တာခ်ီလိတ္ ခ်စ္ၾကည္ေရးတံတား(၁)၌ ယာယီနယ္စပ္ျဖတ္သန္း လက္မွတ္ျပဳလုပ္ခ ေငြတစ္ေထာင္က်ပ္တန္မွလြဲ၍ မယူသည့္ ကိစၥႏွင့္ ပတ္သက္၍ လဝကဝန္ထမ္းမ်ားကို ဌာနတြင္း သတိေပးထား

တာခ်ီလိတ္ ခ်စ္ၾကည္ေရးတံတား(၁)၌ ယာယီနယ္စပ္ျဖတ္သန္း လက္မွတ္ျပဳလုပ္ခ ေငြတစ္ေထာင္က်ပ္တန္မွလြဲ၍ မယူသည့္ ကိစၥႏွင့္ ပတ္သက္၍ လဝကဝန္ထမ္းမ်ားကို ဌာနတြင္း သတိေပးထား
မေ 7, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက ယာယီနယ္စပ္ျဖတ္သန္းခြင့္စာအုပ္အတြက္ က်ပ္ေငြတစ္ေထာင္ ေကာက္ခံရာတြင္ တစ္ေထာင္က်ပ္တန္မွလြဲ၍ လက္မခံေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သျဖင့္ ဌာနတြင္း သတိေပး ညႊန္ၾကားမႈလုပ္ေဆာင္ထားေၾကာင္း သိရသည္။

 “ ဒီကိစၥနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ဌာနကလူေတြနဲ႔ အစည္းအေဝးထုိင္ၿပီးပါၿပီ။ ကၽြန္ေတာ္တုိ႔က တစ္ေန႔ရတာ တစ္ေန႔ ျမန္မာ့စီးပြားေရးဘဏ္ကို သြင္းရတယ္။ သြင္းရေတာ့ ညေန (၇)နာရီေလာက္ဆုိရင္ သူတို႔ စာရင္းပိတ္ၾကရတာ။ အဲဒီလို စာရင္းပိတ္ခ်ိန္က်ေတာ့ ေငြအေၾကြ ျပန္လဲရတာ ျပဳရတာတို႔ သိပ္ အဆင္မေျပေတာ့ ျဖစ္ႏုိင္လုိ႔ရိွရင္ တစ္ေထာင္တန္ေပးပါလို႔ ေျပာတာလို႔ သိရပါတယ္။ အခန္႔မသင့္လို႔ ျဖစ္သြားတာပါ။ ဒီမွာက အမ်ားစုက က်ပ္ေငြက မသံုးၾကပါဘူး။ ဘတ္ေငြပဲသံုးၾကတာ မ်ားပါတယ္။ အဲဒီမွာ က်ပ္ေငြအေၾကြတုိ႔ ဘာတုိ႔ရိွရင္ ဒီမွာသံုးတယ္ေပါ့ေနာ္။ သိပ္မ်ားမ်ားစားစားေတာ့ မရိွပါဘူး။ ကၽြန္ေတာ္တို႔ ေလ့လာၾကည့္ သေလာက္ေပါ့။ ကၽြန္ေတာ့္ဌာနက လူေတြကလည္း ဘဏ္သြားခါနီးတို႔ဘာတုိ႔ အေျပာအဆို မတတ္နဲ႔ ျဖစ္သြားတာလို႔ ယူဆပါတယ္”ဟု တာခ်ီလိတ္ခ႐ိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက  ေမလ (၅)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ ထုိင္းနုိင္ငံတြင္း သြားေရာက္မည့္ ျမန္မာႏုိင္ငံသားမ်ား အေနျဖင့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ လုပ္ေဆာင္ရာတြင္ က်ပ္ေငြတစ္ေထာင္သတ္မွတ္ေကာက္ခံရာ၌ ျမန္မာက်ပ္ေငြ တစ္ေထာင္တန္မွလြဲ၍ အျခားက်ပ္ေငြစကၠဴအေၾကြမ်ားကို လက္ခံျခင္း မရိွေၾကာင္း တာခ်ီလိတ္ေဒသခံမ်ားထံမွ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

