၄၀ယ/ ၈၀၈၉ Wave I -110 အနီအနက္ဆုိင္ကယ္ ေတြ႔ရိွပါက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားႏုိင္

၄၀ယ/ ၈၀၈၉ Wave I -110 အနီအနက္ဆုိင္ကယ္ ေတြ႔ရိွပါက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားႏုိင္
ဧပြီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ဆုိင္ကယ္နံပါတ္ ၄၀ယ/၈၀၈၉ Wave I - 110 အနီအနက္မွာ ဧၿပီလ (၁၀)ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေပ်ာက္ဆံုးသြားသျဖင့္ အဆုိပါ ဆုိင္ကယ္ႏွင့္ ပတ္သက္၍ သတင္းအခ်က္အလက္ရရိွသူမ်ားအေနျဖင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကား ႏုိင္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ ေန႔လယ္ (၁)နာရီမွာ အမႈဖြင့္တုိင္ၾကားထားပါတယ္။ အမႈလက္ခံတဲ့ နယ္ထိန္း တပ္ၾကပ္ႀကီးက ကၽြန္ေတာ္တုိ႔ကို သတင္းရရင္ ဆက္သြယ္ေပးမယ္ဆိုၿပီး ဖုန္းနံပါတ္ေတြလည္း ေပးလိုက္ပါတယ္”ဟု ဆုိင္ကယ္ေပ်ာက္ဆံုးသြားသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဧၿပီလ (၁၀) ရက္ေန႔ ေန႔လယ္ (၁)နာရီက အမႈဖြင့္ တုိင္ၾကားထားသည္ဟု ဆုိင္ကယ္ေပ်ာက္ဆံုးသူထံမွ သိရေသာ္လည္း ရဲတပ္ဖြဲ႕တြင္ အမႈဖြင့္ တုိင္ၾကားခ်က္ လက္ခံရရိွျခင္းမရိွေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးက ဆိုသည္။

“အမႈဖြင့္တယ္ဆိုတာ ကၽြန္ေတာ္၊ကြ်န္မတုိ႔က ဒါေတာ့ ေပ်ာက္ပါတယ္။ အမႈဖြင့္ေပးပါလို႔ တိုင္တန္းခ်က္ဖြင့္ၿပီး တုိင္တာက တစ္မ်ိဳး၊ ေနာက္တစ္မ်ိဳးက ကၽြန္ေတာ္တုိ႔၊ ကၽြန္မတုိ႔ေတာ့ ဒါေပ်ာက္ ပါတယ္။ စံုစမ္းေပးပါလို႔ အေၾကာင္းၾကားတာက တစ္မ်ိဳးရိွတယ္။ တစ္ခ်ိဳ႕က အမႈဖြင့္တုိင္ၾကားၿပီး တရားရံုးသြားရ၊ သက္ေသထြက္ဆိုရနဲ႔ အလုပ္မ်ားေတာ့ အမႈမဖြင့္ခ်င္ၾကေတာ့ ဒါကိုစံုစမ္းေပးပါဆိုၿပီးပဲ အေၾကာင္းၾကားတာမ်ိဳးရိွတယ္။ ဒီေတာ့ သူတို႔က လာၿပီး အေၾကာင္းၾကားထားတာျဖစ္ပါလိမ့္မယ္။ ဘယ္လိုပဲ ျဖစ္ပါေစ အမႈဖြင့္သည္ျဖစ္ေစ၊ တုိင္ၾကားသည္ျဖစ္ေစ ကၽြန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕ကေတာ့ စံုစမ္းေပးရတာပါပဲ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္က ေျပာသည္။

ဆိုင္ကယ္ေပ်ာက္ဆံုးသည့္ ပုဂၢလိကဝန္ထမ္းက ရဲစခန္းတြင္ သြားေရာက္တုိင္ၾကားထားၿပီး ရဲတပ္ဖြဲ႕မွ စံုစမ္းေပးမည္ဟုေျပာၾကားထားသျဖင့္ သတင္းအခ်က္အလက္ရရိွသူမ်ားအေနျဖင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကား ကူညီေပးၾကရန္ တုိက္တြန္းထားသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ဆိုင်ကယ်နံပါတ် ၄၀ယ/၈၀၈၉ Wave I - 110 အနီအနက်မှာ ဧပြီလ (၁၀)ရက်နေ့ နံနက်အစောပိုင်းတွင် ပျောက်ဆုံးသွားသဖြင့် အဆိုပါ ဆိုင်ကယ်နှင့် ပတ်သက်၍ သတင်းအချက်အလက်ရရှိသူများအနဖြေင့် တာချီလိတ်မြို့မ ရဲတပ်ဖွဲ့ထံ အကြောင်းကြား နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ နေ့လယ် (၁)နာရီမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။ အမှုလက်ခံတဲ့ နယ်ထိန်း တပ်ကြပ်ကြီးက ကျွန်တော်တို့ကို သတင်းရရင် ဆက်သွယ်ပေးမယ်ဆိုပြီး ဖုန်းနံပါတ်တွေလည်း ပေးလိုက်ပါတယ်”ဟု ဆိုင်ကယ်ပျောက်ဆုံးသွားသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် ဧပြီလ (၁၀) ရက်နေ့ နေ့လယ် (၁)နာရီက အမှုဖွင့် တိုင်ကြားထားသည်ဟု ဆိုင်ကယ်ပျောက်ဆုံးသူထံမှ သိရသော်လည်း ရဲတပ်ဖွဲ့တွင် အမှုဖွင့် တိုင်ကြားချက် လက်ခံရရှိခြင်းမရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးက ဆိုသည်။

“အမှုဖွင့်တယ်ဆိုတာ ကျွန်တော်၊ကျွန်မတို့က ဒါတော့ ပျောက်ပါတယ်။ အမှုဖွင့်ပေးပါလို့ တိုင်တန်းချက်ဖွင့်ပြီး တိုင်တာက တစ်မျိုး၊ နောက်တစ်မျိုးက ကျွန်တော်တို့၊ ကျွန်မတို့တော့ ဒါပျောက် ပါတယ်။ စုံစမ်းပေးပါလို့ အကြောင်းကြားတာက တစ်မျိုးရှိတယ်။ တစ်ချို့က အမှုဖွင့်တိုင်ကြားပြီး တရားရုံးသွားရ၊ သက်သေထွက်ဆိုရနဲ့ အလုပ်များတော့ အမှုမဖွင့်ချင်ကြတော့ ဒါကိုစုံစမ်းပေးပါဆိုပြီးပဲ အကြောင်းကြားတာမျိုးရှိတယ်။ ဒီတော့ သူတို့က လာပြီး အကြောင်းကြားထားတာဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အမှုဖွင့်သည်ဖြစ်စေ၊ တိုင်ကြားသည်ဖြစ်စေ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကတော့ စုံစမ်းပေးရတာပါပဲ”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်က ပြောသည်။

ဆိုင်ကယ်ပျောက်ဆုံးသည့် ပုဂ္ဂလိကဝန်ထမ်းက ရဲစခန်းတွင် သွားရောက်တိုင်ကြားထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်းပေးမည်ဟုပြောကြားထားသဖြင့် သတင်းအချက်အလက်ရရှိသူများအနဖြေင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြား ကူညီပေးကြရန် တိုက်တွန်းထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~