Update News

တာခ်ီလိတ္ ၿမိဳ႕မေစ်းအတြင္း ေရာင္းခ်ေနသည့္ အစားအေသာက္မ်ား ေဖာ္မလင္ ပါဝင္မႈ ရွိ မရွိ စစ္ေဆး

ရွမ္းျပည္နယ္(အေရွ႕ပို္င္း) တာခ်ီလိတ္ၿမိဳ႕ရိွ ၿမိဳ႕မေစ်း(ဝမ္ေကာင္းေစ်း)၌ ေရာင္းခ်ေနသည့္ အစားအေသာက္မ်ားတြင္ ေဖာ္မလင္သံုးစြဲမႈ အေျခအေနအား ေမလ (၄)ရက္ေန႔ နံနက္ပိုင္းက အစား အေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမႈ လုပ္ေဆာင္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဌာနကေနၿပီးေတာ့ ေဖာ္မလင္စစ္တာကို သုံးလတစ္ႀကိမ္ စစ္ေဆးပါတယ္။ အရင္ဆုံး ကၽြန္ေတာ္တို႔က ေစ်းကြက္အတြင္းမွာ ဘယ္သူေတြက ေရာင္းေနတယ္ဆိုတာ စစ္တယ္။ ၿပီးရင္ သူတို႔ဆီကေနၿပီးေတာ့ ပစၥည္းနမူနာေတြ ယူလာၿပီး တစ္ခါတည္းစစ္တယ္။ အေျဖကလည္း ခ်က္ခ်င္း သိရပါတယ္။ ဒီေန႔ စစ္တာေတြမွာေတာ့ ေဖာ္မလင္ပါတာ မေတြ႕ရပါဘူး"ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ ဦးစီးအရာရိွ ဦးေအာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေစ်းအတြင္းေရာင္းခ်ေနသည့္ ေသြးခဲ၊ မုန္႔တီ၊ မုန္႔ဖတ္ႏွင့္ ပဲျပားမ်ားတြင္ ေဖာ္မလင္ ပါ၀င္မႈ ရိွ/မရိွ စစ္ေဆးခဲ့ရာ သံုးစြဲျခင္း မရိွသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

"အစားအေသာက္ေတြကို တာရွည္ ထားခံေအာင္ဆုိၿပီး ေဖာ္မလင္ေတြ ထည့္လာၾကတယ္။ ေဖာ္မလင္ ထည့္တာမ်ားတဲ့ အစားအေသာက္ေတြကို စားတာမ်ားရင္ ခ်က္ခ်င္းဝမ္းသြားတယ္။ သတိလစ္တယ္။ အကယ္၍ ေဖာ္မလင္စားတာ တစ္ျဖည္းျဖည္းမ်ားလာရင္ အသည္းကို ထိလာတယ္။ ေက်ာက္ကပ္ကို ထိလာတယ္။ ဒါေၾကာင့္ ေဖာ္မလင္က ေကာင္းက်ိဳး မေပးဘူး။ ဒါေတြကို ေစ်းသည္ေတြကိုလည္း နားလည္ေအာင္ အသိပညာေပးတာေတြလုပ္တယ္။ေစ်းကြက္အတြင္းမွာ မေရာင္းေအာင္လည္း တားျမစ္ပါတယ္"ဟု  အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္တိုးကေျပာသည္။

အဆိုပါ စစ္ေဆးမႈသို႔ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္တိုးႏွင့္ စားသုံးသူေရးရာ ဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ ဦးျမင့္ေနာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနတို႔ ပါ၀င္သည့္   သက္ဆုိင္ရာ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္









~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပို်င်း) တာချီလိတ်မြို့ရှိ မြို့မဈေး(ဝမ်ကောင်းဈေး)၌ ရောင်းချနေသည့် အစားအသောက်များတွင် ဖော်မလင်သုံးစွဲမှု အခြေအနေအား မေလ (၄)ရက်နေ့ နံနက်ပိုင်းက အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှု လုပ်ဆောင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဌာနကနပြေီးတော့ ဖော်မလင်စစ်တာကို သုံးလတစ်ကြိမ် စစ်ဆေးပါတယ်။ အရင်ဆုံး ကျွန်တော်တို့က ဈေးကွက်အတွင်းမှာ ဘယ်သူတွေက ရောင်းနေတယ်ဆိုတာ စစ်တယ်။ ပြီးရင် သူတို့ဆီကနပြေီးတော့ ပစ္စည်းနမူနာတွေ ယူလာပြီး တစ်ခါတည်းစစ်တယ်။ အဖြေကလည်း ချက်ချင်း သိရပါတယ်။ ဒီနေ့ စစ်တာတွေမှာတော့ ဖော်မလင်ပါတာ မတွေ့ရပါဘူး"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဦးအောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဈေးအတွင်းရောင်းချနေသည့် သွေးခဲ၊ မုန့်တီ၊ မုန့်ဖတ်နှင့် ပဲပြားများတွင် ဖော်မလင် ပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာ သုံးစွဲခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

"အစားအသောက်တွေကို တာရှည် ထားခံအောင်ဆိုပြီး ဖော်မလင်တွေ ထည့်လာကြတယ်။ ဖော်မလင် ထည့်တာများတဲ့ အစားအသောက်တွေကို စားတာများရင် ချက်ချင်းဝမ်းသွားတယ်။ သတိလစ်တယ်။ အကယ်၍ ဖော်မလင်စားတာ တစ်ဖြည်းဖြည်းများလာရင် အသည်းကို ထိလာတယ်။ ကျောက်ကပ်ကို ထိလာတယ်။ ဒါကြောင့် ဖော်မလင်က ကောင်းကျိုး မပေးဘူး။ ဒါတွေကို ဈေးသည်တွေကိုလည်း နားလည်အောင် အသိပညာပေးတာတွေလုပ်တယ်။ဈေးကွက်အတွင်းမှာ မရောင်းအောင်လည်း တားမြစ်ပါတယ်"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးကပြောသည်။

အဆိုပါ စစ်ဆေးမှုသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးမြင့်နောင်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတို့ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::