မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး လက်အောက်ရှိ မက်မန်းမြို့နယ်ပညာရေးမှူးရုံးအား ကျိုင်းတုံခရိုင် ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့မည်

မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး လက်အောက်ရှိ မက်မန်းမြို့နယ်ပညာရေးမှူးရုံးအား ကျိုင်းတုံခရိုင် ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့မည်
မေ 16, 2018
By Tachileik News Agency



၂၀၁၈ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မက်မန်းမဲ ဆန္ဒနယ်မှ ဦးတင်အေးက မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအား ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတင်း - ဇာနှင်း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင် ထားရှိရာမှ ကျိုင်းတုံခရိုင်ပညာရေးမှူးရုံး၏ ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း သိရသည်။

ရုံးလုပ်ငန်းများနှင်‌့ ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သည့် အခါ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ တင်ပြထားသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မက်မန်းမဲ ဆန္ဒနယ်မှ ဦးတင်အေးက မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအား ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြကြေားခဲ့ခြင်း ဖြစ်သည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~