ပညာေရးဝန္ထမ္းမ်ား တံစုိးလက္ေဆာင္ရယူျခင္းႏွင့္ အလြဲသံုးစားမႈ ေပၚေပါက္ပါက အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္ထံ လႊဲေျပာင္းမည္

ပညာေရးဝန္ထမ္းမ်ား တံစုိးလက္ေဆာင္ရယူျခင္းႏွင့္ အလြဲသံုးစားမႈ ေပၚေပါက္ပါက အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္ထံ လႊဲေျပာင္းမည္
မေ 16, 2018
By Tachileik News Agency

၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္မွစ၍ ေက်ာင္းအပ္ရာသီအတြင္း ဆရာ၊ ဆရာမမ်ား အေနျဖင့္ တံစိုး လက္ေဆာင္ ရယူျခင္းႏွင့္ အလြဲသုံးစားမႈမ်ား ေပၚေပါက္ လာခဲ့ပါက ပညာေရးဝန္ႀကီးဌာန အေနျဖင့္ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုက္ရိုက္လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေက်ာင္းအပ္လက္ခံရာတြင္ေသာ္ လည္းေကာင္း၊ ေက်ာင္းေျပာင္းေရႊ႕ရာတြင္ေသာ္ လည္းေကာင္း တံစိုး လက္ေဆာင္ လက္ခံရယူျခင္းမ်ား လုံးဝ မလုပ္ေဆာင္ရပါဘူး။ ေထာက္ပံ့ေပးထားေသာ ရန္ပုံေငြသုံးစြဲရာတြင္လည္းပဲ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းနဲ႔ အညီ သုံးစြဲဖို႔နဲ႔ အလြဲသုံးစားမႈမ်ား မျပဳလုပ္ရပါဘူး။ တံစိုးလက္ေဆာင္ လက္ခံျခင္းႏွင့္ အလြဲသုံးစားမႈမ်ား ေပၚေပါက္လာမယ္ဆိုရင္ အေရးယူႏိုင္ဖို႔ အတြက္ ပညာေရးဝန္ႀကီးဌာနမွ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုက္ရိုက္ လႊဲေျပာင္းေပးသြားမွာ ျဖစ္ပါတယ္”ဟု ပညာေရးဝန္ႀကီးဌာန ေလ့လာဆန္းစစ္အကဲျဖတ္ေရးအဖြဲ႕ (သုေတသန)မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေနဝင္းက  ေျပာၾကားခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၈ခုႏွစ္ ေမလ (၁၆)ရက္ေန႔က အမ်ိဳးသားပညာေရး မဟာဗ်ဴဟာ စီမံကိန္း(NESP)ေဆာင္ရြက္ေနမႈ တင္ျပျခင္းႏွင့္ အေျခခံပညာျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း ေဆြးေႏြးပြဲ အခမ္းအနားတြင္ ပညာေရးဝန္ႀကီးဌာန ေလ့လာဆန္းစစ္အကဲျဖတ္ေရးအဖြဲ႕ (သုေတသန)မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေနဝင္းက ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္တြင္ ေမလေနာက္ဆုံးပတ္ကို ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ သတ္မွတ္ၿပီး အေျခခံပညာ ေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ လက္ခံမည္ျဖစ္ရာ ေက်ာင္းအပ္ရန္ လိုအပ္သည့္ အေထာက္အထား တင္ျပရန္ အခတ္အခဲမ်ား ရိွပါက မိဘအုပ္ထိန္းသူ၏ အာမခံခ်က္ျဖင့္ ေက်ာင္းအပ္ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လက္ခံထားသည့္ ေက်ာင္းသားမ်ားအတြက္ လိုအပ္သည့္ ေထာက္ခံခ်က္မ်ားကို ေက်ာင္းအပ္ လက္ခံၿပီးေနာက္ပိုင္းတြင္ ေက်ာင္းသို႔ ေပးအပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှစ၍ ကျောင်းအပ်ရာသီအတွင်း ဆရာ၊ ဆရာမများ အနဖြေင့် တံစိုး လက်ဆောင် ရယူခြင်းနှင့် အလွဲသုံးစားမှုများ ပေါ်ပေါက် လာခဲ့ပါက ပညာရေးဝန်ကြီးဌာန အနဖြေင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုက်ရိုက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းအပ်လက်ခံရာတွင်သော် လည်းကောင်း၊ ကျောင်းပြောင်းရွှေ့ရာတွင်သော် လည်းကောင်း တံစိုး လက်ဆောင် လက်ခံရယူခြင်းများ လုံးဝ မလုပ်ဆောင်ရပါဘူး။ ထောက်ပံ့ပေးထားသော ရန်ပုံငွေသုံးစွဲရာတွင်လည်းပဲ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ အညီ သုံးစွဲဖို့နဲ့ အလွဲသုံးစားမှုများ မပြုလုပ်ရပါဘူး။ တံစိုးလက်ဆောင် လက်ခံခြင်းနှင့် အလွဲသုံးစားမှုများ ပေါ်ပေါက်လာမယ်ဆိုရင် အရေးယူနိုင်ဖို့ အတွက် ပညာရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုက်ရိုက် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောကြားခဲ့သည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ၂၀၁၈ခုနှစ် မေလ (၁၆)ရက်နေ့က အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(NESP)ဆောင်ရွက်နေမှု တင်ပြခြင်းနှင့် အခြေခံပညာပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်ခြင်း ဆွေးနွေးပွဲ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ် သတ်မှတ်ပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ် လက်ခံမည်ဖြစ်ရာ ကျောင်းအပ်ရန် လိုအပ်သည့် အထောက်အထား တင်ပြရန် အခတ်အခဲများ ရှိပါက မိဘအုပ်ထိန်းသူ၏ အာမခံချက်ဖြင့် ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ခံထားသည့် ကျောင်းသားများအတွက် လိုအပ်သည့် ထောက်ခံချက်များကို ကျောင်းအပ် လက်ခံပြီးနောက်ပိုင်းတွင် ကျောင်းသို့ ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~