ၊ ဟိုတယ်ဝန်ဆောင်မှု ဘာသာရပ်များနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ကာ ဇွန်လမှ အောက်တိုဘာလအထိ စာတွေ့ သင်ကြားပေးမည် ဖြစ်ပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ရွေးချယ်ခံရသူများ အနဖြေင့် မိမိနေထိုင်ရာဒေသမှ သင်တန်းကျောင်းသို့ အသွားအပြန်ကို မိမိ အစီအစဉ်ဖြင့် လာရောက်ရန်နှင့် မိမိ၏ အိပ်ယာလိပ်၊ အသုံးအဆောင် ပစ္စည်းများကို တစ်ပါတည်း ယူဆောင်လာရန် လိုအပ်သော်လည်း သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်များကို သင်တန်းမှ အခမဲ့ စီစဉ်ပေးမည်ဖြစ်ကာ ကျောင်းလခ ပေးရန်မလိုအပ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးလျှင် Supervisor Level အဆင့် သင်တန်းဆင်း လက်မှတ် ပေးအပ်မည်ဖြစ်ပြီး သင်တန်း တက်လိုသူများ အနဖြေင့် သင်တန်းစည်းကမ်း လိုက်နာရန်၊ သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်ရန်၊ ဟိုတယ်လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

သင်တန်းအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စာရင်းပေးလိုသူများအနဖြေင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

 ဦးရဲမြင့်အောင် (ဥက္ကဌ)
ဟိုတယ်ခေမာရဋ္ဌ(ကျိုင်းတုံ)
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှတြေိဂံဇုန်)
ဖုန်း - 084-22691၊ 08423691

ဦးမျိုးမြင့်လွင် (ဒုတိယဥက္ကဌ)
ပါရမီမိုတယ် (ကျိုင်းတုံ)
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှတြေိဂံဇုန်)
ဖုန်း - ဝ၉၅၂၅၁၆၅၆ 095251656

ဦးအာကာ (ဒုတိယဥက္ကဌ)
ရွှေဘူးသီးဟိုတယ် (တာချီလိတ်)
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှတြေိဂံဇုန်)
ဖုန်း - 09420759539

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~