အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း ေဆာင္ရြက္ေနမႈႏွင့္ အေျခခံပညာ ျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းမ်ား အေၾကာင္းေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ

အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း ေဆာင္ရြက္ေနမႈႏွင့္ အေျခခံပညာ ျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းမ်ား အေၾကာင္းေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ
မေ 16, 2018
By Tachileik News Agency

အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း (NESP) ေဆာင္ရြက္ေနမႈတင္ျပျခင္းႏွင့္ အေျခခံပညာ ျပဳျပင္ ေျပာင္းလဲမႈ လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း ေဆြးေႏြးပြဲ အခမ္းအနားကို ၂၀၁၈ ခုႏွစ္ ေမလ (၁၆)ရက္ နံနက္ပိုင္းမွ စတင္ကာ တာခ်ီလိတ္ၿမိဳ႕ရိွ ေအာင္ျမတ္ခန္းမတြင္ က်င္းပလ်က္ရွိေၾကာင္း သိရသည္။

“ေက်ာင္းေနရြယ္ ကေလးတိုင္း သင္ရိုးအျပည့္အဝရရိွေစဖို႔အတြက္ ေက်ာင္းပညာေရးနဲ႕ ပညာသင္ယူ ႏိုင္တဲ့ အခြင့္အလမ္းမ်ားထားရိွ ထားပါတယ္။ အကယ္၍ ပညာသင္ယူမႈ အခြင့္အလမ္းမရရိွတဲ့ ေက်ာင္းေနရြယ္ ကေလးမ်ား ရိွခဲ့မယ္ဆိုရင္ ေက်ာင္းနဲ႕ မိဘရပ္ရြာအဖြဲ႕အစည္းမ်ားက ပူးေပါင္းၿပီးေတာ့ ေက်ာင္းကို ေရာက္ရိွေအာင္ ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္”ဟု ပညာေရး၀န္ႀကီးဌာန၏ ေလ့လာဆန္းစစ္အကဲျဖတ္ေရးအဖြဲ႕ (သုေတသန)မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေန၀င္းက ေျပာသည္။

အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း(NESP)၏ ရည္မွန္းခ်က္ပန္းတိုင္မ်ားမွာ ေက်ာင္းမ်ားႏွင့္ သင္ယူမႈ ဌာနအားလုံးမွာ ေက်ာင္းသားမ်ား၏ သင္ယူတတ္ေျမာက္မႈမ်ားကို သိသာထင္ရွားစြာ တိုးတက္ လာေရးကို ဦးတည္ၿပီး ပိုမိုေကာင္းမြန္ေသာ သင္ၾကားသင္ယူမႈ၊ သက္ေမြးပညာေရးႏွင့္ ေလ့က်င့္ေရး၊ သုေတသနႏွင့္ ဆန္းသစ္တီထြင္မႈမ်ား ျဖစ္ေပၚလာေစရန္ ဦးတည္ေဆာင္ရြက္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကန္း(NESP)ပါ အေျခခံပညာျပဳျပင္ေျပာင္းလဲမႈမ်ားကို နားလည္ သေဘာေပါက္ေစရန္ အတြက္ ပညာေရး၀န္ႀကီးဌာနမွ အဖြဲ႕(၇)ဖြဲ႕ျဖင့္ ေမလအတြင္းတြင္ ၿမိဳ႕ေပါင္း(၃၀)တြင္ ယခုကဲ့သို႕ ေဆြးေႏြးပြဲမ်ား လုပ္ဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

အခမ္းအနားသို႔ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ ပညာေရး၀န္ႀကီးဌာန ေလ့လာဆန္းစစ္ အကဲျဖတ္ေရးအဖြဲ႕ (သုေတသန)မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေန၀င္းႏွင့္ ပညာေရး၀န္ႀကီးဌာနမွ တာဝန္ရိွ သူမ်ား၊ စြမ္းေဆာင္ရည္ျမႇင့္တင္ေရးအဖြဲ႕မွ ေဒၚသဥၨာစိုးျမင့္ႏွင့္ ေဒၚသင္းသင္းခိုင္၊ ျပည္နယ္၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္ ပညာေရးမွဴးမ်ား၊ က်ိဳင္းတုံ တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္မွာ ဆရာ၊ဆရာမမ်ား၊ အေျခခံပညာ ေက်ာင္းႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားမွ ဆရာ၊ဆရာမမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) ဆောင်ရွက်နေမှုတင်ပြခြင်းနှင့် အခြေခံပညာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ လုပ်ဆောင်ခြင်း ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ (၁၆)ရက် နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

“ကျောင်းနေရွယ် ကလေးတိုင်း သင်ရိုးအပြည့်အဝရရှိစေဖို့အတွက် ကျောင်းပညာရေးနဲ့ ပညာသင်ယူ နိုင်တဲ့ အခွင့်အလမ်းများထားရှိ ထားပါတယ်။ အကယ်၍ ပညာသင်ယူမှု အခွင့်အလမ်းမရရှိတဲ့ ကျောင်းနေရွယ် ကလေးများ ရှိခဲ့မယ်ဆိုရင် ကျောင်းနဲ့ မိဘရပ်ရွာအဖွဲ့အစည်းများက ပူးပေါင်းပြီးတော့ ကျောင်းကို ရောက်ရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP)၏ ရည်မှန်းချက်ပန်းတိုင်များမှာ ကျောင်းများနှင့် သင်ယူမှု ဌာနအားလုံးမှာ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုများကို သိသာထင်ရှားစွာ တိုးတက် လာရေးကို ဦးတည်ပြီး ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကန်း(NESP)ပါ အခြေခံပညာပြုပြင်ပြောင်းလဲမှုများကို နားလည် သဘောပေါက်စေရန် အတွက် ပညာရေးဝန်ကြီးဌာနမှ အဖွဲ့(၇)ဖွဲ့ဖြင့် မေလအတွင်းတွင် မြို့ပေါင်း(၃၀)တွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ လုပ်ဆာင်နခြေင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့မှ ဒေါ်သဉ္ဇာစိုးမြင့်နှင့် ဒေါ်သင်းသင်းခိုင်၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများ၊ ကျိုင်းတုံ တက္ကသိုလ်နှင့် ပညာရေးကောလိပ်မှာ ဆရာ၊ဆရာမများ၊ အခြေခံပညာ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~