Update News

ဆိုင္ကယ္စီး ဦးထုပ္ဖမ္းျခင္း အႏုပညာ ( အသိပညာေပးေဆာင္းပါး )


ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရဲ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတစ္ေလ်ွာက္ ဆိုင္ကယ္ ေမာင္းလာစဥ္ ရွမ္း႐ိုးမကြင္းေရွ႕အေရာက္ "ဦးထုပ္ ဦးထုပ္ ေဝ့ ဦးထုပ္ ဖမ္းေနတယ္" ဆိုၿပီး တစ္ဖက္လမ္းမွ အေဒၚႀကီးတစ္ေယာက္ရဲ႕ ေအာ္သံက နားထဲဝင္လာပါတယ္။

သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။

အျမန္ျပန္အေကြ႔မွာ ကားေနာက္ကြယ္မွ  ထြက္လာေသာ ကိုေမာ္ေတာ္ပီကယ္ႏွင့္ ပက္ပင္း တိုးေလေတာ့တယ္။

"ညီေလး ဆိုင္ကယ္ ဒီဖက္လာထိုးလိုက္ ၿပီးရင္ေသာ့ ဟိုစားပြဲေပၚတင္။ ဒဏ္ေငြေဆာင္ရမယ္ ညီေလး"ဟု ဆိုကာ ျဖတ္ပိုင္းေလးတစ္ရြက္ လက္ထဲေရာက္လာတယ္။

ေသခ်ာၾကည့္မိမွ ဒီေန႔အဖမ္းခံရတဲ့သူ ေတာ္ေတာ္မ်ားသဟ။ ကိုယ္လည္း အကူညီရလိုရျငား ေဝ့ပတ္ ၾကည့္မိေတာ့ သူငယ္ခ်င္းတစ္ေယာက္ ပါေနတာေတြ႔တာနဲ႔ ဖုန္းခဏ ငွားဆက္ရၿပီ။

ဟုတ္တယ္ေလ။

ကိုယ့္ဖုန္းက Data package ေတြ ဝယ္ေနတာနဲ႔ ဖုန္းေျပာဖို႔ကို မက်န္ဘူးရယ္။ အေမ့ဆီဖုန္းဆက္တာပါ။ အခုလက္ထဲမွာ ပါလာတာက အေဖ့ဆီက လႊဲေပးလိုက္တဲ့ အေဖ့လစာ က နည္းနည္း။ ေပးရမယ့္ ဒဏ္ေၾကးက သံုးေသာင္းဆိုေတာ့ အေမက ေကာေလၿပိ္ီ။

"နင့္အေဖလစာက  တစ္ပဲေျခာက္ျပားပဲရတာ။ တာခ်ီလိတ္လို ေနရာမ်ိဳးမွာ ေစ်းနဲ႔အိမ္ ႏွစ္ေခါက္သြား မေလာက္ဘူး။ မ်က္လံုးက ဘယ္ၾကည့္ေမာင္းေနရတာလဲ။ နင္ မျမင္ရေအာင္ ဘယ္သူ႔ေငးေနတာတုန္း “ဘာညာသာရကာ ေျပာပါေလေတာ့သည္။

မတတ္ႏိုင္ေတာ့ ေျပာသမွ် ၿငိမ္ခံေနရတယ္။ ကိုယ္ကလည္း ကိုယ္ပဲကိုး ေကာင္မေလးေတြ ေပါင္တံျဖဴျဖဴနဲ႔ ဆိုင္ကယ္စီး လာတာျမင္ရင္ လိုက္ငမ္းေနၾက။ ျဖဴတာျခင္း အတူတူ ပိုျဖဴတဲ့ဟာ မျမင္တဲ့ မ်က္လံုး ခံေပဦးေပါ့။

