မေကြးတြင္ တပ္သိမ္းေျမ (၅၀၂)ဧက အျမန္ဆံုး ျပန္စြန္႔ႏိုင္ရန္ ေျမတိုင္းတာျခင္း လုပ္ငန္းမ်ားကို စနစ္(၂)မ်ိဳးျဖင့္ ေဆာင္ရြက္ေန

မေကြးတြင္ တပ္သိမ္းေျမ (၅၀၂)ဧက အျမန္ဆံုး ျပန္စြန္႔ႏိုင္ရန္ ေျမတိုင္းတာျခင္း လုပ္ငန္းမ်ားကို စနစ္(၂)မ်ိဳးျဖင့္ ေဆာင္ရြက္ေန
မေ 18, 2018
By Tachileik News Agency

အမွတ္(၅၀၁၃)တင့္ကားတပ္ရင္းအတြက္ အသံုးျပဳရန္ သိမ္းဆည္းခဲ့ေသာ ေျမဧကမ်ားထဲမွ (၅၀၂)ဧကကို ျပန္လည္စြန္႔လႊတ္သြားမည္ျဖစ္၍ ေျမတုိင္းတာျခင္း လုပ္ငန္းမ်ားကို စနစ္ႏွစ္မိ်ဳးျဖင့္ တုိင္းတာလွ်က္ ရွိေၾကာင္း မေကြးၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

“Drone နဲ႔ RTK (GPS) စနစ္ နွစ္မ်ိဳးသံုးၿပီး တိုင္းတာမွာျဖစ္လို႔ သိ္မ္းဆည္းခံခဲ့ရတာ (၂၂)နွစ္ ေလာက္ၾကာၿပီ ျဖစ္ေပမဲ့ ေတာင္သူပိုင္ဆိုင္မႈ ေျမဧကကို အတိအက် ျပန္တို္င္းရတဲ့ အခါမွာ အရင္ကလို အခ်ိန္အမ်ားႀကီး မယူရေတာ့ပါဘူး။ စြန္႔လႊတ္ပံုစံေတြနဲ႔တကြ သက္ဆုိင္ရာ အဆင့္ဆင့္ခြင့္ျပဳခ်က္နဲ႔ ေတာင္ သူ႔ လက္ဝယ္ကို ျပန္ေပးတဲ့ အပိုင္းမွာလဲ အခ်ိန္ေနွာင့္ေနွးမႈမရွိေအာင္ ေဆာင္ရြက္သြားမွာပါ” ဟု မေကြး ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးပိုင္သူရခ်ိဳက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္မက်ည္းကန္ေက်းရြာနွင့္ မယ္လွေတာင္ေက်းရြာမ်ားမွ ေျမဧကေပါင္း (၁၃၉၄)ဧကကို ၁၉၉၆ ခုနွစ္က မေကြးၿမိဳ႕ အမွတ္(၅၀၁၃)တင့္ကားတပ္ရင္းအတြက္ သိမ္းဆည္းခဲ့ျခင္းျဖစ္ရာ အဆုိပါ ေျမဧကမ်ား အနက္မွ (၅၀၂)ဧကကို ျပန္လည္စြန္႔လႊတ္သြားမည္ျဖစ္ေၾကာင္းသိရၿပီး မူလသိမ္းဆည္းဧရိယာ၊ ျပန္စြန္႔ဧရိယာ၊ တပ္က်န္ဧရိယာဟူ၍ အပိုင္း(၃)ပိုင္းခြဲကာ တုိင္းတာေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမတုိင္းတာျခင္း အဆင့္ၿပီး စီးပါက ဌာနမွျပဳစုၿပီးေသာ ပံုစံ(၁)၊ ၁(က) ကို စိစစ္၍ သက္ဆိုင္ရာ ကာကြယ္ေရး ဝန္ႀကီးဌာန၏ အတည္ျပဳခ်က္ရယူ၍ ျပည္ထဲေရးထံ ျပန္အပ္ႏွံရမည့္ လုပ္ငန္းစဥ္ႏွင္႔ တင့္ကား တပ္၏ အေနာက္ဘက္ရွိ တာတာကားစက္ရံုမွ ဧက(၁၃၀၀)အနက္မွ ျပန္လည္စြန္႔လႊတ္မည့္ လုပ္ငန္းစဥ္ မ်ားလည္းရွိေနသျဖင့္ နယ္နိမိတ္ထိစပ္သည့္ စြန္႔လႊတ္မႈလုပ္ငန္းမ်ား ရႈပ္ေထြးမႈမရွိေစရန္ စုစုေပါင္းေျမဧက (၂၆၉၄)ဧကကို တုိင္းတာမႈမ်ားလုပ္ေဆာင္ေနရျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

