ရခုိင္ျပည္နယ္တြင္း ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေရးေကာ္မတီက UEHRD ညႇိႏႈိင္းေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား ေတြ႕ဆုံေမးျမန္း

ရခုိင္ျပည္နယ္တြင္း ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေရးေကာ္မတီက UEHRD ညႇိႏႈိင္းေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား ေတြ႕ဆုံေမးျမန္း
ဧပြီ 6, 2018
By Tachileik News Agency

ရခုိင္ျပည္နယ္တြင္း ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ရံုး၏ သတင္းထုတ္ျပန္ေရးေကာ္မတီက UEHRD ညႇိႏႈိင္းေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ႏွင့္ ေတြ႔ဆံုေမးျမန္းမႈအား ေဖၚျပေပးပါသည္။

ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈအကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း (UEHRD) ေကာ္မတီက ရခိုင္ျပည္နယ္အတြင္း ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လုပ္ငန္းစဥ္မ်ားခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည္။ အဆိုပါ ျပန္လည္ထူေထာင္ေရး၊ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈႏွင့္စပ္လ်ဥ္းၿပီး လက္ရွိအေျခအေန အထိ ၿပီးစီးမႈ၊ ဆက္လက္ေဆာင္႐ြက္ေနမႈမ်ား၊ ေမာင္ေတာေဒသ၏ နယ္ေျမအေျခအေန၊ တစ္ဖက္ႏိုင္ငံသို႔ ထြက္ခြာသြားသူမ်ားအား ျပန္လည္လက္ခံေရးေဆာင္႐ြက္ထားရွိမႈ စသည္တို႔ႏွင့္ပတ္သက္၍ သိရွိႏိုင္ရန္ UEHRD ညႇိႏႈိင္းေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား ေတြ႕ဆုံေမးျမန္းထားပါသည္။

ေမး ။ ။ UEHRD က ရခိုင္ျပည္နယ္ ေမာင္ေတာေဒသမွာ ျပန္လည္ထူေထာင္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေဆာင္႐ြက္ေနမႈအေျခအေနကို သိပါရေစ။

ေျဖ ။ ။ ကၽြန္ေတာ္တို႔အေနနဲ႔ လုပ္ငန္းစေနတာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၁၇ ရက္ကတည္းက ျဖစ္ပါတယ္။ အေျခခံအလုပ္တာဝန္ သုံးရပ္ရွိပါတယ္။ တစ္ခုက လူသားခ်င္းစာနာမႈ၊ ေနာက္တစ္ခုက ျပန္လည္ေနရာခ်ထားေရး၊ ေနာက္ဆုံးကေတာ့ ဖြံ႕ၿဖိဳးမႈျဖစ္ပါတယ္။ ဒါေၾကာင့္လည္း HRD လို႔ ေခၚတာပါ။ ပထမဆုံးအေနနဲ႔ သိဖို႔လိုတာေတာ့ HRD လုပ္ငန္းတာဝန္ သုံးရပ္ကို လုပ္ေပမယ့္ လုပ္တဲ့ပုံစံက ကၽြန္ေတာ္တို႔ႏိုင္ငံမွာ တစ္ခါမွ မလုပ္ဖူးေသးတဲ့ ပုံစံမ်ိဳး၊ ေျပာရရင္ ပုဂၢလိကက႑ ပါဝင္ ေဆာင္႐ြက္ ေနတယ္။ ျပည္ေထာင္စုအဆင့္ဆိုတာထက္ကို ညီၫြတ္မႈ ပူးေပါင္းေဆာင္႐ြက္မႈ။ အဓိပၸာယ္ကေတာ့ ႏိုင္ငံေတာ္အစိုးရနဲ႔ ပုဂၢလိကက႑ေပါင္းၿပီး ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ အေျခအေန တစ္ရပ္ကို တုံ႔ျပန္တဲ့အေနနဲ႔ လူသားခ်င္း စာနာမႈေတြ၊ ျပန္လည္ေနရာခ်ထားေရးေတြ၊ ဖြံ႕ၿဖိဳးေရး ကိစၥေတြ ေဆာင္႐ြက္ေနတာပါ။

အဲဒီေတာ့ တုံ႔ျပန္ေရးကိစၥေတြအေပၚမွာ ထူးျခားတာက အရင္တုန္းက ဒီလိုအေရးအခင္းေတြျဖစ္ေနရင္ မ်ားေသာအားျဖင့္ တုံ႔ျပန္မႈဟာ ႏိုင္ငံေတာ္အစိုးရရဲ႕ တုံ႔ျပန္မႈပဲ။ အစိုးရကဦးစီးၿပီးလုပ္တယ္။ ဒီတစ္ေခါက္ ကေတာ့ သိသာထင္ရွားေအာင္ဆိုၿပီး အမ်ိဳးသားတုံ႔ျပန္မႈ၊ အမ်ိဳးသားတုံ႔ျပန္မႈလို႔ေျပာရင္ ႏိုင္ငံေတာ္ အစိုးရက ဦးစီးတယ္ဆိုေပမယ့္ ပုဂၢလိကက႑၊ အရပ္ဘက္ လူ႕အဖြဲ႕အစည္း၊ မီဒီယာ၊ လူငယ္ေတြ အားလုံးပါဝင္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီသုံးရပ္ကို လုပ္တဲ့အခါ ကနဦးကတည္းက ရင္ဆိုင္ရတဲ့ ဝိေရာဓိကေတာ့ အဲဒီမွာျဖစ္တဲ့ ျပႆနာဟာ အေရးေပၚလုပ္ရတာေတြက အမ်ားႀကီး။ တစ္ဖက္မွာလည္း အေရးေပၚတာဝန္ကို ယူေနရတဲ့အခ်ိန္မွာ အေရးႀကီးတဲ့ အလုပ္ကိုလည္း အာ႐ုံမပ်က္ဖို႔လိုတယ္။ ကၽြန္ေတာ္တို႔မွာလည္း အၿမဲတမ္း ဒီႏွစ္ခု စေနရတာ၊ အေရးေပၚတဲ့ အလုပ္ကိုလုပ္ရမယ္၊ အေရးႀကီးတဲ့ အလုပ္ကိုလည္း လုပ္ရမယ္။

အေရးေပၚလို႔ေျပာရင္ တစ္ဖက္ႏိုင္ငံကို ေရာက္သြားတဲ့သူေတြ ျပန္လာတဲ့အခါမွာ အဆင္သင့္ျဖစ္ေအာင္ ကၽြန္ေတာ္တို႔က ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ပါ ရွိထားၿပီးေတာ့ ကၽြန္ေတာ္တို႔ ထြက္ထြက္ခ်င္း စိန္ေခၚမႈက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၂၃ ရက္မွာ သူတို႔ျပန္လာလို႔ ရတယ္ဆိုတာကို သေဘာတူထားေတာ့ လုပ္တဲ့အခါမွာလည္း အရင္တုန္းက လုပ္ခဲ့တာေတြကို သင္ခန္းစာယူၿပီး ငါးခူရ လက္ခံေရးစခန္းနဲ႔ ေတာင္ၿပိဳလက္ခံေရးစခန္းတို႔ကို ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေအာင္ လုပ္ထားတယ္။

