လူမႈကူညီေရးအသင္းမ်ား၏ အမည္မ်ားကို အလြဲသံုးမႈႏွင့္ ပတ္သက္၍ မသကၤာသူႏွစ္ဦးအား စစ္ေဆးေန

လူမႈကူညီေရးအသင္းမ်ား၏ အမည္မ်ားကို အလြဲသံုးမႈႏွင့္ ပတ္သက္၍ မသကၤာသူႏွစ္ဦးအား စစ္ေဆးေန
မေ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရပ္ကြက္ (၇) ရွိ ကားစေတကာကပ္လုပ္ငန္းတစ္ခုတြင္ လူမႈကူညီေရး အသင္းစေတကာလာကပ္သည့္ ေမာ္ေတာ္ယာဥ္ႏွစ္စီးအား ပတ္ဝန္းက်င္မွ မသကၤာသျဖင့္ ေမလ (၁၄) ရက္ေန႔က သက္ဆိုင္ရာသို႔ တိုင္ၾကားရာ အသင္းအဖြဲ႔မ်ားႏွင့္ ပတ္သက္၍ အေထာက္အထား မရွိသည့္ အတြက္ ေခၚယူစစ္ေဆးေနေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ရပ္ကြက္ (၇) ၊ ယံုေဟာ္ကြင္းလမ္းၾကားရွိ စေတကာႏွင့္ နံပါတ္ျပားေရာင္းခ်သည့္ ဆိုင္ တစ္ဆိုင္တြင္ ၂၀၁၈ခုႏွစ္ ေမလ (၁၃) ရက္ေန႔က ALPHARD ယာဥ္ႏွစ္စီးအား အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔က လာေရာက္ အပ္ႏွံခဲ့ၿပီး “လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္း လားရိႈးၿမိဳ႕” ႏွင့္ “ မႏၱေလးလူငယ္မ်ား လူမႈကူညီေရး အသင္း မႏၱေလးၿမိဳ႕” စာတန္းမ်ားကို ကပ္ေပးရန္ အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈး လူငယ္မ်ား လူမႈကူညီေရးအသင္း အေနျဖင့္ အဆိုပါ ဆိုင္သို႔ ကားအပ္ထားျခင္း မရိွေၾကာင္း အသင္းဥကၠဌ ဦးထြန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

“လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္း-လားရႈိးၿမိဳ႕” ဟု စာတန္းမ်ားကပ္ေနဆဲျဖစ္သည့္ ALPHARD ယာဥ္ တစ္စီးမွာ ယာဥ္နံပါတ္ အနီေရာင္ SHN-HSE-688 ( သိန္းႏၷီၿမိဳ႕နယ္ လိုင္စင္ဟု ယူဆရ နံပါတ္ ၃ လံုးသာ ပါ)ဟု တပ္ဆင္ထားၿပီး ယာဥ္၏ အေနာက္ပိုင္းရွိ ကားေလး(စပရိန္)မ်ားကို အျမင့္မ်ား ေျပာင္းလဲ တပ္ဆင္ထားကာ ယာဥ္အတြင္းပိုင္း အေနာက္ခန္းတြင္ ထိုင္ခံုမ်ားတပ္ဆင္ထားျခင္း မရွိသည္ကို ေတြ႔ရွိရေၾကာင္း သိရသည္။

ထို႔ျပင္ ယာဥ္ေပၚတြင္ အေရးေပၚ မီးတန္းတပ္ဆင္ထားၿပီး ကားမွန္မ်ားကိုလည္း အနက္ေရာင္မ်ား ကပ္ထားကာ ကားအတြင္းပိုင္းမ်ားကို မျမင္ရေစရန္ လုပ္ေဆာင္ထားေၾကာင္း ေတြ႔ရွိရၿပီး ၎ယာဥ္၏ ေရွ႕ခန္း ယာဥ္ေမာင္း ေနရာရွိ ဒက္ရွ္ဘုတ္ေပၚတြင္ “ျမန္မာႏိုင္ငံ ကိုယ္အဂၤါ မသန္စြမ္းသူမ်ားအသင္း VIP ( ရံုးခ်ဳပ္- ရန္ကုန္)” ဟူသည့္ တံဆိပ္ကိုလည္း တပ္ဆင္ထားေၾကာင္း ေတြ႔ရွိရသည္။

“အသင္းအဖြဲ႔ကားေတြမွာ တံဆိပ္/စာတန္းအျပင္ အသင္းအဖြဲ႔ ဖုန္းနံပါတ္ေတြလည္း တပ္ထားရတယ္။ အခု သူတို႔ လုပ္ထားတဲ့ပံုက လူမႈကူညီေရးအသင္း အေယာင္ေဆာင္ထားတဲ့ပံု ျဖစ္ေနတဲ့အတြက္ လူမႈကူညီေရး အမွန္တကယ္လုပ္ေဆာင္ေနတဲ့ အသင္းအဖြဲ႔ေတြကို သိကၡာက်ေစတယ္” ဟု အသင္းနာမည္အား တရားမဝင္ ရယူအသံုးျပဳမႈကို ခံခဲ့ရသည့္ “လားရိႈးလူငယ္မ်ား လူမႈကူညီေရးအသင္း ဥကၠဌက ေျပာသည္။