ဒဏ္ေၾကးေပး ဆိုင္ကယ္ျပန္ထုတ္ၿပီး အိမ္ျပန္ေရာက္ အခန္းထဲေမွာက္ၿပီး ေတြးေလၿပီ။ ဆိုင္ကယ္ဦးထုပ္ အဖမ္းခံရတာ ဒါပါနဲ႔ဆို အႀကိမ္ေရမနည္းေတာ့ ဒါလည္း အမွတ္မ႐ွိ။ ဦးထုပ္ကို ရံဖန္ရံခါသာ ေဆာင္းျဖစ္ သည္။

ဘယ္သူ မွားေနတာလဲ။ ဘယ္သူ႔ ဘက္က မွားေနျခင္းလဲေပါ့ ေတြးရေလၿပီ။ ဒီစာစု တစ္ခုလံုးရဲ႕  ဆိုလိုရင္းက ဒီေနရာမွာ ေရာက္ၿပီ ေျပာရေတာ့မယ္။

တကယ္တမ္း မွားေနတာက ကိုယ္။ ဆိုင္ကယ္စီးရင္ ဦးထုပ္မေဆာင္းရင္ အႏၱရာယ္ႀကီးတယ္ဆိုတာ သိသိႀကီးနဲ႔ မေဆာင္းတာ။ ကိုယ့္အျပစ္။

အဲ.. ေသခ်ာျပန္စဥ္းစားေတာ့ ကိုေမာ္ေတာ္ပီကယ္ေတြလည္း မွားတာပဲ။ သူတို႔သာ ကားေနာက္ကြယ္ေတြ၊ ၿမိဳ႕အဝင္ ဆိုင္းဘုတ္ရဲ႕တိုင္လံုးႀကီးေတြ ေနာက္ကြယ္ေတြ၊ လူသူ႐ႈပ္႐ႈပ္ေနရာေတြ၊ အဲဒီလိုေနရာေတြကေန Surprise Check ႐ွိတဲ့ေန႔မွ ဖမ္းေနတာကိုက သူတို႔မွားတာ ။ ဖမ္းမယ့္ဖမ္း ေပၚေပၚတင္တင္ ရဲရဲဖမ္းေပါ့ ေနာ့။

အမွန္တကယ္သာ ၿမိဳ႕ေနလူထုကို ဆိုင္ကယ္စီးတိုင္း ဦးထုပ္ေဆာင္းေစခ်င္ရင္ အင္အားသံုး မီးပြိဳင့္တိုင္းမွာ ေစာင့္ဖမ္း၊ ယာဥ္ထိန္းရံုးေ႐ွ႕မွာ ေန႔စဥ္ဖမ္း၊ လမ္းေပၚ ေတြ႔ ေတြ႔တဲ့ ေနရာဖမ္း။ အဲဒီလိုသာ စည္းကမ္း ပိုတင္းၾကပ္လိုက္မယ္ ဆိုရင္ ကြ်န္ေတာ္ထင္တယ္။ သံုးလေလာက္ဆို (၈၀) ရာခိုင္ႏႈန္းေလာက္ထိ တိုးတက္ လာလိမ့္မယ္။ ဦးထုပ္ေဆာင္းသူ အေရအတြက္က အခုေတာင္ (၅၀) ရာခိုင္ႏႈန္းေက်ာ္ေနၿပီေလ။

ျပည္သူကို ဆိုင္ကယ္ဦးထုပ္ အမွန္တကယ္ ေဆာင္းေစခ်င္သလားဆိုၿပီး ေမးခြန္းထုတ္ခ်င္စရာႀကီးရယ္။

တစ္ခု႐ွိတာက ကၽြန္ေတာ္တို႔ ၿမိဳ႕သူၿမိဳ႕သားေတြကလည္း ဘယ္လိုေတြ နားလည္ၾကတယ္ မေျပာတတ္ဘူး။ တာခ်ီလိတ္ တစ္ဖက္ကမ္း ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္ထဲသြားရင္ အလုပ္သမားကအစ သူေဌး၊ ဝန္ထမ္း၊ လူႀကီး၊ လူငယ္မေရြး ဆိုင္ကယ္နဲ႔သြားတဲ့သူ မွန္သမ်ွ အားလံုး အားလံုး ဆိုင္ကယ္စီး ဦးထုပ္ ေဆာင္းၾကပါတယ္။ မယ္ဆိုင္ဘက္က သတ္မွတ္ထားတဲ့ ယာဥ္/လမ္းစည္းကမ္းကို လိုက္နာၾကပါတယ္။