တစ္ဖက္က လက္ခံေရးစခန္းေတြ လုပ္ထားၿပီးတဲ့အခါမွာ တစ္ဆက္တည္းမွာပဲ သူတို႔ကို ျပန္လည္ေနရာ ခ်ထားဖို႔ဆိုၿပီး လုပ္ရျပန္ေရာ။ ေနာက္ဆုံးမွာေတာ့ သူတို႔ကို နဂိုရွိတဲ့ေနရာနဲ႔ အနီးစပ္ဆုံးေနရာကို ပို႔ဖို႔ ကၽြန္ေတာ္တို႔က အားလုံးစိုင္းျပင္းေနရတာ။ ခုနေျပာတဲ့ လက္ခံေရးစခန္းႏွစ္ခုကို အဆင္သင့္ ျဖစ္ေအာင္ လုပ္ဖို႔ရယ္၊ ႀကိဳဆိုေရးစခန္းျဖစ္ေအာင္ လုပ္ဖို႔ကို ကၽြန္ေတာ္တို႔ နားလည္တာက ရခိုင္ျပည္နယ္ကို ျပန္လည္ၿပီး နဂိုထက္ပိုေကာင္းတဲ့ အေျခအေနျဖစ္ေအာင္ အေကာင္အထည္ေဖာ္မယ္၊ အေရးႀကီးတဲ့ ကိစၥကေတာ့ ဖြံ႕ၿဖိဳးမႈပဲ။

ရခိုင္ျပည္နယ္ဟာ တကယ္တမ္းေတာ့ အလားအလာ သိပ္ေကာင္းတဲ့ေနရာ၊ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္ လာရင္ အျပင္ကလူေတြ ျမင္ေနတာက ရခိုင္ျပည္နယ္လို႔ေျပာလိုက္ရင္ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ေလာက္ပဲျမင္တာ၊ တကယ္က ရခိုင္ျပည္နယ္ဟာ ၁၇ ၿမိဳ႕နယ္ရွိတယ္။ ရခိုင္ျပည္နယ္ ေတာင္ပိုင္း၊ အလယ္ပိုင္းဆိုၿပီး ရွိတယ္။ ရခိုင္ျပည္နယ္ဆို ငပလီကို ခ်က္ခ်င္းေျပးမျမင္ဘူး။ ရခိုင္ျပည္နယ္ လို႔ ေျပာရင္ ၿမိဳ႕ေဟာင္းတို႔၊ ေျမာက္ဦးတို႔ ေျပးမျမင္ဘူး။ ရခိုင္ျပည္နယ္လို႔ေျပာရင္ ေက်ာက္ျဖဴ စီးပြားေရးဇုန္ကို ေျပးမျမင္ဘူး။ အဲဒီေတာ့ ကၽြန္ေတာ္ေျပာခ်င္တာက ရခိုင္ျပည္နယ္ကို ၾကည့္တဲ့အခါမွာ သုံးသပ္တဲ့အခါမွာ ကြက္ၿပီး မသုံးသပ္ပါနဲ႔။ ကၽြန္ေတာ္တို႔ တာဝန္ကေတာ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ရဲ႕ တာဝန္ေပးခ်က္အရ လုပ္ငန္းသုံးခုကို စံခ်ိန္မီမီလုပ္ရမယ္၊ ျပန္လည္ေနရာခ်ထားေရးက အေရးႀကီးတယ္။ ေနာက္တစ္ခါလူသားခ်င္းစာနာမႈ အေရးႀကီးတယ္။

ဒီေနရာမွာ ကၽြန္ေတာ္တို႔အေနနဲ႔က ကိုယ့္ႏိုင္ငံက ထြက္သြားတဲ့သူေတြ ျပန္လာဖို႔ သက္ဆိုင္ရာ ဝန္ႀကီး ဌာနေတြက စိစစ္တဲ့ အလုပ္ေတြလုပ္တယ္။ တကယ္ပဲ ကိုယ့္ႏိုင္ငံမွာ ေနခဲ့တဲ့သူျဖစ္ရင္ ကၽြန္ေတာ္တို႔က ႏိုင္ငံတကာ စံႏႈန္းအတိုင္း လက္ခံေပးဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြက ေဆာင္႐ြက္ေနတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ပုဂၢလိက လုပ္ငန္းရွင္ေတြ၊ ပုဂၢလိက အဖြဲ႕အစည္းေတြနဲ႔ေပါင္းၿပီး အေဆာက္အအုံေတြ ေဆာက္တယ္၊ လမ္းေတြေဖာက္တယ္၊ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးတယ္။ ဆရာဝန္ႀကီးေတြ သာမကဘူး၊ ေဆးေကာင္စီတို႔၊ ျမန္မာႏိုင္ငံ ဆရာဝန္အသင္း အဖြဲ႕ဝင္ေတြ အျပင္ လုပ္ငန္းရွင္ေတြကလည္း က်န္းမာေရးလုပ္ငန္းေတြမွာ ကူညီေစာင့္ေရွာက္မႈေပးတယ္။ ထဲထဲဝင္ဝင္ လုပ္ေနတဲ့ လုပ္ငန္းရွင္ေတြပါတယ္၊ အဲဒါကအားရစရာပါ။

တစ္ဖက္ကလည္း ေမာင္ေတာမွာ အခုဆိုရင္ အထူးစီးပြားေရးဇုန္တစ္ခု ေဖာ္ေနတယ္။ ေဖာ္ေနတာလည္း ေမာင္ေတာၿမိဳ႕နယ္ရဲ႕ ကုန္သည္ႀကီးမ်ားအသင္း ဦးစီးၿပီး ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ား အသင္း အကူအညီနဲ႔ ေမာင္ေတာမွာ အခုဆိုရင္ ဆိပ္ကမ္းက အဆင္သင့္ျဖစ္ေနၿပီ။ ပစၥည္းေတြအားလုံးက အဲဒီကေနတစ္ဆင့္ ခ်က္ခ်င္းပို႔လို႔ရၿပီ။

ေနာက္တစ္ခု စိုက္ပ်ိဳးေရးကိစၥ၊ ၂၀၁၇ ခုႏွစ္ ဩဂုတ္ ၂၅ ရက္ ျဖစ္စဥ္ၿပီးတဲ့အခါမွာ ရခိုင္ျပည္နယ္မွာ ဘာသတိထားမိသလဲဆိုရင္ စပါးေတြက မွည့္ေနတယ္၊ မွည့္တဲ့စပါးေတြကို ရိတ္မယ့္သူက မရွိေတာ့ဘူး၊ ပိုင္ရွင္ေတြလည္း မရွိေတာ့တဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔အဖြဲ႕ UEHRD အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ စိုက္ပ်ိဳးေရး အဖြဲ႕က လိုအပ္တဲ့ အေထာက္အကူပစၥည္းေတြနဲ႔ ရိတ္သိမ္းတယ္။ ရိတ္သိမ္းတဲ့အခါမွာလည္း အမ်ားစြပ္စြဲသလို သိမ္းတာ မဟုတ္ဘဲနဲ႔ ရိတ္သိမ္းတဲ့ပမာဏကို စာရင္းဇယားလုပ္တယ္။ အခ်ိဳ႕ဟာလည္း ေရာင္းရတယ္။ ေရာင္းတာကို စာရင္းဇယားမွတ္တမ္းေတြ ရွိတယ္။ ဝင္ေငြဘယ္ေလာက္ရတာရွိတယ္။ အဲဒီလိုလုပ္တဲ့အခါမွာ အကယ္၍ ပိုင္ရွင္ေတြက သက္ေသအေထာက္အထားျပႏိုင္ရင္ သူတို႔စပါးေတြ ျပန္ေပးတာတို႔၊ ရတဲ့ဝင္ေငြ ျပန္ေပးတာတို႔ လုပ္ေပးဖို႔ အစီအစဥ္ေတြရွိတယ္။

