တာခ်ီလိတ္ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္အႀကိဳေန႔ လာေရာက္လည္ပတ္သူမ်ားျပား

တာခ်ီလိတ္ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္အႀကိဳေန႔ လာေရာက္လည္ပတ္သူမ်ားျပား
ဧပြီ 13, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္းရိွ ႏွစ္ႏုိင္ငံနယ္စပ္ မယ္ေခါင္ျမစ္ကမ္းေဘးရိွ ဇြဲသာယာဆိပ္ကမ္းတြင္ သႀကၤန္အႀကိဳေန႔ျဖစ္သည့္ ဧၿပီလ (၁၃)ရက္ေန႔၌ လာေရာက္လည္ပတ္သူမ်ားျဖင့္ စည္ကားေနသည္ကို ေတြ႔ရသည္။

“ဒီေနရာက ေစ်းေရာင္းခ်ခြင့္ျပဳထားတာ မဟုတ္ဘူး။ ဒါေၾကာင့္ လာၾကသူေတြကိုလည္း ေမတၱာရပ္ခံထားပါတယ္။ ဒီေနရာက ခြင့္ျပဳခ်က္ရထားတာမဟုတ္ဘူး။ စနစ္တက်ေလး လာေရာက္ လည္ပတ္ၾကဖို႔ပါ။ ကၽြန္ေတာ္တို႔ကေတာ့ ကားေတြ၊ ဆိုင္ကယ္ထားတာေလးေတြကိုလည္း စနစ္တက်ျဖစ္ေအာင္ လုိက္လုပ္ေပးေနပါတယ္။ ဘာမွ အခေၾကးေငြ မယူပါဘူး။ ေရထဲမွာလည္း ေမာ္ေတာ္ေလးတစ္စီးနဲ႔ လံုၿခံဳေရးအတြက္ အသင့္လုပ္ေပးထားပါတယ္”ဟု ဇြဲသာယာကမ္းေျခတြင္ လာေရာက္လည္ပတ္သူမ်ား အဆင္ေျပေစေရး ကူညီေပးေနသည့္ ဦးဇြဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေနရာတြင္ ေစ်းဆိုင္မ်ားအခိုင္အမာတည္ေဆာက္ကာ လုပ္ေဆာင္ခြင့္မရိွသျဖင့္ ေစ်းသည္မ်ားက သႀကၤန္ကာလၿပီးဆံုးသည့္ ဧၿပီလ(၁၇)ရက္ေန႔အထိသာ ေရာင္းခ်သြားမည္ျဖစ္ၿပီး သတ္မွတ္ရက္လြန္ပါက ေစ်းဆိုင္ခန္းမ်ား ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကမ္းေျခတြင္ ယာယီဆုိင္ခန္းမ်ား ဖြင့္လွစ္ျခင္း၊ ေရကစားျခင္းမ်ားအတြက္ မည္သည့္အဖြဲ႕အစည္းကမွ တာဝန္ယူလုပ္ေဆာင္ထားျခင္းမရိွေသာ္လည္း ဦးဇြဲက အဆိုပါကမ္းေျခသြားလမ္းတြင္ ဖုန္ထူထပ္သျဖင့္ ေရျဖန္းေပးျခင္း၊ အမိႈက္သိမ္းျခင္း၊ ယာဥ္မ်ားစနစ္တက်ရပ္နားေစရန္ ဝန္ထမ္းမ်ားျဖင့္ စီမံခန္႔ခြဲေပးျခင္း၊ ေရထဲတြင္ ေလွတစ္စီးျဖင့္ အေရးေပၚကူညီႏုိင္ေရး ေစာင့္ေရွာက္ေပးျခင္းတုိ႔ လုပ္ေဆာင္ထားၿပီး ဆိပ္ကမ္းပိတ္ခ်ိန္ျဖစ္သည့္ ညေန (၆)နာရီတြင္ ဆိုင္ခန္းမ်ား ပိတ္သိမ္းရန္ကိုလည္းသတိေပးထားသည္။

ဓါတ္ပံု #UZ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ဇွဲသာယာကမ်းခြေတွင် သင်္ကြန်အကြိုနေ့ လာရောက်လည်ပတ်သူများပြား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်းရှိ နှစ်နိုင်ငံနယ်စပ် မယ်ခေါင်မြစ်ကမ်းဘေးရှိ ဇွဲသာယာဆိပ်ကမ်းတွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၃)ရက်နေ့၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။

“ဒီနေရာက စျေးရောင်းချခွင့်ပြုထားတာ မဟုတ်ဘူး။ ဒါကြောင့် လာကြသူတွေကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ဒီနေရာက ခွင့်ပြုချက်ရထားတာမဟုတ်ဘူး။ စနစ်တကျလေး လာရောက် လည်ပတ်ကြဖို့ပါ။ ကျွန်တော်တို့ကတော့ ကားတွေ၊ ဆိုင်ကယ်ထားတာလေးတွေကိုလည်း စနစ်တကျဖြစ်အောင် လိုက်လုပ်ပေးနေပါတယ်။ ဘာမှ အခကြေးငွေ မယူပါဘူး။ ရေထဲမှာလည်း မော်တော်လေးတစ်စီးနဲ့ လုံခြုံရေးအတွက် အသင့်လုပ်ပေးထားပါတယ်”ဟု ဇွဲသာယာကမ်းခြေတွင် လာရောက်လည်ပတ်သူများ အဆင်ပြေစေရေး ကူညီပေးနေသည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနေရာတွင် စျေးဆိုင်များအခိုင်အမာတည်ဆောက်ကာ လုပ်ဆောင်ခွင့်မရှိသဖြင့် စျေးသည်များက သင်္ကြန်ကာလပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့အထိသာ ရောင်းချသွားမည်ဖြစ်ပြီး သတ်မှတ်ရက်လွန်ပါက စျေးဆိုင်ခန်းများ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေတွင် ယာယီဆိုင်ခန်းများ ဖွင့်လှစ်ခြင်း၊ ရေကစားခြင်းများအတွက် မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူလုပ်ဆောင်ထားခြင်းမရှိသော်လည်း ဦးဇွဲက အဆိုပါကမ်းခြေသွားလမ်းတွင် ဖုန်ထူထပ်သဖြင့် ရေဖြန်းပေးခြင်း၊ အမှိုက်သိမ်းခြင်း၊ ယာဉ်များစနစ်တကျရပ်နားစေရန် ဝန်ထမ်းများဖြင့် စီမံခန့်ခွဲပေးခြင်း၊ ရေထဲတွင် လှေတစ်စီးဖြင့် အရေးပေါ်ကူညီနိုင်ရေး စောင့်ရှောက်ပေးခြင်းတို့ လုပ်ဆောင်ထားပြီး ဆိပ်ကမ်းပိတ်ချိန်ဖြစ်သည့် ညနေ (၆)နာရီတွင် ဆိုင်ခန်းများ ပိတ်သိမ်းရန်ကိုလည်းသတိပေးထားသည်။

ဓါတ်ပုံ #UZ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~