မူဆယ္တြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ရဲအရာရိွတစ္ဦးအပါအဝင္ (၁၉)ဦးေသဆံုးၿပီး (၂၉)ဦးဒဏ္ရာရ

မူဆယ္တြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ရဲအရာရိွတစ္ဦးအပါအဝင္ (၁၉)ဦးေသဆံုးၿပီး (၂၉)ဦးဒဏ္ရာရ
မေ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၁၂)ရက္ေန႔ အေစာပိုင္းက TNLA ၏ ဝင္ေရာက္တုိက္ခုိက္မႈေၾကာင့္ ရဲအရာရိွ (၁) ဦး၊ ျပည္သူ႔စစ္ (၃)ဦးႏွင့္ အရပ္သား (၁၅)ဦး ေသဆံုးကာ ဒဏ္ရာရသူစုစုေပါင္း (၂၉)ဦးရိွေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံရံုးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးထံမွ သိရသည္။

မူဆယ္ျဖစ္စဥ္ေၾကာင့္ ေသဆံုး၊ဒဏ္ရာရ ကနဦးစာရင္းေဖၚျပခ်က္အရ ရဲအရာ႐ွိ (၁) ဦး က်ဆုံးၿပီး ရဲတပ္ဖြဲ႔ဝင္ (၃) ဦး ဒဏ္ရာရ႐ွိ၊ ျပည္သူ႔စစ္ (၃) ဦး က်ဆုံးႏွင့္ ( )၆ ဦး ဒဏ္ရာရ႐ွိ၊ အရပ္သား အမ်ိဳးသား (၁၃)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးေသဆံုး၊ အရပ္သား အမ်ိဳးသား (၁၉)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦး စုစုေပါင္း (၂၀)ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

TNLA က အင္အား (၁၀၀)ခန္႔ျဖင့္ ယေန႔နံနက္( ၅) နာရီ (၁၅) မိနစ္ခန္႔တြင္ ပန္ခမ္းတံတား လုံျခဳံေရး ရဲကင္းကို အလစ္ဝင္တုိက္ခိုက္သျဖင့္ ရဲကင္း လုံျခဳံေရးတာဝန္က် ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ပန္ေဆးျပည္သူ႔စစ္၊ ၿမိဳ႕မျပည္သူ႔စစ္တုိ႔ႏွင့္ ပူးေပါင္းတုိက္ခိုက္ခဲ့ရၿပီး ပန္ခမ္းတံတားတစ္ဖက္ရိွ ၿမိဳ႕မျပည္သူ႔စစ္ လံုၿခံဳေရးယူထားသည့္ ဘန္ကာအား TNLA က ရယူသြားသျဖင့္ ျပည္သူ႔စစ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ ျပန္လည္ခုခံရေၾကာငး္ သိရသည္။

အဆိုပါ တုိက္ခိုက္မႈေၾကာင့္ ဒုရဲအုပ္ ေဇာ္ရဲႏိုင္ က်ဆုံးခဲ့ရၿပီး ရဲတပ္ၾကပ္ႀကီး ခ်မ္းေျမ့၊ ရဲတပ္သား ေက်ာ္စြာမင္း၊ ရဲတပ္သား စိုင္းညီငယ္တို႔ ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

TNLA အဖြဲ႔ဟာ ယာဥ္ရပ္နားကြင္းမွ ေမာ္ေတာ္ယာဥ္တစ္စီးကို မီး႐ိႈ႕ဖ်က္ဆီးၿပီး တံတားေတာင္ဘက္ ေတာင္ေၾကာေပၚမွေန၍ နံနက္ (၈)နာရီ (၁၀)မိနစ္တြင္ ျပန္လည္ဆုတ္ခြာသြားခဲ့ရာ တပ္မေတာ္က လိုက္လံရွင္းလင္းေနေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ၂၀၁၈ ခုနှစ် မေလ (၁၂)ရက်နေ့ အစောပိုင်းက TNLA၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲအရာရှိ (၁) ဦး၊ ပြည်သူ့စစ် (၃)ဦးနှင့် အရပ်သား (၁၅)ဦး သေဆုံးကာ ဒဏ်ရာရသူစုစုပေါင်း (၂၉)ဦးရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံမှ သိရသည်။

မူဆယ်ဖြစ်စဉ်ကြောင့် သေဆုံး၊ဒဏ်ရာရ ကနဦးစာရင်းဖော်ပြချက်အရ ရဲအရာရှိ (၁) ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိ၊ ပြည်သူ့စစ် (၃) ဦး ကျဆုံးနှင့် ( )၆ ဦး ဒဏ်ရာရရှိ၊ အရပ်သား အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး (၂)ဦးသေဆုံး၊ အရပ်သား အမျိုးသား (၁၉)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၂၀)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

TNLA က အင်အား (၁၀၀)ခန့်ဖြင့် ယနေ့နံနက်( ၅) နာရီ (၁၅) မိနစ်ခန့်တွင် ပန်ခမ်းတံတား လုံခြုံရေး ရဲကင်းကို အလစ်ဝင်တိုက်ခိုက်သဖြင့် ရဲကင်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ပန်ဆေးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရပြီး ပန်ခမ်းတံတားတစ်ဖက်ရှိ မြို့မပြည်သူ့စစ် လုံခြုံရေးယူထားသည့် ဘန်ကာအား TNLA က ရယူသွားသဖြင့် ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြန်လည်ခုခံရကြောငး် သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် ဇော်ရဲနိုင် ကျဆုံးခဲ့ရပြီး ရဲတပ်ကြပ်ကြီး ချမ်းမြေ့၊ ရဲတပ်သား ကျော်စွာမင်း၊ ရဲတပ်သား စိုင်းညီငယ်တို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

TNLA အဖွဲ့ဟာ ယာဉ်ရပ်နားကွင်းမှ မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးပြီး တံတားတောင်ဘက် တောင်ကြောပေါ်မှနေ၍ နံနက် (၈)နာရီ (၁၀)မိနစ်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ရာ တပ်မတော်က လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~