အမေလးေလး.. မယ္ဆိုင္ကအျပန္ တာခ်ီလိတ္ဘက္ျပန္ေရာက္လို႔ တံတားေက်ာ္တာနဲ႔ ကိုယ္စီကိုယ္စီ ဆိုင္ကယ္စီး ဦးထုပ္ေတြ ျခင္းထဲ ေရာက္ကုန္ေရာ။ ဘာကြာတာလဲ ကြာျခားခ်က္ကဘာလဲ။ မသိရင္ မယ္ဆိုင္ကပဲ တစ္ၿမိဳ႕လံုး အဲကြန္းတပ္ထားလို႔ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားလည္း မပူတဲ့သေဘာ။

အဲ တာခ်ီလိတ္ဘက္ကပဲ ႐ွိ႐ွိသမ်ွေတာေတာင္ေတြ ကတံုးျဖစ္ကုန္လို႔ အာဖရိကလို ပူေနတဲ့ ဒီဇိုင္းနဲ႔။ ဒီဘက္ ေရာက္ရင္ကို ဦးထုပ္ေတြ ဆိုင္ကယ္ျခင္းထဲ ေရာက္ကုန္တာ အမ်ားဆံုး။ Surprise Check မွ မ႐ွိရင္ ေျပာမယ့္သူ မ႐ွိဘူး။ ဖမ္းမယ့္သူ မ႐ွိဘူး။ ဦးထုပ္က မေဆာင္းလည္း ရတယ္။ ဟိုဘက္က မရဘူး။ ေတြ႔ရင္ ေတြ႔တဲ့ေနရာ ဖမ္းတာကိုး။ ကြာျခားခ်က္က အဲဒီမွာ အဲဒါပဲ။

ၿမိဳ႕ေနလူထု အေနနဲ႔လည္း ဆိုင္ကယ္နဲ႔အျပင္ထြက္ရင္ ဦးထုပ္ေဆာင္းၾကပါလို႔ တိုက္တြန္းပါရေစဗ်ာ။

သံုးေသာင္းဆိုလည္း မနည္းဘူးေလ။ ေဆာင္ရတဲ့ ဒဏ္ေငြက။ အခုမွ စေရးတာဆိုေတာ့ ဒီေလာက္ပါပဲ။ ကၽြန္ေတာ့္ရဲ႕ ေစတနာကိုလည္း နားလည္ႏိုင္ၾကပါေစ။

တိုက္ေတနီယမ္လ္

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ဆိုင်ကယ် မောင်းလာစဉ် ရှမ်းရိုးမကွင်းရှေ့အရောက် "ဦးထုပ် ဦးထုပ် ဝေ့ ဦးထုပ် ဖမ်းနေတယ်" ဆိုပြီး တစ်ဖက်လမ်းမှ အဒေါ်ကြီးတစ်ယောက်ရဲ့ အော်သံက နားထဲဝင်လာပါတယ်။

သို့သော် နောက်ကျသွားချပြေီ။

အမြန်ပြန်အကွေ့မှာ ကားနောက်ကွယ်မှ ထွက်လာသော ကိုမော်တော်ပီကယ်နှင့် ပက်ပင်း တိုးလေတော့တယ်။

"ညီလေး ဆိုင်ကယ် ဒီဖက်လာထိုးလိုက် ပြီးရင်သော့ ဟိုစားပွဲပေါ်တင်။ ဒဏ်ငွေဆောင်ရမယ် ညီလေး"ဟု ဆိုကာ ဖြတ်ပိုင်းလေးတစ်ရွက် လက်ထဲရောက်လာတယ်။