ႏိုင္ငံေတာ္ရဲ႕ တာဝန္ေပးခ်က္အရလည္း ျပန္လာခ်င္တဲ့သူေတြ ျပန္လာႏိုင္ေအာင္ ကၽြန္ေတာ္တို႔က ဖန္တီးေပးတယ္။ ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္သုံးခုမွာ ေအးေအးေဆးေဆး ေနထိုင္တဲ့သူေတြရွိေတာ့ အဲဒီေနထိုင္တဲ့သူေတြဆက္ၿပီးေနထိုင္ေအာင္ ကၽြန္ေတာ္တို႔က အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီး ရမယ္၊ စီးပြားေရး႐ႈေထာင့္ကၾကည့္ရင္ ရခိုင္ျပည္နယ္ရဲ႕ ျပႆနာေတြ အမ်ားႀကီးထဲမွာ အေျခခံတစ္ခုက စီးပြားေရး မဖြံ႕ၿဖိဳးတာ၊ အလုပ္အကိုင္ေပးႏိုင္မႈေတြ အားနည္းတာ၊ အလုပ္မရွိေတာ့ တျခားျပႆနာေတြ ေပၚလာတယ္။ ဝင္ေငြနည္းေတာ့ ပဋိပကၡေတြအတြက္ကို အားေပးတာမ်ိဳးေတြျဖစ္တယ္။

အဲဒီလိုမ်ိဳးေတြေၾကာင့္ လုပ္ငန္းရွင္ေတြနဲ႔တိုင္ပင္ၿပီး သူတို႔ဆီမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးႏိုင္ရင္၊ ဝင္ေငြတိုးေအာင္ လုပ္ေပးႏိုင္ရင္၊ စက္မႈဇုန္ေတြ ေဖာ္ေပးႏိုင္ရင္ အေျခအေနတစ္ခုကိုမ်ား ေျပာင္းမလားဆိုၿပီး ကၽြန္ေတာ္တို႔က လုပ္ေပးရမယ္။

ေနာက္တစ္ခု သတိထားဖို႔က UEHRD နဲ႔ အလုပ္လုပ္တဲ့အခါမွာ ျပည္တြင္းရဲ႕ အျမင္ကအေရးႀကီးသလို ႏိုင္ငံတကာအျမင္ကလည္း အေရးႀကီးတယ္။ ကၽြန္ေတာ္တို႔က ႏိုင္ငံတကာအျမင္ေတြအားလုံးကို လ်စ္လ်ဴ႐ႈၿပီး ျပည္တြင္း အျမင္ေတြကိုပဲ အာ႐ုံစိုက္ပါဆိုတာ မျဖစ္ႏိုင္သလို တစ္ဖက္ကလည္း ျပည္တြင္းအျမင္ေတြကို မၾကည့္နဲ႔၊ ႏိုင္ငံတကာ အေျခအေနကိုပဲ ၾကည့္ပါဆိုလည္း မျဖစ္ႏိုင္ေသးဘူး။ ကိုယ့္ႏိုင္ငံ အခ်ဳပ္အျခာအာဏာကလည္း ရွိေနေသးတာကိုး။ အဲဒီအခါမွာ ဦးေႏွာက္က ေတာ္ေတာ္ စားရတယ္။ အဲဒီလို အေျခအေနက်ရင္ မေက်နပ္တာေတြရွိႏိုင္တယ္၊ အားမရတာေတြ ရွိႏိုင္တယ္။ အားမရတာက ႏိုင္ငံတကာကလည္း အားမရဘူး၊ ျပည္တြင္းကလည္း ကၽြန္ေတာ္ တို႔ကို အားမရဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ၾကားထဲမွာ သတိထားရတာေပါ့။ ျပန္လည္လက္ခံေရးနဲ႔ပတ္သက္လို႔ ေမးခြန္း ထုတ္တာေတြလည္း ရွိေနတယ္။ ျပန္လက္မခံျပန္ရင္လည္း ေမးခြန္းထုတ္တာေတြရွိတာေပါ့။ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ ျပည္တြင္းရဲ႕ အျမင္အယူအဆေတြကို သတိထားဖို႔လိုသလို ျပည္ပရဲ႕ ဖိအားေတြလည္း ရွိေနတာကိုး။ ကိုယ့္ႏိုင္ငံက ဖိအားကို မခံႏိုင္ေအာင္အလုပ္နဲ႔ သက္ေသျပရမယ္။

ကၽြန္ေတာ္တို႔မွာ ျပည္တြင္းမီဒီယာ အေနအထားအေနနဲ႔ ႏိုင္ငံတကာ မီဒီယာကို မလႊမ္းႏိုင္ဘူး။ ႏိုင္ငံတကာမီဒီယာမွာ ေဖာ္ျပတဲ့ သတင္းေတြက ပုံစံေတြ တစ္မ်ိဳးျဖစ္ေနတယ္။ အဲဒီပုံစံေတြေၾကာင့္ ကိုယ့္ႏိုင္ငံေပၚမွာ အျမင္ေတြ မၾကည္လင္တာေတြ၊ အျမင္ေစာင္းေနတာေတြျဖစ္တယ္။ အဲဒီေတာ့ အခု ကၽြန္ေတာ္တို႔က အလုပ္နဲ႔ပဲ ျပမယ္ဆိုတဲ့အျပင္ မဟာဗ်ဴဟာတစ္ခုအေနနဲ႔ အျပင္မွာ ထြက္ၿပီးေတာ့ ေျပာၾကည့္မယ္၊ ကိုယ့္ႏိုင္ငံရဲ႕ အေနအထားက ဒီလိုရွိတယ္၊ အဲဒါေတာ့ ပကတိအေျခအေနပဲ။ ႐ိုး႐ိုးရွင္းရွင္းပဲ။ ျဖစ္လာတဲ့ အေၾကာင္းအရင္းက ဘယ္လိုပါ၊ သူတို႔စြပ္စြဲသလို အစြန္းေရာက္တဲ့ပုံစံမ်ိဳး မဟုတ္ဘူး။ ဒါေပမဲ့ အဲဒီလိုေျပာလို႔မရဘူး၊ လုပ္ငန္းနဲ႔ျပမွရမယ္။ ႏွစ္ပိုင္းေပါ့။ အလုပ္နဲ႔ ကိုယ္တတ္ႏိုင္သမၽွ ျပရမယ္။

ဒီေနရာမွာ ထူးျခားတဲ့ကိစၥက အခု UEHRD လုပ္ငန္းေတြလုပ္တဲ့အခါ ဝန္ႀကီးဌာနေတြ အကူအညီ အေရးႀကီးသလို ပုဂၢလိကက႑ရဲ႕ လႈပ္ရွားမႈက အေရးႀကီးတယ္။ သူတို႔ေတြက ႏိုင္ငံ့အေရးကို တကယ့္ကို ဦးထိပ္ထားတဲ့အတြက္ “ကၽြန္ေတာ္တို႔ ဘာလုပ္မလဲ၊ ကၽြန္ေတာ္တို႔ ေနာက္ကေနပါၿပီး လုပ္ေပးမယ္”ဆိုၿပီး ပါလာတယ္။ တခ်ိဳ႕ေတြ ထင္တာကေတာ့ လုပ္ငန္းရွင္ႀကီးေတြက ဒီအခြင့္အေရးေတြကို ယူမယ္၊ ဒီေနရာက အခြင့္အေရးေတြယူမယ္ အဲဒီလိုထင္ေနတာ။ ကၽြန္ေတာ္တို႔က အစကတည္းက ေျပာထားတာ။ ဒီအခြင့္အေရးေတြယူမယ္ဆို အစကတည္းက ထြက္လို႔ ေျပာထားတယ္။