“မႏၱေလးလူငယ္မ်ား လူမႈကူညီေရးအသင္း( မႏၱေလးၿမိဳ႕ ) ” ဟု စာတန္းမ်ားကပ္ထားကာ အေရးေပၚ မီးတန္း ပါဝင္သည့္ အျခားကားတစ္စီးတြင္လည္း အတြင္းခန္း ေနာက္ခန္းထိုင္ခံုမ်ားတပ္ဆင္ထားျခင္း မရွိဘဲ မွန္မ်ားကို အတြင္းအျပင္ အနက္ေရာင္မ်ားတပ္ဆင္ထားကာ ကား၏ ေလးမ်ားကိုလည္း အျမင့္မ်ားေျပာင္းလဲ တပ္ဆင္ ထားေၾကာင္း ေတြ႔ရွိရသည္။

အဆိုပါ ကားႏွစ္စီးအား လာေရာက္ပို႔ေဆာင္ခဲ့သည့္ အမ်ိဳးသားႏွစ္ဦးႏွင့္ စေတကာဆုိင္ပိုင္ရွင္တုိ႔အား လားရႈိးၿမိဳ႕မရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၇) ရှိ ကားစတေကာကပ်လုပ်ငန်းတစ်ခုတွင် လူမှုကူညီရေး အသင်းစတေကာလာကပ်သည့် မော်တော်ယာဉ်နှစ်စီးအား ပတ်ဝန်းကျင်မှ မသင်္ကာသဖြင့် မေလ (၁၄) ရက်နေ့က သက်ဆိုင်ရာသို့ တိုင်ကြားရာ အသင်းအဖွဲ့များနှင့် ပတ်သက်၍ အထောက်အထား မရှိသည့် အတွက် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက် (၇)၊ ယုံဟော်ကွင်းလမ်းကြားရှိ စတေကာနှင့် နံပါတ်ပြားရောင်းချသည့် ဆိုင် တစ်ဆိုင်တွင် ၂၀၁၈ခုနှစ် မေလ (၁၃) ရက်နေ့က ALPHARD ယာဉ်နှစ်စီးအား အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က လာရောက် အပ်နှံခဲ့ပြီး “လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း လားရှိုးမြို့” နှင့် “ မန္တလေးလူငယ်များ လူမှုကူညီရေး အသင်း မန္တလေးမြို့” စာတန်းများကို ကပ်ပေးရန် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုး လူငယ်များ လူမှုကူညီရေးအသင်း အနဖြေင့် အဆိုပါ ဆိုင်သို့ ကားအပ်ထားခြင်း မရှိကြောင်း အသင်းဥက္ကဌ ဦးထွန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“လားရှိုးလူငယ်များလူမှုကူညီရေးအသင်း-လားရှိုးမြို့” ဟု စာတန်းများကပ်နေဆဲဖြစ်သည့် ALPHARD ယာဉ် တစ်စီးမှာ ယာဉ်နံပါတ် အနီရောင် SHN-HSE-688 ( သိန်းန္နီမြို့နယ် လိုင်စင်ဟု ယူဆရ နံပါတ် ၃ လုံးသာ ပါ)ဟု တပ်ဆင်ထားပြီး ယာဉ်၏ အနောက်ပိုင်းရှိ ကားလေး(စပရိန်)များကို အမြင့်များ ပြောင်းလဲ တပ်ဆင်ထားကာ ယာဉ်အတွင်းပိုင်း အနောက်ခန်းတွင် ထိုင်ခုံများတပ်ဆင်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ယာဉ်ပေါ်တွင် အရေးပေါ် မီးတန်းတပ်ဆင်ထားပြီး ကားမှန်များကိုလည်း အနက်ရောင်များ ကပ်ထားကာ ကားအတွင်းပိုင်းများကို မမြင်ရစေရန် လုပ်ဆောင်ထားကြောင်း တွေ့ရှိရပြီး၎င်းယာဉ်၏ ရှေ့ခန်း ယာဉ်မောင်း နေရာရှိ ဒက်ရှ်ဘုတ်ပေါ်တွင် “မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း VIP ( ရုံးချုပ်- ရန်ကုန်)” ဟူသည့် တံဆိပ်ကိုလည်း တပ်ဆင်ထားကြောင်း တွေ့ရှိရသည်။

“အသင်းအဖွဲ့ကားတွေမှာ တံဆိပ်/စာတန်းအပြင် အသင်းအဖွဲ့ ဖုန်းနံပါတ်တွေလည်း တပ်ထားရတယ်။ အခု သူတို့ လုပ်ထားတဲ့ပုံက လူမှုကူညီရေးအသင်း အယောင်ဆောင်ထားတဲ့ပုံ ဖြစ်နေတဲ့အတွက် လူမှုကူညီရေး အမှန်တကယ်လုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေကို သိက္ခါကျစေတယ်” ဟု အသင်းနာမည်အား တရားမဝင် ရယူအသုံးပြုမှုကို ခံခဲ့ရသည့် “လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း ဥက္ကဌက ပြောသည်။

“မန္တလေးလူငယ်များ လူမှုကူညီရေးအသင်း( မန္တလေးမြို့ ) ” ဟု စာတန်းများကပ်ထားကာ အရေးပေါ် မီးတန်း ပါဝင်သည့် အခြားကားတစ်စီးတွင်လည်း အတွင်းခန်း နောက်ခန်းထိုင်ခုံများတပ်ဆင်ထားခြင်း မရှိဘဲ မှန်များကို အတွင်းအပြင် အနက်ရောင်များတပ်ဆင်ထားကာ ကား၏ လေးများကိုလည်း အမြင့်များပြောင်းလဲ တပ်ဆင် ထားကြောင်း တွေ့ရှိရသည်။

အဆိုပါ ကားနှစ်စီးအား လာရောက်ပို့ဆောင်ခဲ့သည့် အမျိုးသားနှစ်ဦးနှင့် စတေကာဆိုင်ပိုင်ရှင်တို့အား လားရှိုးမြို့မရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~