အရက္ျဖတ္ေနသည့္ အမ်ိဳးသားတစ္ဦး ဗိုက္ကိုဓါးျဖင့္ ထိုးခြဲ၍ ေသေၾကာင္းႀကံ

အရက္ျဖတ္ေနသည့္ အမ်ိဳးသားတစ္ဦး ဗိုက္ကိုဓါးျဖင့္ ထိုးခြဲ၍ ေသေၾကာင္းႀကံ
မေ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရႈိးၿမိဳ႕နယ္ မိုင္းေယာ္ေက်းရြာမွ အရက္ျဖတ္ေနသည့္ အမ်ိဳးသားတစ္ဦး မိမိ ကိုယ္ကို ဓါးျဖင့္၀မ္းဗိုက္အား ထိုးရာ အသက္မေသခဲ့ေသာ္လည္း ေသေၾကာင္းႀကံစည္မႈျဖင့္ လားရႈိးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္္အေရးယူထားေၾကာင္း သိရသည္။

ေမလ (၆) ရက္ေန႔ နံနက္ပိုင္းက လားရႈိးျပည္သူ႔ေဆးရံုတြင္ အသက္ (၄၅) ႏွစ္အရြယ္အမ်ိဳးသားတစ္ဦး ဝမ္းဗိုက္တြင္ ကန္႔လန္႔ျဖတ္ပြင့္၍ အူထြက္ေနသည့္ဒဏ္ရာျဖင့္ ေဆးကုသမႈလာေရာက္ခံယူခ့ဲျခင္းျဖစ္ၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားမွာ ေနအိမ္တြင္ မိမိဘာသာ အရက္ျဖတ္သည့္ (၅) ရက္ေျမာက္ေန႔ျဖစ္သည့္ ေမလ (၅)ရက္ေန႔ ည (၁၁)နာရီခြဲဝန္းက်င္တြင္ မိမိဝမ္းဗိုက္အား မိမိကိုယ္တိုင္ ေျခာက္လက္မခန္႔ရွိ ဟင္းလီွးဓါးျဖင့္ ကန္႔လန္႔ျဖတ္လွီးခဲ့သျဖင့္ ေမလ (၆) ရက္ နံနက္ပိုင္းတြင္ လားရႈိးျပည္သူ႔ေဆးရံုသို႔ ေဆးကုသမႈလာေရာက္ ခံယူခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမိ်ဳးသားအား မိမိကိုယ္ကိုေသေၾကာင္းႀကံစည္မႈျဖင့္ လားရႈိးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ (ပ) ၆၅/၂၀၁၈ ပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - လားရႈိးနယ္ေျမရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာမှ အရက်ဖြတ်နေသည့် အမျိုးသားတစ်ဦး မိမိ ကိုယ်ကို ဓားဖြင့်ဝမ်းဗိုက်အား ထိုးရာ အသက်မသေခဲ့သော်လည်း သေကြောင်းကြံစည်မှုဖြင့် လားရှိုးမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မေလ (၆) ရက်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံတွင် အသက် (၄၅) နှစ်အရွယ်အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် ကန့်လန့်ဖြတ်ပွင့်၍ အူထွက်နေသည့်ဒဏ်ရာဖြင့် ဆေးကုသမှုလာရောက်ခံယူခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

အဆိုပါ အမျိုးသားမှာ နေအိမ်တွင် မိမိဘာသာ အရက်ဖြတ်သည့် (၅) ရက်မြောက်နေ့ဖြစ်သည့် မေလ (၅)ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်တွင် မိမိဝမ်းဗိုက်အား မိမိကိုယ်တိုင် ခြောက်လက်မခန့်ရှိ ဟင်းလှီးဓားဖြင့် ကန့်လန့်ဖြတ်လှီးခဲ့သဖြင့် မေလ (၆) ရက် နံနက်ပိုင်းတွင် လားရှိုးပြည်သူ့ဆေးရုံသို့ ဆေးကုသမှုလာရောက် ခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား မိမိကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့် လားရှိုးမြို့ နယ်မြေရဲစခန်းတွင် (ပ) ၆၅/၂၀၁၈ ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးနယ်မြေရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~