ဒီလိုအခြင့္အေရးေပးႏိုင္တဲ့ အေနအထားမရွိဘူး။ အကူအညီပဲ ေတာင္းတာ။ သူတို႔ဘာလုပ္လဲဆိုရင္ အခုဆို ေဆာက္လုပ္ေရးလုပ္တဲ့အခါမွာ ရန္ကုန္က ကုမၸဏီႀကီးေတြ၊ မႏၲေလးက ကုမၸဏီႀကီးေတြ တစ္ခုမွမပါဘူး။ အဲဒီကုမၸဏီေတြက ဘာလုပ္ေပးလဲဆိုရင္ အရည္အေသြးေတြ ထိန္းေပးတယ္။ ေဆာက္တဲ့
အေဆာက္အအုံေတြဟာ စံခ်ိန္စံၫႊန္းနဲ႔ ညီ၊ မညီ စစ္တယ္။ လုပ္ေပးတာဘယ္သူေတြက လုပ္ေပးသလဲ ဆိုရင္ ရခိုင္တိုင္းရင္းသားလုပ္ငန္းရွင္ေတြ၊ စစ္ေတြက လူေတြ၊ ေမာင္ေတာက လူေတြျဖစ္ပါတယ္။ အဲဒါ ဆိုေတာ့ သိပ္အားရတယ္၊ ပုဂၢလိကေတြရဲ႕ အင္အားေပါ့။

ႏိုင္ငံမွာ ႏိုင္ငံေတာ္အစိုးရက အေရးႀကီးသလို ပုဂၢလိကကလည္း အေရးႀကီးတယ္။ အရပ္ဘက္ အဖြဲ႕အစည္းကလည္း အေရးႀကီးတယ္။ ကၽြန္ေတာ္တို႔က သက္ေသျပခ်င္တယ္။ တစ္ခုရွိတာက ယုံၾကည္မႈ တည္ေဆာက္ရမွာေပါ့။ ဒီေနရာမွာတစ္ဖက္က တိုင္းရင္းသားေတြရဲ႕အျမင္ကို ျပန္ၾကည့္ ရျပန္ေရာ။ ရခိုင္တိုင္းရင္းသားေတြရဲ႕အျမင္၊ သူတို႔ရဲ႕ စိုးရိမ္စိတ္ေတြ တစ္ခါတေလ ကၽြန္ေတာ္တို႔ သာမန္ အားျဖင့္ ေမ့ေနေလ့ရွိတာတစ္ခုက ရခိုင္ျပည္နယ္သည္ နယ္စပ္ျဖစ္တယ္။ ႏိုင္ငံတကာမွာ နယ္စပ္ဆိုရင္ မ်ားေသာအားျဖင့္ အခ်ဳပ္အျခာအာဏာကို ထိပါးဖို႔ ေတာ္ေတာ္ေလးသတိထားရတာ။ လုံၿခဳံေရး ေရွ႕တန္းတင္ရတဲ့ေနရာ။ ဒါလည္း နားလည္ဖို႔လိုတယ္။

ေနာက္တစ္ခု စီးပြားေရးမ်က္စိနဲ႔ၾကည့္ရင္ ရခိုင္ျပည္နယ္ အလားအလာက အခုဆို ရခိုင္ကမ္းလြန္မွာ ဓာတ္ေငြ႕ေတြထြက္ေနၿပီ။ ရခိုင္ျပည္နယ္မွာ ပင္လယ္လုပ္ငန္းနဲ႔ပတ္သက္လို႔ ငါးဖမ္းကိစၥေတြ အမ်ားႀကီး အခုထက္ပိုၿပီး ထူးၿပီးလုပ္ႏိုင္တယ္။ အခုလက္ရွိ UEHRD က ႀကိဳးစားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးမွာ ေလယာဥ္ကြင္းေဆာက္ႏိုင္ရင္ ကမၻာလွည့္ခရီးသည္ေတြ လြယ္လြယ္ကူကူသြားႏိုင္မယ္။ အခုဆိုရင္ စစ္ေတြကေန ေျမာက္ဦးသြားဖို႔ ေတာ္ေတာ္ပင္ပန္းတယ္ေလ။ ငပလီလိုဟာမ်ိဳးမွာ တကယ့္ကို အေရွ႕ေတာင္အာရွမွာ အင္မတန္ရွားတဲ့ ကမ္းေျခတစ္ခုမွာ ေလယာဥ္က အေသးေလးေတြပဲ ဆင္းလို႔ ရတယ္။ အကယ္၍မ်ား အဲဒါကိုခ်ဲ႕ႏိုင္ရင္ ကမၻာလွည့္ခရီးသည္ေတြ အမ်ားႀကီးရမွာ။ ဒါေတြအားလုံးဟာ ဘာအတြက္လဲလို႔ စဥ္းစားရင္ အလုပ္အကိုင္အခြင့္အေရးအတြက္ ျဖစ္ပါတယ္။ သူေဌးေတြ ခ်မ္းသာဖို႔ ထက္ သူေဌးေတြ၊ လုပ္ငန္းရွင္ေတြရဲ႕ လုပ္ငန္းေဖာ္တဲ့အေပၚမွာ မူတည္ၿပီး အလုပ္အကိုင္ အခြင့္အလမ္း ေတြ ရလာမယ္။ ဒါကို ကၽြန္ေတာ္တို႔ ႀကိဳးစားေနတယ္။

တစ္ဖက္က ႏိုင္ငံတကာအကူအညီေတြဝင္လာေအာင္ အခုႏိုင္ငံေတာ္အစိုးရကလည္း UN အဖြဲ႕အစည္း ေတြ၊ NGO အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး ၫွိႏႈိင္းတိုင္ပင္ေနတယ္။ ဘယ္ပုံဘယ္နည္း ကူညီမလဲ။ သူတို႔ကူညီတာေတြကို ႏိုင္ငံေတာ္အစိုးရက အစြမ္းကုန္စိစစ္တယ္။ တစ္ဖက္ကလည္း ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္းရွင္ေတြကို ဖိတ္ေခၚဖို႔ ႀကိဳးစားေနတယ္။ Business to Business ေပါ့။ စီးပြားေရး လုပ္ငန္းရွင္အခ်င္းခ်င္း ကိုယ့္ဆီက စီးပြားေရးလုပ္ငန္းရွင္မ်ားနဲ႔ ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္းရွင္ အခ်င္းခ်င္း၊ အစိုးရအခ်င္းခ်င္း ခ်ိတ္ထားတာလည္း တစ္ပိုင္းေပါ့။ ႏိုင္ငံတကာစီးပြားေရးလုပ္ငန္းရွင္ေတြကို ဖိတ္ေခၚၿပီးေတာ့ ရခိုင္ျပည္နယ္သည္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ေကာင္းတဲ့၊ အခြင့္အေရးေကာင္းေကာင္းရွိတဲ့ ေနရာ ျဖစ္တယ္ ဆိုတာကို ဖိတ္ေခၚရမယ္။ တစ္ခုေတာ့ရွိတယ္။ ကၽြန္ေတာ္တို႔က လုံၿခဳံေရး ေကာင္းေကာင္း ေပးဖို႔ေတာ့ အာမခံရမွာေပါ့။

လတ္တေလာမွာ သတင္းေတြမွာပါသလို ျပန္လာဖို႔က အေရးႀကီးတယ္။ ျပန္မလာရင္ စိန္ေခၚမႈက ပိုမ်ားလာတယ္။ တခ်ိဳ႕ေတြ ျပန္မလာဘဲ ထိုင္းႏိုင္ငံကိုေလွနဲ႔သြားတယ္။ ဒီေန႔မနက္ သတင္းေတြမွာ ပါတယ္။ မေလးရွားကို သြားတာတို႔၊ ဒီကေနေ႐ႊ႕သြားတဲ့သူေတြျဖစ္တယ္လို႔ မီဒီယာေတြထဲမွာပါရင္ ကၽြန္ေတာ္တို႔ အေနနဲ႔ ပိုၿပီးသတိထားဖို႔လိုတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ တတ္ႏိုင္သမၽွ သူတို႔ ျပန္လာႏိုင္ေအာင္၊ ျပန္လာခ်င္ေအာင္ အစကတည္းက အာမခံထားတာကသုံးခုရွိတယ္။