သေချာကြည့်မိမှ ဒီနေ့အဖမ်းခံရတဲ့သူ တော်တော်များသဟ။ ကိုယ်လည်း အကူညီရလိုရငြား ဝေ့ပတ် ကြည့်မိတော့ သူငယ်ချင်းတစ်ယောက် ပါနေတာတွေ့တာနဲ့ ဖုန်းခဏ ငှါးဆက်ရပြီ။

ဟုတ်တယ်လေ။

ကိုယ့်ဖုန်းက Data package တွေ ဝယ်နေတာနဲ့ ဖုန်းပြောဖို့ကို မကျန်ဘူးရယ်။ အမေ့ဆီဖုန်းဆက်တာပါ။ အခုလက်ထဲမှာ ပါလာတာက အဖေ့ဆီက လွှဲပေးလိုက်တဲ့ အဖေ့လစာ က နည်းနည်း။ ပေးရမယ့် ဒဏ်ကြေးက သုံးသောင်းဆိုတော့ အမေက ကောလပြေိီ်။

"နင့်အဖေလစာက တစ်ပဲခြောက်ပြားပဲရတာ။ တာချီလိတ်လို နေရာမျိုးမှာ ဈေးနဲ့အိမ် နှစ်ခေါက်သွား မလောက်ဘူး။ မျက်လုံးက ဘယ်ကြည့်မောင်းနေရတာလဲ။ နင် မမြင်ရအောင် ဘယ်သူ့ငေးနေတာတုန်း “ဘာညာသာရကာ ပြောပါလေတော့သည်။

မတတ်နိုင်တော့ ပြောသမျှ ငြိမ်ခံနေရတယ်။ ကိုယ်ကလည်း ကိုယ်ပဲကိုး ကောင်မလေးတွေ ပေါင်တံဖြူဖြူနဲ့ ဆိုင်ကယ်စီး လာတာမြင်ရင် လိုက်ငမ်းနကြေ။ ဖြူတာခြင်း အတူတူ ပိုဖြူတဲ့ဟာ မမြင်တဲ့ မျက်လုံး ခံပေဦးပေါ့။

ဒဏ်ကြေးပေး ဆိုင်ကယ်ပြန်ထုတ်ပြီး အိမ်ပြန်ရောက် အခန်းထဲမှောက်ပြီး တွေးလပြေီ။ ဆိုင်ကယ်ဦးထုပ် အဖမ်းခံရတာ ဒါပါနဲ့ဆို အကြိမ်ရေမနည်းတော့ ဒါလည်း အမှတ်မရှိ။ ဦးထုပ်ကို ရံဖန်ရံခါသာ ဆောင်းဖြစ် သည်။

ဘယ်သူ မှားနေတာလဲ။ ဘယ်သူ့ ဘက်က မှားနခြေင်းလဲပေါ့ တွေးရလပြေီ။ ဒီစာစု တစ်ခုလုံးရဲ့ ဆိုလိုရင်းက ဒီနေရာမှာ ရောက်ပြီ ပြောရတော့မယ်။

တကယ်တမ်း မှားနေတာက ကိုယ်။ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းရင် အန္တရာယ်ကြီးတယ်ဆိုတာ သိသိကြီးနဲ့ မဆောင်းတာ။ ကိုယ့်အပြစ်။

အဲ.. သေချာပြန်စဉ်းစားတော့ ကိုမော်တော်ပီကယ်တွေလည်း မှားတာပဲ။ သူတို့သာ ကားနောက်ကွယ်တွေ၊ မြို့အဝင် ဆိုင်းဘုတ်ရဲ့တိုင်လုံးကြီးတွေ နောက်ကွယ်တွေ၊ လူသူရှုပ်ရှုပ်နေရာတွေ၊ အဲဒီလိုနေရာတွေကနေ Surprise Check ရှိတဲ့နေ့မှ ဖမ်းနေတာကိုက သူတို့မှားတာ။ ဖမ်းမယ့်ဖမ်း ပေါ်ပေါ်တင်တင် ရဲရဲဖမ်းပေါ့ နော့။

