တာခ်ီလိတ္တြင္ မူးယစ္ေဆး လက္လီေရာင္းခ်ေနေၾကာင္း သတင္းအရ ကင္းပုန္းျဖင့္ ေစာင့္ဖမ္းရာက (၃)ဦး ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး လက္လီေရာင္းခ်ေနေၾကာင္း သတင္းအရ ကင္းပုန္းျဖင့္ ေစာင့္ဖမ္းရာက (၃)ဦး ဖမ္းဆီးရမိ
မေ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္တြင္ မူးယစ္ေဆးလက္လီေရာင္းခ်ေၾကာင္း သတင္းအရ ေမလ (၇)ရက္ေန႔က ကင္းပုန္းျဖင့္ ေစာင့္ဆုိင္း ဖမ္းဆီးရာ အမ်ိဳးသားႏွစ္ဦးနွင့္ အမ်ိဳးသမီး တစ္ဦးတို႔အား မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေမာင္ၾကည္(ခ) အုိက္က်ိဳင္း၏ ေဘာင္းဘီအိတ္အတြင္းမွ WY စာတမ္းပါ စိိတ္ၾကြရူးသြပ္ေဆးျပား (၄၉)ျပား၊ စိုင္းဝင္းသစ္(ခ) ဝက္သားခ်ဥ္၏ ခါးပတ္အိတ္အတြင္းမွ ဘိန္းျဖဴမႈန္႔ (၀.၅)ဂရမ္ႏွင့္ မူးယစ္ေဆးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဝါးေျပာင္းတစ္ခု၊  ျဖဴရာ (ခ) အဘူး၏ လက္ဆြဲအိတ္အတြင္းမွ ဘိန္းျဖဴ (၀.၈)ဂရမ္ခန္႔ပါသည့္ ပလတ္စတစ္ဗူးတစ္ဗူး၊ ဘိန္းျဖဴအေလးခ်ိန္ (၀.၁၅)ဂရမ္ခန္႔စီပါသည့္ အေအးစုပ္ပိုက္ (၆)ပိုက္၊ (၀.၀၁)ဂရမ္စီပါသည့္ အေအးစုပ္ပိုက္ (၁၀)ပိုက္ စုစုေပါင္း ဘိန္းျဖဴ (၁.၈)ဂရမ္ခန္႔၊ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄၃)ျပားတို႔ႏွင့္အတူ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ က်ပ္ေငြ တစ္ေသာင္းႏွင့္ ထိုင္းဘတ္ေငြ (၃၂၀၀)တို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ သံုးဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေမာင္ၾကည္ (ခ) အုိက္က်ိဳင္းအား မယ(ပ) ၃၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ လည္းေကာင္း၊ စိုင္းဝင္းသစ္(ခ) ဝက္သားခ်ဥ္အား မယ(ပ)၃၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)အရ လည္းေကာင္း၊ ျဖဴရာ(ခ)အဘူးအား မယ(ပ) ၃၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရလည္းေကာင္း အသီးသီး အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် မူးယစ်ဆေးလက်လီရောင်းချကြောင်း သတင်းအရ မေလ (၇)ရက်နေ့က ကင်းပုန်းဖြင့် စောင့်ဆိုင်း ဖမ်းဆီးရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မောင်ကြည်(ခ) အိုက်ကျိုင်း၏ ဘောင်းဘီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄၉)ပြား၊ စိုင်းဝင်းသစ်(ခ) ဝက်သားချဉ်၏ ခါးပတ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့် (ဝ.၅)ဂရမ်နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဝါးပြောင်းတစ်ခု၊ ဖြူရာ (ခ) အဘူး၏ လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ (ဝ.၈)ဂရမ်ခန့်ပါသည့် ပလတ်စတစ်ဗူးတစ်ဗူး၊ ဘိန်းဖြူအလေးချိန် (ဝ.၁၅)ဂရမ်ခန့်စီပါသည့် အအေးစုပ်ပိုက် (၆)ပိုက်၊ (ဝ.ဝ၁)ဂရမ်စီပါသည့် အအေးစုပ်ပိုက် (၁၀)ပိုက် စုစုပေါင်း ဘိန်းဖြူ (၁.၈)ဂရမ်ခန့်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၃)ပြားတို့နှင့်အတူ မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ကျပ်ငွေ တစ်သောင်းနှင့် ထိုင်းဘတ်ငွေ (၃၂၀၀)တို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူ သုံးဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မောင်ကြည် (ခ) အိုက်ကျိုင်းအား မယ(ပ) ၃၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ လည်းကောင်း၊ စိုင်းဝင်းသစ်(ခ) ဝက်သားချဉ်အား မယ(ပ)၃၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)အရ လည်းကောင်း၊ ဖြူရာ(ခ)အဘူးအား မယ(ပ) ၃၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရလည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~