လုံၿခဳံမႈရွိေအာင္ လုံၿခဳံေရးတတ္ႏိုင္သမၽွ လုပ္ေပးမယ္။ ေနာက္တစ္ခုက ျပန္လာတဲ့အခါမွာလည္း ဖိအားေပးတာမ်ိဳးမဟုတ္ဘဲနဲ႔ လြတ္လြတ္လပ္လပ္ ကိုယ့္စိတ္၊ ကိုယ့္သေဘာနဲ႔ ျပန္လာဖို႔လိုတယ္။ ျပန္လာၿပီးတဲ့အခါမွာ ဘ၀ကို သိကၡာရွိရွိ ရင္ဆိုင္ႏိုင္ေအာင္ အလုပ္အကိုင္အခြင့္အလမ္းေတြေပးမယ္လို႔ ဒီသုံးခ်က္ကို ႏိုင္ငံေတာ္အစိုးရကလည္း အာမခံထားတယ္။ UEHRD အေနနဲ႔ကလည္း ကိုယ္တတ္ႏိုင္တဲ့ အပိုင္းကေန အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးတာတို႔၊ ေက်ာင္းေတြ ေဆာက္ေပးတာတို႔၊ ေဆး႐ုံ၊ ေဆးခန္းေတြ ေဆာက္ေပးတာတို႔လုပ္တယ္။

ရခိုင္ျပည္နယ္မွာ အမ်ားစုက ရခိုင္တိုင္းရင္းသားေတြဆိုေပမယ့္ ေျမာက္ဘက္မွာက ရခိုင္တိုင္းရင္းသားက လူနည္းစုျဖစ္တယ္။ အမ်ားစုက ဘာသာျခားေတြျဖစ္တယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ စဥ္းစားတဲ့ အခါမွာ ရခိုင္တိုင္းရင္းသားေတြရဲ႕ စိုးရိမ္စိတ္၊ ပူပန္စိတ္ေတြကို ထည့္တြက္ဖို႔လိုသလို လူ႕အဖြဲ႕အစည္း တစ္ရပ္ တျခားအဖြဲ႕အစည္းကိုလည္း ကၽြန္ေတာ္တို႔ သတိထားရမွာေပါ့။ အဲဒါကလည္း ႏိုင္ငံတကာ အဖြဲ႕အစည္းေတြက စိတ္ဝင္စားတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ အၿမဲတမ္း ဒီႏွစ္ခုကို သထိထား လုပ္ကိုင္ ေနရတဲ့ အေနအထားရွိပါတယ္။

ေမး ။ ။ ေမာင္ေတာေဒသ အၾကမ္းဖက္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့တဲ့ ေနရာေတြမွာ လက္ရွိအခ်ိန္မွာ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းမႈအေျခအေန ဘယ္လိုရွိပါသလဲ။

ေျဖ ။ ။ UEHRD ကလုပ္တဲ့ ေနရာေတြမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္တာ မရွိပါဘူး။ ကၽြန္ေတာ္တို႔ ေတြ႕တာေတာ့ ျပန္လည္လက္ခံေရးစခန္း၊ ႀကိဳဆိုေရးစခန္းေတြမွာ ျပန္လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ ျပန္လည္လက္ခံေရးစခန္း၊ ႀကိဳဆိုေရးစခန္း၊ ျပန္လည္ေနရာခ်ထားတဲ့ ေနရာေတြ၊ တိုင္းရင္းသားေက်း႐ြာေဆာက္ေနတဲ့ ေနရာေတြမွာ နယ္ေျမရွင္းလင္းေနတာေတြ ဘာမွမရွိဘူး။ ဘာရွိသလဲ ဆိုေတာ့ သာမန္လုံၿခဳံေရးယူထားတဲ့ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ေတြေလာက္ပဲရွိတယ္။ နယ္ေျမ တည္တည္ၿငိမ္ၿငိမ္ေအးေအးခ်မ္းခ်မ္း ရွိေနတယ္လို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ေနရပ္စြန္႔ခြာသြားၿပီး တစ္ဖက္ႏိုင္ငံကိုေရာက္ေနသူေတြကို လက္ရွိအခ်ိန္မွာ ျပန္လည္လက္ခံေရး အတြက္ အဆင္သင့္ျဖစ္ေနမႈနဲ႔ ပတ္သက္ၿပီးထပ္ရွင္းျပေပးေစလိုပါတယ္။

ေျဖ ။ ။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၂၃ ရက္ကတည္းက ကၽြန္ေတာ္တို႔ဘက္က ျပန္လည္လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ သတင္းစာေတြထဲမွာလည္း ပါပါတယ္။ အစကတည္းက လက္မွတ္ထိုးၿပီး ႏွစ္ႏိုင္ငံ ကတိကဝတ္ျပဳၿပီးကတည္းက လြယ္ကူေအာင္၊ ျမန္ဆန္ေအာင္ ျဖည့္စြက္ရမယ့္ ပုံစံေတြကို သူတို႔ဆီ ပို႔လိုက္တယ္။ ျပန္လာခ်င္တဲ့သူေတြ ပုံစံျဖည့္ပါ။ ပို႔တဲ့အခါမွာလည္း ျဖည့္တဲ့ပုံစံကို အေသးစိတ္ ၫႊန္ၾကားတယ္။ ျပန္လာဖို႔ပုံစံေတြ ျဖည့္တဲ့အခါမွာလည္း လက္လြတ္စပယ္ျဖည့္လို႔မရဘူး။ မိသားစု ဓာတ္ပုံပါရမယ္၊ လက္ေဗြပုံစံေတြပါရမယ္ဆိုတာ အမ်ိဳးမ်ိဳးရွင္းျပတယ္။ တကယ္တမ္းျဖည့္ထားတဲ့ ပုံစံ စာ႐ြက္ေတြ ျပန္ရတဲ့အခါမွာ မျပည့္စုံဘူး။ ကၽြန္ေတာ္တို႔ ေျပာထားတာကို နားမလည္လို႔လား၊ မျဖည့္ တတ္လို႔လား ဆိုတာ မေျပာတတ္ဘူး။

အဲဒါဆိုရင္ေတာ့ ရွိတာေလးနဲ႔ လုပ္ၾကည့္ရေအာင္၊ အဆင္ေျပေအာင္ ကိုယ္လိုက္ေလ်ာႏိုင္တာ လိုက္ေလ်ာၿပီး လုပ္ၾကည့္ရေအာင္ဆိုၿပီး လုပ္တယ္။ ခုန ေမးတဲ့ေမးခြန္းက အဆင္သင့္ျဖစ္ေနၿပီလားဆိုရင္ ကၽြန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ။ အေဆာက္အအုံေတြလည္း အဆင္သင့္ျဖစ္တယ္၊ ေဆး႐ုံ ေဆးခန္းေတြလည္း အဆင္သင့္ျဖစ္တယ္။ အားလုံးက ဘာေျပာသလဲဆိုရင္ ဟိုတစ္ေန႔က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသလို ကၽြန္ေတာ္တို႔ ဘက္ကေတာ့ အဆင္သင့္ပဲ။ သူတို႔ျပန္လာျခင္း၊ မလာျခင္း ကေတာ့ ကိုယ္လည္း ျပန္လာခ်င္ေအာင္ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ ေဆြးေႏြး တိုင္ပင္ၿပီးေတာ့ ဘာေတြလုပ္ေပးလို႔ရမလဲ၊ ဘယ္လိုၫွိႏႈိင္းလို႔ရမလဲဆိုတာ ေဆြးေႏြးတာေတြ လုပ္ေနပါတယ္။