အမှတ်(၅၀၁၃)တင့်ကားတပ်ရင်းအတွက် အသုံးပြုရန် သိမ်းဆည်းခဲ့သော မြေဧကများထဲမှ (၅၀၂)ဧကကို ပြန်လည်စွန့်လွှတ်သွားမည်ဖြစ်၍ မြေတိုင်းတာခြင်း လုပ်ငန်းများကို စနစ်နှစ်မျိုးဖြင့် တိုင်းတာလျှက် ရှိကြောင်း မကွေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

“Drone နဲ့ RTK (GPS) စနစ် နှစ်မျိုးသုံးပြီး တိုင်းတာမှာဖြစ်လို့ သိ်မ်းဆည်းခံခဲ့ရတာ (၂၂)နှစ် လောက်ကြာပြီ ဖြစ်ပေမဲ့ တောင်သူပိုင်ဆိုင်မှု မြေဧကကို အတိအကျ ပြန်တို်င်းရတဲ့ အခါမှာ အရင်ကလို အချိန်အများကြီး မယူရတော့ပါဘူး။ စွန့်လွှတ်ပုံစံတွေနဲ့တကွ သက်ဆိုင်ရာ အဆင့်ဆင့်ခွင့်ပြုချက်နဲ့ တောင် သူ့ လက်ဝယ်ကို ပြန်ပေးတဲ့ အပိုင်းမှာလဲ အချိန်နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု မကွေး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုင်သူရချိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်မကျည်းကန်ကျေးရွာနှင့် မယ်လှတောင်ကျေးရွာများမှ မြေဧကပေါင်း (၁၃၉၄)ဧကကို ၁၉၉၆ ခုနှစ်က မကွေးမြို့ အမှတ်(၅၀၁၃)တင့်ကားတပ်ရင်းအတွက် သိမ်းဆည်းခဲ့ခြင်းဖြစ်ရာ အဆိုပါ မြေဧကများ အနက်မှ (၅၀၂)ဧကကို ပြန်လည်စွန့်လွှတ်သွားမည်ဖြစ်ကြောင်းသိရပြီး မူလသိမ်းဆည်းဧရိယာ၊ ပြန်စွန့်ဧရိယာ၊ တပ်ကျန်ဧရိယာဟူ၍ အပိုင်း(၃)ပိုင်းခွဲကာ တိုင်းတာနခြေင်းဖြစ်ကြောင်း သိရသည်။

မြေတိုင်းတာခြင်း အဆင့်ပြီး စီးပါက ဌာနမှပြုစုပြီးသော ပုံစံ(၁)၊ ၁(က) ကို စိစစ်၍ သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ၍ ပြည်ထဲရေးထံ ပြန်အပ်နှံရမည့် လုပ်ငန်းစဉ်နှင့် တင့်ကား တပ်၏ အနောက်ဘက်ရှိ တာတာကားစက်ရုံမှ ဧက(၁၃၀၀)အနက်မှ ပြန်လည်စွန့်လွှတ်မည့် လုပ်ငန်းစဉ် များလည်းရှိနေသဖြင့် နယ်နိမိတ်ထိစပ်သည့် စွန့်လွှတ်မှုလုပ်ငန်းများ ရှုပ်ထွေးမှုမရှိစေရန် စုစုပေါင်းမြေဧက (၂၆၉၄)ဧကကို တိုင်းတာမှုများလုပ်ဆောင်နေရခြင်းဖြစ်ကြောင်းသိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~