"ကြ်န္ေတာ့္ဌာနဝန္ထမ္းေတြအေနနဲ႔ စိတ္ရွည္သည္းခံၿပီး လုပ္ေဆာင္ေပးဖို႔ မွာထားပါတယ္။ ေငြစကၠဴနဲ႔ ပတ္သက္ရင္ ဘာပဲေပး ေပးယူဖို႔ ဆိုတာလည္း ညႊန္ၾကားထားပါတယ္။ ဌာနအတြင္းမွာ ဒီကိစၥနဲ႔ ပတ္သက္လို႔ အစည္းအေဝး လုပ္ထားပါတယ္။ အကုန္လံုးနဲ႔လည္း ေတြ႕ထားၿပီး သတိေပးထားပါတယ္။ ဒါမ်ိဳးေတြ ထပ္မျဖစ္ဖို႔ သတိေပးထားၿပီးပါၿပီ”ဟု တာခ်ီလိတ္ခ႐ိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွတစ္ဆင့္ ျမန္မာႏုိင္ငံသားဦးေရ (၄၀၀၀)မွ (၄၅၀၀)ဝန္းက်င္သည္ တာခ်ီလိတ္ၿမိဳ႕မွ တစ္ဖက္ထုိင္းႏုိင္ငံသို႔ ေန႔စဥ္ျဖတ္သန္းသြားလာေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ယာယီနယ်စပ်ဖြတ်သန်းခွင့်စာအုပ်အတွက် ကျပ်ငွေတစ်ထောင် ကောက်ခံရာတွင် တစ်ထောင်ကျပ်တန်မှလွဲ၍ လက်မခံကြောင်း သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ဌာနတွင်း သတိပေး ညွှန်ကြားမှုလုပ်ဆောင်ထားကြောင်း သိရသည်။

 “ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဌာနကလူတွေနဲ့ အစည်းအဝေးထိုင်ပြီးပါပြီ။ ကျွန်တော်တို့က တစ်နေ့ရတာ တစ်နေ့ မြန်မာ့စီးပွားရေးဘဏ်ကို သွင်းရတယ်။ သွင်းရတော့ ညနေ (၇)နာရီလောက်ဆိုရင် သူတို့ စာရင်းပိတ်ကြရတာ။ အဲဒီလို စာရင်းပိတ်ချိန်ကျတော့ ငွေအကြွေ ပြန်လဲရတာ ပြုရတာတို့ သိပ် အဆင်မပြေတော့ ဖြစ်နိုင်လို့ရှိရင် တစ်ထောင်တန်ပေးပါလို့ ပြောတာလို့ သိရပါတယ်။ အခန့်မသင့်လို့ ဖြစ်သွားတာပါ။ ဒီမှာက အများစုက ကျပ်ငွေက မသုံးကြပါဘူး။ ဘတ်ငွေပဲသုံးကြတာ များပါတယ်။ အဲဒီမှာ ကျပ်ငွေအကြွေတို့ ဘာတို့ရှိရင် ဒီမှာသုံးတယ်ပေါ့နော်။ သိပ်များများစားစားတော့ မရှိပါဘူး။ ကျွန်တော်တို့ လေ့လာကြည့် သလောက်ပေါ့။ ကျွန်တော့်ဌာနက လူတွေကလည်း ဘဏ်သွားခါနီးတို့ဘာတို့ အပြောအဆို မတတ်နဲ့ ဖြစ်သွားတာလို့ ယူဆပါတယ်”ဟု တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက မေလ (၅)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံတွင်း သွားရောက်မည့် မြန်မာနိုင်ငံသားများ အနဖြေင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လုပ်ဆောင်ရာတွင် ကျပ်ငွေတစ်ထောင်သတ်မှတ်ကောက်ခံရာ၌ မြန်မာကျပ်ငွေ တစ်ထောင်တန်မှလွဲ၍ အခြားကျပ်ငွေစက္ကူအကြွေများကို လက်ခံခြင်း မရှိကြောင်း တာချီလိတ်ဒေသခံများထံမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်ဌာနဝန်ထမ်းတွေအနေနဲ့ စိတ်ရှည်သည်းခံပြီး လုပ်ဆောင်ပေးဖို့ မှာထားပါတယ်။ ငွေစက္ကူနဲ့ ပတ်သက်ရင် ဘာပဲပေး ပေးယူဖို့ ဆိုတာလည်း ညွှန်ကြားထားပါတယ်။ ဌာနအတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး လုပ်ထားပါတယ်။ အကုန်လုံးနဲ့လည်း တွေ့ထားပြီး သတိပေးထားပါတယ်။ ဒါမျိုးတွေ ထပ်မဖြစ်ဖို့ သတိပေးထားပြီးပါပြီ”ဟု တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် မြန်မာနိုင်ငံသားဦးရေ (၄၀၀၀)မှ (၄၅၀၀)ဝန်းကျင်သည် တာချီလိတ်မြို့မှ တစ်ဖက်ထိုင်းနိုင်ငံသို့ နေ့စဉ်ဖြတ်သန်းသွားလာနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~