ေမး ။ ။ ေမာင္ေတာေဒသမွာရွိတဲ့ အစၥလာမ္ဘာသာဝင္ေတြက စားဝတ္ေနေရး အက်ပ္အတည္းနဲ႔ လုံၿခဳံေရး စိုးရိမ္မႈေတြေၾကာင့္ ေနရပ္စြန္႔ခြာသြားေနရတယ္လို႔ ႏိုင္ငံတကာမီဒီယာေတြမွာ ေရးသား ေဖာ္ျပေနတာ ေတြ႕ရပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ေျပာျပေပးေစလိုပါတယ္။

ေျဖ ။ ။ အားလုံးက စိတ္ကူးစိတ္သန္းေပါ့။ စိုးရိမ္စိတ္ေတြရွိတယ္။ စိုးရိမ္စိတ္ေတြရွိေတာ့ ဆက္ၿပီးေနရင္ မလုံၿခဳံဘူး။ တစ္ဖက္ကလည္း ေျပာေနၾကတယ္။ စားဝတ္ေနေရး မျပည့္စုံဘူး။ ဒါေၾကာင့္မို႔ျဖစ္တယ္လို႔ ေျပာေနၾကတယ္။ ကၽြန္ေတာ့္ဘက္ကေတာ့ ေျပာႏိုင္တာ တစ္ခုပဲရွိတယ္။

ႀကိဳးစားရမွာ ကိုယ့္တာဝန္
ဘာလဲဆိုရင္ လူသားခ်င္းစာနာမႈ အေထာက္အပံ့ေတြေပးေနတယ္။ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕နဲ႔ ရွိေနတဲ့ က်န္ရစ္တဲ့လူေတြကို လိုအပ္တဲ့ ေထာက္ပံ့မႈေတြေပးေနတယ္။ လုံၿခဳံေရးနဲ႔ ပတ္သက္လို႔လည္း လုံၿခဳံေရးတပ္ဖြဲ႕ေတြက အဲဒီေနရာေတြမွာ အေျခစိုက္ထားျခင္း၊ တပ္စြဲထားျခင္းမရွိဘူး။ ကိုယ့္ဘက္ ကေတာ့ ေသခ်ာေဆာင္႐ြက္ေပးထားတယ္။ သူတို႔ဘက္ကေတာ့ သူတို႔စိတ္ထဲမွာ မလုံၿခဳံတာတို႔၊ စားဝတ္ေနေရး မေျပလည္လို႔ ထြက္သြားရတယ္ဆိုတဲ့ သတင္းေတြၾကားေနရတယ္။ ကၽြန္ေတာ္တို႔ဘက္က တတ္ႏိုင္သမၽွ သူတို႔စိတ္ခ်ရေအာင္ ႀကိဳးစားၾကည့္တယ္။ ႀကိဳးစားရမွာ ကိုယ့္တာဝန္၊ ဒါကို ယုံတာ၊ မယုံတာက သူတို႔ကိစၥေပါ့ေလ။

ေမး ။ ။ UEHRD အေနနဲ႔ ေမာင္ေတာေဒသဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ရာမွာ ရင္ဆိုင္ႀကဳံေတြ႕ရတဲ့ အခက္အခဲရွိရင္လည္း သိခ်င္ပါတယ္။

ေျဖ ။ ။ အခက္အခဲလို႔ မစဥ္းစားမိပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ အၿမဲတမ္း ဆင္ျခင္ႏိုင္ေအာင္ စိန္ေခၚမႈလို႔ စဥ္းစားရင္ လူေတြက လုပ္ခ်င္ကိုင္ခ်င္စိတ္ ေပ်ာက္သြားမယ္။ စိန္ေခၚမႈမဟုတ္ဘူး။ စိန္ေခၚမႈက အခြင့္အေရးပဲ။ အခက္အခဲေတြေတာ့ရွိတယ္။ ဥပမာဆိုပါေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ တကယ္ ေဆာက္ေတာ့မယ္၊ လုပ္ေတာ့မယ္ဆိုရင္ လုပ္သားမရွိဘူး။ လုပ္သားမရွိတာ စိန္ေခၚမႈပဲ။ ဒါက အခက္အခဲမဟုတ္ဘူး။ ရွိေအာင္ဘယ္လိုလုပ္မလဲ ရန္ကုန္ကပဲျဖစ္ျဖစ္၊ စစ္ေတြကပဲျဖစ္ျဖစ္ ျပည္နယ္ ေတြမွာရွိတဲ့ ဝန္ထမ္းေတြ ေခၚရမွာပဲ။ ဒါမ်ိဳးေတြေတာ့ရွိတယ္။ အလုပ္လုပ္တဲ့အခါမွာ အားလုံး ေခ်ာေမြ႕တယ္ဆိုတာ မရွိႏိုင္ဘူး။ အားလုံးၿပီးျပည့္စုံတယ္ဆိုတာ မရွိႏိုင္ဘူး။ တစ္ခုပဲ။ ကၽြန္ေတာ့္ စိတ္ထဲမွာေတာ့ ရင္ဆိုင္ရတဲ့ စိန္ေခၚမႈေတြကို ကိုယ္က သင္ခန္းစာယူဖို႔ လိုတယ္။ ေက်ာ္လႊားရမွာ က္ိုယ့္မွာတာဝန္ရွိတယ္။ စိန္ေခၚမႈေတြ စဥ္းစားေနရင္းနဲ႔ လက္ပိုက္ ၾကည့္ေနလို႔မရဘူး။

နားလည္ေအာင္ လုပ္ေပးဖို႔လို
ပိုၿပီးလိုအပ္တာက မီဒီယာလိုတယ္။ ကိုယ္လုပ္တာေတြ လူေတြ နားလည္ေအာင္ ေျပာတတ္ဖို႔ပိုၿပီး အားထည့္ရမယ္။ ျပည္တြင္းကလည္း သိဖို႔လိုတယ္။ ႏိုင္ငံတကာကလည္း သိဖို႔လိုတယ္။ ကိုယ့္လူမ်ိဳး ေတြရဲ႕ အက်င့္က ကိုယ္လုပ္ႏိုင္သမၽွ လုပ္မွာပဲ။ သူမ်ားသိစရာ မလိုဘူးဆိုတဲ့စိတ္က ကၽြန္ေတာ္တို႔မွာ ရွိေနတယ္။ ကိုယ့္ လူမ်ိဳးစ႐ိုက္ေပါ့။ အခုေတာ့ေျပာျပဖို႔လိုတယ္။ ဘာေတြလုပ္ေနသလဲ ဆိုတာ ရွင္းျပဖို႔ လိုတယ္။ နားလည္ေအာင္ လုပ္ေပးဖို႔လိုတယ္။

ရခိုင္တိုင္းရင္းသားေတြရဲ႕ စိုးရိမ္စိတ္ကိုလည္း ရွင္းျပဖို႔လိုတယ္။ ရွင္းျပဖို႔အား ပိုထည့္ရမွာေပါ့။ လူထု ဆက္သြယ္ေရး နည္းလမ္းက ဆက္သြယ္ေရးနဲ႔ ဆက္ဆံေရးက ေနရာတိုင္းလိုတယ္။ UEHRD မွာ ဒါေၾကာင့္လည္း ႏွစ္ဖြဲ႕ေတာင္ ထည့္ထားတယ္။ တစ္ဖြဲ႕က ျပည္တြင္းဆက္သြယ္ဆက္ဆံေရး၊ ေနာက္တစ္ဖြဲ႕က ႏိုင္ငံတကာဆက္သြယ္ ဆက္ဆံေရးျဖစ္တယ္။

