ငလ်င္လႈပ္ခတ္ခဲ့မႈမ်ားေၾကာင့္ လားရိႈးၿမိဳ႕နယ္တြင္း ဆည္ႏွင့္ေရေလွာင္တမံမ်ားအား လစဥ္စစ္ေဆးေန

ငလ်င္လႈပ္ခတ္ခဲ့မႈမ်ားေၾကာင့္ လားရိႈးၿမိဳ႕နယ္တြင္း ဆည္ႏွင့္ေရေလွာင္တမံမ်ားအား လစဥ္စစ္ေဆးေန
ဧပြီ 5, 2018
By Tachileik News Agency

ငလ်င္လႈပ္ခတ္ခဲ့မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဆည္တစ္ခုႏွင့္ ေရေလွာင္တမံ သံုးခုတို႔ ႀကံ့ခိုင္မႈကို ေခတ္မီကိရိယာမ်ား အသံုးျပဳ၍ လစဥ္စစ္ေဆးမႈ ျပဳလုပ္ လ်ွက္ရွိေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံကိန္း ဦးစီးဌာန(လားရိႈး) မွ သိရသည္။

“အဓိကကေတာ့ အခုတေလာအတြင္း ျမန္မာႏိုင္ငံထဲမွာ ငလ်င္လႈပ္ခဲ့တာေတြရယ္၊ လားရိႈးၿမိဳ႕နယ္ အတြင္းက ဆည္ေတြကလည္း တည္ေဆာက္ၿပီးခ်ိန္ကေန အခုခ်ိန္ထိ ႀကံ့ခိုင္မႈရွိ မရွိဆိုတာကို စစ္ေဆးတာ၊ ငလ်င္ရဲ႕ လႈပ္ခတ္မႈေၾကာင့္ ဆည္ေတြရဲ့ႀကံ့ခိုင္မႈ ထိခိုက္လား မထိခိုက္လားဆိုတာကို စစ္ေဆးတာ ျဖစ္ပါတယ္။ လက္ရွိ စစ္ေဆးၿပီးခ်ိန္အထိေတာ့ ဘာမွထိခိုက္မႈ မရွိထားပါဘူး” ဟု ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံကိန္းဦးစီးဌာန (လားရိႈး) မွ ဦးစီးအရာရွိ (ၿမိဳ႕ျပ) ဦးေအာင္မင္းစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္ အတြင္းရွိ ဟူးမြန္ေရေလွာင္တမံ၊ ေကာက္ေကြ႔ေရေလွာင္တမံ၊ နမ့္မ်ွင္ေရလႊဲဆည္ႏွင့္ နမ့္က်န္ ေရေလွာင္တမံတို႔အား စတင္တည္ေဆာက္ခ်ိန္ အသံုးျပဳခ်ိန္မွ လက္ရွိအခ်ိန္အထိ ဆည္မ်ား၏ ႀကံ့ခိုင္မႈႏွင့္ ေရထိန္းသိမ္းႏိုင္မႈစြမ္းရည္ က်ဆင္းမႈရွိမရွိကို ပံုမွန္စစ္ေဆးမႈျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ပံုမွန္ဆိုရင္ေတာ့ တစ္ပတ္ကို တစ္ႀကိမ္ေလာက္စစ္ေဆးရပါတယ္။ ဒီဘက္မွာက ငလ်င္ျပသနာသိပ္မရွိတဲ့ အတြက္ တစ္လကို တစ္ႀကိမ္ေတာ့ပံုမွန္စစ္ေဆးပါတယ္။ ဆည္ေတြ ေရေလွာင္တမံေတြရဲ့ ႀကံ့ခိုင္မႈနဲ႔ အနိမ့္ အျမင့္ေတြ၊ ေရထိန္းသိမ္းႏိုင္မႈစြမ္းရည္ေတြက ေျပာင္းလဲပ်က္စီးတာမ်ိဳးမရွိေသးပါဘူး” ဟု ဦးစီးအရာရွိက ေျပာသည္။

