ငွေစက္ကူအတု နှင့် အစစ် လဲလှယ်ရောင်းချမည့် နှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ၍ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းတွင် အမှုဖွင့်

ငွေစက္ကူအတု နှင့် အစစ် လဲလှယ်ရောင်းချမည့် နှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ၍ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းတွင် အမှုဖွင့်
မေ 11, 2018
By Tachileik News Agency


မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းအပိုင် ရွှေပန်းအုပ်စု၊ ရိုးကူးတဲတိုက်ရှိနေအိမ်တွင် ဇော်ကြီးနှင့် လှထွန်း(ခ)မင်းမင်းတို့(၂)ဦးသည် ငွေစက္ကူအစစ်(၁)သိန်းလျှင် ငွေစက္ကူအတု (၃)သိန်းနှင့် လဲလှယ်ရောင်းချရန် ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မေလ(၉)ရက်နေ့ ညနေ(၆)နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့် အဖွဲ့ဖြင့် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် လှထွန်း(ခ)မင်းမင်းအား ကျပ်ငါးထောင်တန် ငွေစက္ကူ (၃၇၄)ရွက်၊ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု(၂)ရွက်၊ ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်း(၁) လုံးနှင့်တကွ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ဇော်ကြီးမှာ မေလ(၉)ရက်နေ့၊ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် ရွာမှပြန်သွားကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုနှင့်အတူ တွေ့ရသည့် လှထွန်း(ခ)မင်းမင်းနှင့် ဇော်ကြီးတို့အား ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ငွေစက္ကူအစစ်(၁)သိန်းလျှင် ငွေစက္ကူအတု(၃)သိန်းနှုန်းဖြင့် လဲလှယ်ရောင်းချနေသူနှစ်ဦးအား တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ ရွှေပန်းအုပ်စု၊ ရိုးကူးတဲတိုက်တွင် သွားရောက် ဖမ်းဆီးခဲ့ပြီး မေလ(၁၀)ရက်နေ့တွင် ဒန့်ဒလွန်ပင်နယ်မြေရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းအပိုင် ရွှေပန်းအုပ်စု၊ ရိုးကူးတဲတိုက်ရှိနေအိမ်တွင် ဇော်ကြီးနှင့် လှထွန်း(ခ)မင်းမင်းတို့(၂)ဦးသည် ငွေစက္ကူအစစ်(၁)သိန်းလျှင် ငွေစက္ကူအတု (၃)သိန်းနှင့် လဲလှယ်ရောင်းချရန် ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မေလ(၉)ရက်နေ့ ညနေ(၆)နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့် အဖွဲ့ဖြင့် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် လှထွန်း(ခ)မင်းမင်းအား ကျပ်ငါးထောင်တန် ငွေစက္ကူ (၃၇၄)ရွက်၊ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု(၂)ရွက်၊၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်း(၁) လုံးနှင့်တကွ တွေ့ရှိ သိ်မ်းဆည်းရမိခဲ့ပြီး ဇော်ကြီးမှာ မေလ(၉)ရက်နေ့၊ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် ရွာမှပြန်သွားကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုနှင့်အတူ တွေ့ရသည့် လှထွန်း(ခ)မင်းမင်းနှင့် ဇော်ကြီးတို့အား ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ မြန်မာနို်င်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~