မီဒီယာကတစ္ဆင့္ ေဖာ္ျပဖို႔လို
ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာမွာ ေရးေနတာေတြကိုလည္း တုံ႔ျပန္မွရမယ္။ သူတို႔ေရးခ်င္တာ ေရးေနတာ ကိုယ္နဲ႔မသက္ဆိုင္ဘူးလို႔ ေျပာလို႔မရဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔က ႏိုးႏိုးၾကားၾကားရွိဖို႔လိုတယ္။ အခု ေခတ္မွာ ဆိုရွယ္မီဒီယာက အင္အားႀကီးတဲ့အခါက်ေတာ့ ကိုယ္လုပ္ေနတာေတြကို ခ်ျပဖို႔ အေရးႀကီးတယ္။ ေဖ့စ္ဘုတ္ေတြကို အသုံးခ်ၿပီး အမုန္းတရားပြားတာတို႔၊ လူ႕အဖြဲ႕အစည္းထဲမွာရွိတဲ့ အခ်င္းခ်င္း အမုန္းပြားတာ၊ ခိုက္ရန္ေဒါသျဖစ္တာ၊ ပဋိပကၡျဖစ္ေအာင္ အားေပးတာမ်ိဳးမျဖစ္ေအာင္ ကိုယ္က ဆင္ျခင္ဖို႔လိုတယ္။ ဆက္သြယ္ဆက္ဆံေရးက အေရးႀကီးတယ္။ ဒါေတြကို မီဒီယာကတစ္ဆင့္ ေဖာ္ျပဖို႔လိုတယ္။

ရခိုင္ျပည္နယ္ကို နဂိုထက္ ပိုေကာင္းေအာင္လုပ္ရမယ္။ ႏိုင္ငံ့ေခါင္းေဆာင္ကလည္း ဒီလိုပဲေျပာတယ္။ နဂိုပုံစံထက္ ပိုေကာင္းေအာင္လုပ္ဖို႔ ၫႊန္ၾကားထားေတာ့ ရေအာင္ေတာ့ လုပ္ရမွာပဲ။ ဖိအားေတြရွိတယ္။ ဖိအားရွိလည္းဘာျဖစ္သလဲ၊ သူ႕ဟာသူ ဖိအားပဲ။ စိန္ေခၚမႈေတြရွိလည္း ေက်ာ္လႊားရမွာပဲ။ စိန္ေခၚမႈရွိေတာ့ ပိုၿပီး အေလးအနက္ထားၿပီး အလုပ္လုပ္တဲ့အခါ ဆင္ျခင္ႏိုင္ရမယ္။

ပြင့္လင္းျမင္သာမႈရွိရမယ္
ေနာက္တစ္ခုက အားလုံးပြင့္လင္းျမင္သာမႈရွိရမယ္။ အရပ္ဘက္ အဖြဲ႕အစည္းေတြမွာ ဝမ္းသာစရာ ေကာင္းတာက UEHRDမွာ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းက လူႀကီးေတြလည္းပါတယ္။ သူတို႔က ပညာရွင္ေတြျဖစ္တာေၾကာင့္ အေဆာက္အအုံေဆာက္လုပ္တဲ့ပုံစံကို စနစ္တက် အရည္အေသြးေလး ထိန္းေပးတဲ့ အေနအထားေတြရွိတယ္။ တစ္ဖက္ကလည္း ျမန္မာႏိုင္ငံ ဆရာဝန္အသင္းက ဆရာဝန္ႀကီး ေတြ၊ ပါေမာကၡႀကီးေတြပါတယ္။ သူတို႔နဲ႔ မဆိုင္ဘူးလို႔ သေဘာမထားဘဲ က်န္းမာေရးနဲ႔ဆိုင္တဲ့ ေစာင့္ေရွာက္မႈေတြ ေပးေနတယ္။

ႏိုင္ငံမွာျဖစ္ေနတဲ့ စိန္ေခၚမႈေတြကို ႏိုင္ငံေတာ္အဆင့္ အမ်ိဳးသားတုံ႔ျပန္မႈ အေနနဲ႔ ေဆာင္႐ြက္တဲ့အခါမွာ အားရစရာပါ။ လူငယ္ေတြကလည္း လူသားခ်င္းစာနာမႈ အေထာက္အပံ့ေပးတဲ့ေနရာမွာ ဦးစီးၿပီး လုပ္ေနတာ ေတြ႕ရတယ္။ ဒါအခြင့္အေရးတစ္ရပ္ေပါ့။ ကၽြန္ေတာ္ထင္တယ္၊ ဒါက အဆိုးထဲက အေကာင္းေပါ့။ အခက္အခဲေတြျဖစ္လာရင္ အားလုံးစည္းလုံးဖို႔လိုတယ္။ အားလုံးစုေပါင္းၿပီး လုပ္မွရမယ္။ ေကာင္းတဲ့အား လိုတယ္။

သူ႕ေနရာနဲ႔သူ တာဝန္ယူ
ေနာက္တစ္ခုက ျပည္ေထာင္စုအဆင့္က အလုပ္ေတြလုပ္တယ္။ ျပည္နယ္အစိုးရကလည္း သူ႕ေနရာနဲ႔သူ တာဝန္ယူလုပ္ေနတယ္။ တကယ္ေတာ့ ေပါင္းစပ္ထားတာ။ ႏိုင္ငံေတာ္အဆင့္ ဝန္ႀကီးဌာနေတြ၊ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးဌာန လႈပ္ရွားမႈေတြ၊ ရခိုင္ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္အပါအဝင္၊ ေနာက္တစ္ခုက လႊတ္ေတာ္၊ လႊတ္ေတာ္ကိုလည္း UEHRD အေနနဲ႔ ဘာေတြ လုပ္ေနတယ္ဆိုတာလည္း ရွင္းျပတယ္။ သူတို႔လည္း ပါဝင္ပတ္သက္ပါရေစဆိုၿပီး ေတာင္းဆိုတယ္။ သူတို႔ ေတာင္းဆိုခ်က္အရ ကၽြန္ေတာ္တို႔ ရွင္းျပတယ္။

ကိုဖီအာနန္ အစီရင္ခံစာ
ရခိုင္ျပည္နယ္နဲ႔ ပတ္သက္လို႔ေျပာရရင္ ကိုဖီအာနန္ အစီရင္ခံစာ အႀကံျပဳခ်က္ ၈၈ ခ်က္ရွိတယ္။ အဲဒါကို အေကာင္အထည္ေဖာ္တဲ့ ေကာ္မတီကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက တာဝန္ ယူထားတယ္။ ကိုဖီအာနန္ရဲ႕ အႀကံျပဳခ်က္ေတြအေပၚ အေကာင္အထည္ေဖာ္ေရးေကာ္မတီရယ္၊ ရခိုင္ျပည္နယ္ အစိုးရရယ္၊ ဝန္ႀကီးဌာနေတြရယ္ ဒီသုံးခုနဲ႔ ကၽြန္ေတာ္တို႔ တာဝန္ယူတဲ့ UEHRD က ရခိုင္ျပည္နယ္ရဲ႕ အေျခအေနတစ္ရပ္ကို တုံ႔ျပန္တဲ့ေနရာမွာ ႏိုင္ငံေတာ္အစိုးရက ကိုဖီအာနန္ရဲ႕ အစီရင္ခံစာပါ အႀကံျပဳခ်က္ကို အေကာင္အထည္ေဖာ္တဲ့အဖြဲ႕ရွိသလို ျပည္နယ္အစိုးရကလည္း သူ႕နည္း
သူ႕ဟန္နဲ႔ ေဆာင္႐ြက္ေနတယ္။