အခ်ိန္မွန္ စစ္ေဆးျခင္းအားျဖင့္ ဆည္မ်ားယိုယြင္းမႈကို ခ်က္ခ်င္းသိရွိျပင္ဆင္ႏိုင္ၿပီး လားရိႈးခရိုင္အတြင္း အဓိက ေရလႊဲဆည္တစ္ခု၊ ေရေလွာင္တမံတစ္ခုႏွင့္ ကန္တစ္ခုတို႔အျပင္ နမၼတူၿမိဳ႕နယ္အတြင္းရွိ မုန္းရင္ေရေလွာင္တမံ တို႔အားလည္း ပံုမွန္စစ္ေဆးေနၿပီး အဓိကအားျဖင့္ လားရႈိးၿမိဳ႕အတြင္း ေရျဖန္႔ေဝမႈျပဳလုပ္ေပးေနသည့္ ေရလႊဲဆည္ ႏွင့္ ေရေလွာင္တမံမ်ားကို အစဥ္မျပတ္ စစ္ေဆးမႈျပဳလုပ္ လ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ငလျင်လှုပ်ခတ်ခဲ့မှုများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ ဆည်တစ်ခုနှင့် ရေလှောင်တမံ သုံးခုတို့ ကြံ့ခိုင်မှုကို ခေတ်မီကိရိယာများ အသုံးပြု၍ လစဉ်စစ်ဆေးမှု ပြုလုပ် လျှက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံကိန်း ဦးစီးဌာန(လားရှိုး) မှ သိရသည်။

“အဓိကကတော့ အခုတလောအတွင်း မြန်မာနိုင်ငံထဲမှာ ငလျင်လှုပ်ခဲ့တာတွေရယ်၊ လားရှိုးမြို့နယ် အတွင်းက ဆည်တွေကလည်း တည်ဆောက်ပြီးချိန်ကနေ အခုချိန်ထိ ကြံ့ခိုင်မှုရှိ မရှိဆိုတာကို စစ်ဆေးတာ၊ ငလျင်ရဲ့ လှုပ်ခတ်မှုကြောင့် ဆည်တွေရဲ့ကြံ့ခိုင်မှု ထိခိုက်လား မထိခိုက်လားဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ဆေးပြီးချိန်အထိတော့ ဘာမှထိခိုက်မှု မရှိထားပါဘူး” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံကိန်းဦးစီးဌာန (လားရှိုး) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်မင်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ် အတွင်းရှိ ဟူးမွန်ရေလှောင်တမံ၊ ကောက်ကွေ့ရေလှောင်တမံ၊ နမ့်မျှင်ရေလွှဲဆည်နှင့် နမ့်ကျန် ရေလှောင်တမံတို့အား စတင်တည်ဆောက်ချိန် အသုံးပြုချိန်မှ လက်ရှိအချိန်အထိ ဆည်များ၏ ကြံ့ခိုင်မှုနှင့် ရေထိန်းသိမ်းနိုင်မှုစွမ်းရည် ကျဆင်းမှုရှိမရှိကို ပုံမှန်စစ်ဆေးမှုပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ပုံမှန်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်လောက်စစ်ဆေးရပါတယ်။ ဒီဘက်မှာက ငလျင်ပြသနာသိပ်မရှိတဲ့ အတွက် တစ်လကို တစ်ကြိမ်တော့ပုံမှန်စစ်ဆေးပါတယ်။ ဆည်တွေ ရေလှောင်တမံတွေရဲ့ ကြံ့ခိုင်မှုနဲ့ အနိမ့် အမြင့်တွေ၊ ရေထိန်းသိမ်းနိုင်မှုစွမ်းရည်တွေက ပြောင်းလဲပျက်စီးတာမျိုးမရှိသေးပါဘူး” ဟု ဦးစီးအရာရှိက ပြောသည်။

အချိန်မှန် စစ်ဆေးခြင်းအားဖြင့် ဆည်များယိုယွင်းမှုကို ချက်ချင်းသိရှိပြင်ဆင်နိုင်ပြီး လားရှိုးခရိုင်အတွင်း အဓိက ရေလွှဲဆည်တစ်ခု၊ ရေလှောင်တမံတစ်ခုနှင့် ကန်တစ်ခုတို့အပြင် နမ္မတူမြို့နယ်အတွင်းရှိ မုန်းရင်ရေလှောင်တမံ တို့အားလည်း ပုံမှန်စစ်ဆေးနပြေီး အဓိကအားဖြင့် လားရှိုးမြို့အတွင်း ရဖြေန့်ဝေမှုပြုလုပ်ပေးနေသည့် ရေလွှဲဆည် နှင့် ရေလှောင်တမံများကို အစဉ်မပြတ် စစ်ဆေးမှုပြုလုပ် လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~