ိတာခ်ီလိတ္တြင္ ဆိုင္ကယ္ေမာင္းသူမ်ားအား အသိပညာေပး၊ မၾကာမီကာလအတြင္း ဆိုင္ကယ္ပါ၀ါ အိတ္ေဇာႀကီးမ်ား ဖ်က္ဆီးျပသကာ အသိပညာေပးမည္

ိတာခ်ီလိတ္တြင္ ဆိုင္ကယ္ေမာင္းသူမ်ားအား အသိပညာေပး၊ မၾကာမီကာလအတြင္း ဆိုင္ကယ္ပါ၀ါ အိတ္ေဇာႀကီးမ်ား ဖ်က္ဆီးျပသကာ အသိပညာေပးမည္
ဧပြီ 3, 2018
By Tachileik News Agency

ဆိုင္ကယ္ေမာင္းသူမ်ား မေတာ္တဆထိခိုက္မႈမ်ားႏွင့္အတူ ယာဥ္တိုက္မႈမ်ား ေလ်ာ့နည္းေစရန္အျပင္ သႀကၤန္ကာလအတြက္ ႀကိဳတင္အသိပညာေပးမႈအျဖစ္  ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္း အတြင္း၌ ဆိုင္ကယ္ေမာင္းသူမ်ားအား အသိပညာေပးမႈအေနျဖင့္ လုပ္ေဆာင္ရာ ဆိုင္ကယ္စီး ဦးထုပ္ မေဆာင္းသူ ဆိုင္ကယ္ အစီး(၆၀)ေက်ာ္အား အသိပညာေပးေဆာင္ရြက္မွဳနွင့္တကြ လက္ကမ္းစာေစာင္မ်ားပါ ေပးေ၀ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴးေဇာ္မင္းသိန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ တာ၀န္ ရွိသူမ်ားျဖင့္ ၂၀၁၈ခုႏွစ္ ဧၿပီလ(၃)ရက္ေန႔ နံနက္ပိုင္းက ေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္/လမ္းစည္းကမ္း ႏွင့္ ပတ္သက္၍ လိုက္နာမႈ အေျခအေနမွာ အားနည္းေနေသးေၾကာင္း သိရသည္။

"သႀကၤန္ကာလအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေဆာင္ရြက္တာပါ၊ အေရးယူရင္လည္း စည္းကမ္း လိုက္နာမႈေတြက ေတာ္ေတာ္ေလး အားနည္းေနေသးတယ္၊ (၁၀)ေယာက္မွာ (၂)ေယာက္ေလာက္ပဲ စည္းကမ္းလိုက္နာတဲ့ အေနအထားေလးေတြရွိတယ္၊ (၂၀)ရာခိုင္ႏႈန္းေလာက္ပဲ စည္းကမ္း လိုက္နာတယ္၊ အဲ့ဒီေတာ့ ကြ်န္ေတာ္တို႔က အခုလို တန္းစီၿပီးေတာ့ ဆိုင္ကယ္ေတြကို ဖမ္းတယ္၊ ဖမ္းၿပီးေတာ့ အေရးယူရင္ ဒီမွာက တိုင္းရင္းသားေတြမ်ားေတာ့ ယာဥ္ထိန္းရဲတပ္ဖြဲ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို နားမလည္မွာ စိုးတဲ့အတြက္ အခုလို အသိပညာေပးအေနနဲ႔ ဆိုင္ကယ္ဦးထုပ္ျပန္ယူခိုင္းၿပီး အသိပညာေပး ၀န္ေဆာင္မႈအေနနဲ႔ လုပ္ေပးေနတာပါ"ဟု အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္း က ရွင္းျပသည္။

ဆိုင္ကယ္ေမာင္းသူမ်ားအေနျဖင့္ ဆိုင္ကယ္မ်ားအား အသံက်ယ္ေလာင္ေစသည့္ ဆိုင္ကယ္ပါ၀ါ အိတ္ေဇာႀကီးမ်ား တပ္ဆင္၍ ေမာင္းႏွင္ေနမႈမ်ားကိုလည္း အေရးယူသြားမည္ျဖစ္ၿပီး၊ သႀကၤန္ကာလ မတိုင္မီတြင္လည္း ဆိုင္ကယ္အိတ္ေဇာမ်ားအား ဖ်က္ဆီးျပသကာ အသိပညာေပးမႈအျဖစ္ ေဆာင္ရြက္သြားရန္လည္း ရွိေၾကာင္း သိရွိရသည္။

သတင္း -  ေဇာင္းညီ
ဓာတ္ပံု -  ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

ဆိုင်ကယ်မောင်းသူများ မတော်တဆထိခိုက်မှုများနှင့်အတူ ယာဉ်တိုက်မှုများ လျော့နည်းစေရန်အပြင် သင်္ကြန်ကာလအတွက် ကြိုတင်အသိပညာပေးမှုအဖြစ် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း အတွင်း၌ ဆိုင်ကယ်မောင်းသူများအား အသိပညာပေးမှုအနဖြေင့် လုပ်ဆောင်ရာ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူ ဆိုင်ကယ် အစီး(၆၀)ကျော်အား အသိပညာပေးဆောင်ရွက်မှုနှင့်တကွ လက်ကမ်းစာစောင်များပါ ပေးေဝခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်း နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ တာဝန် ရှိသူများဖြင့် ၂၀၁၈ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ယာဉ်/လမ်းစည်းကမ်း နှင့် ပတ်သက်၍ လိုက်နာမှု အခြေအနေမှာ အားနည်းနေသေးကြောင်း သိရသည်။

"သင်္ကြန်ကာလအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်တာပါ၊ အရေးယူရင်လည်း စည်းကမ်း လိုက်နာမှုတွေက တော်တော်လေး အားနည်းနေသေးတယ်၊ (၁၀)ယောက်မှာ (၂)ယောက်လောက်ပဲ စည်းကမ်းလိုက်နာတဲ့ အနေအထားလေးတွေရှိတယ်၊ (၂၀)ရာခိုင်နှုန်းလောက်ပဲ စည်းကမ်း လိုက်နာတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့က အခုလို တန်းစီပြီးတော့ ဆိုင်ကယ်တွေကို ဖမ်းတယ်၊ ဖမ်းပြီးတော့ အရေးယူရင် ဒီမှာက တိုင်းရင်းသားတွေများတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို နားမလည်မှာ စိုးတဲ့အတွက် အခုလို အသိပညာပေးအနေနဲ့ ဆိုင်ကယ်ဦးထုပ်ပြန်ယူခိုင်းပြီး အသိပညာပေး ဝန်ဆောင်မှုအနေနဲ့ လုပ်ပေးနေတာပါ"ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်း က ရှင်းပြသည်။

ဆိုင်ကယ်မောင်းသူများအနဖြေင့် ဆိုင်ကယ်များအား အသံကျယ်လောင်စေသည့် ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများ တပ်ဆင်၍ မောင်းနှင်နေမှုများကိုလည်း အရေးယူသွားမည်ဖြစ်ပြီး၊ သင်္ကြန်ကာလ မတိုင်မီတွင်လည်း ဆိုင်ကယ်အိတ်ဇောများအား ဖျက်ဆီးပြသကာ အသိပညာပေးမှုအဖြစ် ဆောင်ရွက်သွားရန်လည်း ရှိကြောင်း သိရှိရသည်။

သတင်း -  ဇောင်းညီ
ဓာတ်ပုံ -  အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~