ေမာ္ေတာ္ယာဥ္ (၂)စီးျဖင့္ သယ္ေဆာင္လာၿပီး က်ပ္သိန္းေပါင္း (၉၆၀၀)ေက်ာ္ တန္ဖိုးရွိ ဘိန္းစိမ္းမ်ားအား နမ့္စန္တြင္ ဖမ္းဆီးရမိ

ေမာ္ေတာ္ယာဥ္ (၂)စီးျဖင့္ သယ္ေဆာင္လာၿပီး က်ပ္သိန္းေပါင္း (၉၆၀၀)ေက်ာ္ တန္ဖိုးရွိ ဘိန္းစိမ္းမ်ားအား နမ့္စန္တြင္ ဖမ္းဆီးရမိ
မေ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိဳင္လင္ခရိုင္၊ နမ့္စန္ၿမိဳ႕နယ္ မိုင္းစိတ္ေက်းရြာအုပ္စုအတြင္း၌ လူ(၇)ဦးမွ ေမာ္ေတာ္ယာဥ္ ႏွစ္စီးျဖင့္ တင္ေဆာင္လာသည့္ ဘိန္းစိမ္းမ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ ေမလ(၂၄)ရက္ေန႔ နံနက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

နမ့္စန္တပ္နယ္မွ တပ္မေတာ္သားမ်ား၊ မတ္က်န္း(ဌာေန)ျပည္သူ႔စစ္တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၈ခုႏွစ္ ေမလ(၂၄)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က မိုင္းစိတ္ေက်းရြာ အုပ္စုအတြင္း နယ္ေျမလံုၿခံဳေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ေကာင္းမူေ၀ႏွင့္ ေနာင္စန္ေက်းရြာ ခ်င္းဆက္ ကားလမ္းေပၚတြင္ ေနာင္စန္႔ေက်းရြာဘက္မွ ေမာင္းႏွင္းလာေသာ ယာဥ္ႏွစ္ဦးအား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ ဘိန္းစိမ္းမ်ားကို သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔တို႔သည္ ယာဥ္မ်ားအတြင္း ရွာေဖြရာ ဟိုင္းလပ္ယာဥ္ေပၚမွ ဘိန္းစိမ္း စုစုေပါင္း ကီလို(၇၈၀)ႏွင့္ က်ပ္သိန္းေပါင္း(၁၃၀၀)ေက်ာ္ တန္ဖိုးရွိ ဘိန္းညိဳခဲမ်ားကို သိမ္းဆည္းရမိသည့္အျပင္ ဗီဂိုအမ်ဳိးအစား ေမာ္ေတာ္ယာဥ္ေပၚက ဘိန္းစိမ္း စုစုေပါင္း ကီလို(၆၀၀)တို႔အား သိမ္းဆည္းရမိရာ ယာဥ္ႏွစ္စီးေပၚမွ သိမ္းဆည္းရမိသည့္ ဘိန္းစိမ္းမ်ား၏ စုစုေပါင္း တန္ဖိုးမွာ က်ပ္သိန္း(၉၆၃၀)သိန္း၀န္းက်င္ရွိေၾကာင္း သိရသည္။

ဆက္လက္၍ ဘိန္းစိမ္းမ်ားအား သယ္ေဆာင္ရာတြင္ ပါ၀င္သည့္ ယာဥ္ႏွစ္စီး၏ ယာဥ္ေမာင္းႏွစ္ဦး အပါအ၀င္ စုစုေပါင္း (၇)ဦးတို႔အား ဖမ္းဆီးရမိေရးအဖြဲ႔က ရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္းေပးလိုက္ၿပီးေနာက္ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

ယင္းအျပင္ နမ့္စန္ၿမိဳ႕နယ္၊ ေနာင္စန္႔ရြာလယ္လမ္းမေပၚတြင္လည္း ဘိန္းမဲ ကီလို(၃၀)ေက်ာ္ သယ္ေဆာင္လာသည့္ အမ်ဳိးသားႏွစ္ဦးကို ေမလ(၂၄)ရက္ေန႔မွာပင္ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ေနေဇာ္ႏိုင္ NLD ( နမ့္စန္ )



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာအုပ်စုအတွင်း၌ လူ(၇)ဦးမှ မော်တော်ယာဉ် နှစ်စီးဖြင့် တင်ဆောင်လာသည့် ဘိန်းစိမ်းများအား ပူးပေါင်းအဖွဲ့ဖြင့် မေလ(၂၄)ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်စန်တပ်နယ်မှ တပ်မတော်သားများ၊ မတ်ကျန်း(ဌာနေ)ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က မိုင်းစိတ်ကျေးရွာ အုပ်စုအတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကောင်းမေူဝနှင့် နောင်စန်ကျေးရွာ ချင်းဆက် ကားလမ်းပေါ်တွင် နောင်စန့်ကျေးရွာဘက်မှ မောင်းနှင်းလာသော ယာဉ်နှစ်ဦးအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ယာဉ်များအတွင်း ရှာဖွေရာ ဟိုင်းလပ်ယာဉ်ပေါ်မှ ဘိန်းစိမ်း စုစုပေါင်း ကီလို(၇၈၀)နှင့် ကျပ်သိန်းပေါင်း(၁၃၀၀)ကျော် တန်ဖိုးရှိ ဘိန်းညိုခဲများကို သိမ်းဆည်းရမိသည့်အပြင် ဗီဂိုအမျိုးအစား မော်တော်ယာဉ်ပေါ်က ဘိန်းစိမ်း စုစုပေါင်း ကီလို(၆၀၀)တို့အား သိမ်းဆည်းရမိရာ ယာဉ်နှစ်စီးပေါ်မှ သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ်သိန်း(၉၆၃၀)သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဘိန်းစိမ်းများအား သယ်ဆောင်ရာတွင် ပါဝင်သည့် ယာဉ်နှစ်စီး၏ ယာဉ်မောင်းနှစ်ဦး အပါအဝင် စုစုပေါင်း (၇)ဦးတို့အား ဖမ်းဆီးရမိရေးအဖွဲ့က ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

ယင်းအပြင် နမ့်စန်မြို့နယ်၊ နောင်စန့်ရွာလယ်လမ်းမပေါ်တွင်လည်း ဘိန်းမဲ ကီလို(၃၀)ကျော် သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို မေလ(၂၄)ရက်နေ့မှာပင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - နေဇော်နိုင် NLD ( နမ့်စန် )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~