အမှန်တကယ်သာ မြို့နေလူထုကို ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းစေချင်ရင် အင်အားသုံး မီးပွိုင့်တိုင်းမှာ စောင့်ဖမ်း၊ ယာဉ်ထိန်းရုံးရှေ့မှာ နေ့စဉ်ဖမ်း၊ လမ်းပေါ် တွေ့ တွေ့တဲ့ နေရာဖမ်း။ အဲဒီလိုသာ စည်းကမ်း ပိုတင်းကြပ်လိုက်မယ် ဆိုရင် ကျွန်တော်ထင်တယ်။ သုံးလလောက်ဆို (၈၀) ရာခိုင်နှုန်းလောက်ထိ တိုးတက် လာလိမ့်မယ်။ ဦးထုပ်ဆောင်းသူ အရေအတွက်က အခုတောင် (၅၀) ရာခိုင်နှုန်းကျော်နပြေီလေ။

ပြည်သူကို ဆိုင်ကယ်ဦးထုပ် အမှန်တကယ် ဆောင်းစေချင်သလားဆိုပြီး မေးခွန်းထုတ်ချင်စရာကြီးရယ်။

တစ်ခုရှိတာက ကျွန်တော်တို့ မြို့သူမြို့သားတွေကလည်း ဘယ်လိုတွေ နားလည်ကြတယ် မပြောတတ်ဘူး။ တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ထဲသွားရင် အလုပ်သမားကအစ သူဌေး၊ ဝန်ထမ်း၊ လူကြီး၊ လူငယ်မရွေး ဆိုင်ကယ်နဲ့သွားတဲ့သူ မှန်သမျှ အားလုံး အားလုံး ဆိုင်ကယ်စီး ဦးထုပ် ဆောင်းကြပါတယ်။ မယ်ဆိုင်ဘက်က သတ်မှတ်ထားတဲ့ ယာဉ်/လမ်းစည်းကမ်းကို လိုက်နာကြပါတယ်။

အမလေးလေး.. မယ်ဆိုင်ကအပြန် တာချီလိတ်ဘက်ပြန်ရောက်လို့ တံတားကျော်တာနဲ့ ကိုယ်စီကိုယ်စီ ဆိုင်ကယ်စီး ဦးထုပ်တွေ ခြင်းထဲ ရောက်ကုန်ရော။ ဘာကွာတာလဲ ကွာခြားချက်ကဘာလဲ။ မသိရင် မယ်ဆိုင်ကပဲ တစ်မြို့လုံး အဲကွန်းတပ်ထားလို့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားလည်း မပူတဲ့သဘော။

အဲ တာချီလိတ်ဘက်ကပဲ ရှိရှိသမျှတောတောင်တွေ ကတုံးဖြစ်ကုန်လို့ အာဖရိကလို ပူနေတဲ့ ဒီဇိုင်းနဲ့။ ဒီဘက် ရောက်ရင်ကို ဦးထုပ်တွေ ဆိုင်ကယ်ခြင်းထဲ ရောက်ကုန်တာ အများဆုံး။ Surprise Check မှ မရှိရင် ပြောမယ့်သူ မရှိဘူး။ ဖမ်းမယ့်သူ မရှိဘူး။ ဦးထုပ်က မဆောင်းလည်း ရတယ်။ ဟိုဘက်က မရဘူး။ တွေ့ရင် တွေ့တဲ့နေရာ ဖမ်းတာကိုး။ ကွာခြားချက်က အဲဒီမှာ အဲဒါပဲ။

မြို့နေလူထု အနေနဲ့လည်း ဆိုင်ကယ်နဲ့အပြင်ထွက်ရင် ဦးထုပ်ဆောင်းကြပါလို့ တိုက်တွန်းပါရစေဗျာ။

သုံးသောင်းဆိုလည်း မနည်းဘူးလေ။ ဆောင်ရတဲ့ ဒဏ်ငွေက။ အခုမှ စရေးတာဆိုတော့ ဒီလောက်ပါပဲ။ ကျွန်တော့်ရဲ့ စေတနာကိုလည်း နားလည်နိုင်ကြပါစေ။

တိုက်တေနီယမ်လ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::