ဇြဲသာယာကမ္းေျခဆိုင္ခန္းမ်ား စတင္ဖ်က္သိမ္းေနၿပီး ဆက္လက္လုပ္ကိုင္ခြင့္အတြက္ တင္ျပမည္

ဇြဲသာယာကမ္းေျခဆိုင္ခန္းမ်ား စတင္ဖ်က္သိမ္းေနၿပီး ဆက္လက္လုပ္ကိုင္ခြင့္အတြက္ တင္ျပမည္
ဧပြီ 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုရိွ ဇြဲသာယာကမ္းေျခတြင္ ခြင့္ျပဳခ်က္မရဘဲ ေဆာက္လုပ္ထားသည့္ ဆုိင္ခန္းမ်ားအား ဧၿပီလ (၄)ရက္ေန႔တြင္ စတင္ဖ်က္သိမ္းေနၿပီး အဆိုပါေနရာတြင္ လုပ္ကိုင္ခြင့္ရေရးအတြက္လည္း ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခုက ဆရာေတာ္ကလည္း မႀကိဳက္ဘူး။ ဥပေဒအရလည္း မညီညြတ္ဘူးဆိုေတာ့ ကၽြန္ေတာ္လည္း လိုလိုခ်င္ခ်င္ ဖ်က္သိမ္းတာပါခင္ဗ်။ ဒီေနရာက အရင္ကဆို ဘယ္လိုမွ အဆင္မေျပတဲ့ေနရာတစ္ခုပဲ။ ကၽြန္ေတာ္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားျပဳျပင္လာေတာ့ လက္ရိွ အေနအထားေလးျဖစ္လာတာ။ ဒီေနရာကို အျခားေျမအျဖစ္ အသံုးျပဳခြင့္ကိုလည္း တင္ျပထားၿပီျဖစ္ပါတယ္။ ခြင့္ျပဳခ်က္ရဖို႔ ႀကိဳးစားသြားမွာပါ။ ႏုိင္ငံေတာ္အတြက္ လိုအပ္တယ္ဆိုရင္လည္း ကၽြန္ေတာ္က ဒီေနရာ စြန္႔လႊတ္ဖို႔လုိရင္လည္း စြန္႔လႊတ္မွာပါ”ဟု လက္ရိွတြင္ ဇြဲသာယာကမ္းေျခဆုိင္ခန္းမ်ား ေဆာက္လုပ္ေနသည့္ ဦးဇြဲက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္ သႀကၤန္ကာလအတြက္ ဆုိင္ခန္းမ်ားစတင္ေဆာက္လုပ္ထားသည့္ ဇြဲသာယာကမ္းေျခေနရာမွာ လက္ရိွတြင္ လယ္ယာေျမအမ်ိဳးအစားျဖစ္ေနသည့္အျပင္ နယ္နမိတ္ျဖစ္သည့္ မဲေခါင္ျမစ္ေဘးတြင္ ျဖစ္သျဖင့္ ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္တင္ျပရန္ လုိအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဆုိင္ခန္းေပါင္း (၃၀)နီးပါးျဖင့္ စည္ကားလာသည့္ ဇြဲသာယာကမ္းေျခတြင္ လူငယ္မ်ား မၾကာခဏျပႆနာျဖစ္သည္ဟု အဆိုပါေဒသအနီးဝန္းက်င္မွ ေဒသခံမ်ားကလည္း သက္ဆိုင္ရာဌာနမ်ားထံ တင္ျပမႈမ်ားရိွေနသျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ရန္ သက္ဆိုင္ရာက သတိေပးတားျမစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ဇြဲ

~~~~~~~~⊰❂ unicode ~~~~~~~~
ဇွဲသာယာကမ်းခြေဆိုင်ခန်းများ စတင်ဖျက်သိမ်းနေပြီး ဆက်လက်လုပ်ကိုင်ခွင့်အတွက် တင်ပြမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဇွဲသာယာကမ်းခြေတွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် ဆိုင်ခန်းများအား ဧပြီလ (၄)ရက်နေ့တွင် စတင်ဖျက်သိမ်းနေပြီး အဆိုပါနေရာတွင် လုပ်ကိုင်ခွင့်ရရေးအတွက်လည်း ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ဆရာတော်ကလည်း မကြိုက်ဘူး။ ဥပဒေအရလည်း မညီညွတ်ဘူးဆိုတော့ ကျွန်တော်လည်း လိုလိုချင်ချင် ဖျက်သိမ်းတာပါခင်ဗျ။ ဒီနေရာက အရင်ကဆို ဘယ်လိုမှ အဆင်မပြေတဲ့နေရာတစ်ခုပဲ။ ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားပြုပြင်လာတော့ လက်ရှိ အနေအထားလေးဖြစ်လာတာ။ ဒီနေရာကို အခြားမြေအဖြစ် အသုံးပြုခွင့်ကိုလည်း တင်ပြထားပြီဖြစ်ပါတယ်။ ခွင့်ပြုချက်ရဖို့ ကြိုးစားသွားမှာပါ။ နိုင်ငံတော်အတွက် လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်က ဒီနေရာ စွန့်လွှတ်ဖို့လိုရင်လည်း စွန့်လွှတ်မှာပါ”ဟု လက်ရှိတွင် ဇွဲသာယာကမ်းခြေဆိုင်ခန်းများ ဆောက်လုပ်နေသည့် ဦးဇွဲက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွက် ဆိုင်ခန်းများစတင်ဆောက်လုပ်ထားသည့် ဇွဲသာယာကမ်းခြေနေရာမှာ လက်ရှိတွင် လယ်ယာမြေအမျိုးအစားဖြစ်နေသည့်အပြင် နယ်နမိတ်ဖြစ်သည့် မဲခေါင်မြစ်ဘေးတွင် ဖြစ်သဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်ခန်းပေါင်း (၃၀)နီးပါးဖြင့် စည်ကားလာသည့် ဇွဲသာယာကမ်းခြေတွင် လူငယ်များ မကြာခဏပြဿနာဖြစ်သည်ဟု အဆိုပါဒေသအနီးဝန်းကျင်မှ ဒေသခံများကလည်း သက်ဆိုင်ရာဌာနများထံ တင်ပြမှုများရှိနေသဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ရန် သက်ဆိုင်ရာက သတိပေးတားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ဇွဲ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~