ရခိုင္ျပည္နယ္အစိုးရက လူမႈစီးပြားဘ၀ ဖြံ႕ၿဖ္ိဳးမႈ စီမံခ်က္ ငါးႏွစ္စာမွာ ဦးစားေပးေျခာက္ခု သတ္မွတ္ ထားတယ္၊ UEHRD က ၁၀ ခုရွိတယ္၊ သူ႕ေျခာက္ခုနဲ႔ ကၽြန္ေတာ္တို႔ ၁၀ ခုက သိပ္မကြာဘူး၊ ကၽြန္ေတာ္တို႔မွာ ထူးျခားတာက ဆက္သြယ္ဆက္ဆံေရးပါတယ္၊ သူ႕ဆီမွာမပါဘူး။

ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးဖို႔
ကၽြန္ေတာ္တို႔အဖြဲ႕မွာ လုပ္ငန္းရွင္ေတြ၊ လူငယ္ေတြ၊ အိုင္တီသမားေတြပါေတာ့ အလႉေငြ ေကာက္ခံတဲ့ ေနရာမွာ အိုင္တီနည္းပညာနဲ႔ေကာက္တယ္။ ကၽြန္ေတာ့္ အိပ္မက္ကေတာ့ ႏိုင္ငံမွာရွိတဲ့ ၅၁ သန္းေက်ာ္ ျပည္သူေတြက တစ္လ က်ပ္တစ္ေထာင္ လႉရင္ နည္းတဲ့ေငြမဟုတ္ဘူး။ က်ပ္တစ္ေထာင္လႉႏိုင္ေအာင္ ႀကိဳးစားရမွာေပါ့။ ခ်မ္းသာတဲ့ သူေဌးေတြ၊ အဖြဲ႕အစည္းေတြက လႉတာ တစ္ပိုင္းပါ၊ အားလုံး တစ္ပိုင္တစ္ႏိုင္ တစ္လတစ္ေထာင္နဲ႔ စုလိုက္ရင္ စုစည္းလို႔ရတဲ့ေငြကို စနစ္တက် ပြင့္ပြင့္လင္းလင္း သုံးႏိုင္ရင္ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးဖို႔အတြက္ေပါ့။

UEHRD ကို ရခိုင္ျပည္နယ္ဖြံ႕ၿဖိဳးေရးအတြက္တင္ မကဘူး၊ ႏိုင္ငံရဲ႕ အျခားေဒသေတြမွာလည္း ဒီပုံစံ အတိုင္း လုပ္လို႔မရဘူးလား။ UEHRDဆိုတဲ့ အဓိပၸာယ္က ႏိုင္ငံေတာ္အစိုးရရယ္၊ ျပည္နယ္အစိုးရရယ္၊ ျပည္နယ္မွာရွိတဲ့ လုပ္ငန္းရွင္ေတြရယ္၊ ရန္ကုန္မွာရွိတဲ့ လုပ္ငန္းရွင္ေတြေပါင္းၿပီး ျပန္လည္ထူေထာင္ေရးပါ။ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က ႀကိဳးစားေနတာကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းအတြက္ စီးပြားေရး လုပ္ငန္းရွင္ေတြကို ဘယ္လိုပါလာမလဲဆိုတာပါ။

ပူးေပါင္းေဆာင္႐ြက္မႈ မဟာဗ်ဴဟာ
ျဖစ္ႏိုင္တာကေတာ့ မြန္၊ ကရင္၊ ကယားျပည္နယ္ေတြနဲ႔ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ ရခိုင္ျပည္နယ္က ရတဲ့ အေတြ႕အႀကဳံ၊ သင္ခန္းစာေတြကို ဘယ္လို ပူးေပါင္းေဆာင္႐ြက္ရမလဲ။ ခုနကေျပာတဲ့ စိန္ေခၚမႈေနရာမွာ ပူးေပါင္းေဆာင္႐ြက္မႈ မဟာဗ်ဴဟာက အေရးႀကီးတယ္။ လုပ္ပုံကိုင္ပုံက မတူဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈရွိဖို႔ အေရးႀကီးတယ္။ သေဘာသဘာ၀ခ်င္းက မတူဘူး။ အစိုးရလုပ္ပုံကိုင္ပုံနဲ႔ ပုဂၢလိက လုပ္ပုံကိုင္ပုံခ်င္းက မတူဘူး။ အစိုးရက အၿမဲတမ္း စည္းစနစ္မူေဘာင္နဲ႔ လုပ္တယ္၊ ပုဂၢလိကက ျမန္တယ္၊ သြက္တယ္။ သြက္တာ၊ ျမန္တာနဲ႔၊ စနစ္က်ဖို႔နဲ႔က ေတာ္ေတာ္ခ်ိန္ဆ ရတယ္။ သိပ္ျမန္ရင္လည္း ေဘာင္လြတ္သြားမယ္၊ ေဘာင္ၾကည့္ျပန္ရင္လည္း လိုခ်င္တဲ့အခ်ိန္မၿပီးဘူး၊ ခ်ိန္ဆရတာေပါ့။

ေမး ။ ။ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ျဖည့္စြက္ေျပာစရာရွိရင္ေျပာေပးပါခင္ဗ်ား။

ေျဖ ။ ။ ေျပာခ်င္တာကေတာ့ အခုျဖစ္တဲ့ ရခိုင္ျပည္နယ္ကိစၥက ကိုယ့္ႏိုင္ငံအတြက္ အင္မတန္ အေရးပါတယ္။ အေရးပါတဲ့အျပင္ကို ဒီအေျခအေနက ႏိုင္ငံတကာ ဖိအားေပးမႈေတြရွိတယ္။ ဒါကို ျပည္သူေတြ သိေစခ်င္တယ္။ ဒါကို ဂ႐ုမစိုက္ဘူး၊ အေရးမပါဘူး၊ မလိုဘူးလို႔ဆိုတာထက္ကို လူေတြ အားလုံးအေနနဲ႔ ႏိုးႏိုးၾကားၾကား ရွိေစခ်င္တယ္။ ဒီမွာလည္း ကၽြန္ေတာ္တို႔တတ္ႏိုင္သမၽွ ဖိအားေတြေၾကာင့္ ဘာအက်ိဳးဆက္ေတြ ရွိႏိုင္တယ္ဆိုတာရွင္းျပတယ္။ ရွင္းျပေပမယ့္ ပိုၿပီး အခုေခတ္မွာ ဆိုရွယ္မီဒီယာ ရွိတယ္။ ဘယ္ေလာက္အထိ အႏၲရာယ္ရွိတယ္ဆိုတာ ေထာက္ၾကည့္ရင္၊ ပြတ္ၾကည့္ရင္ သိတယ္။ တစ္ဖက္ကလည္း ဒီအႏၲရာယ္ကို ရွိ႐ုံတင္မဟုတ္ဘဲနဲ႔ ကိုယ့္ဘက္က ကိုယ္ဘာလုပ္ႏိုင္တယ္၊ ဥပမာ အခုဆိုရင္ UEHRD ဖြဲ႕ထားတယ္၊ ေအာက္တိုဘာလကေနစၿပီး လုပ္လိုက္တဲ့အခါ အခုဆို ေျခာက္လေလာက္ရွိသြားၿပီ။ အေတာ္အသင့္ ေအာင္ျမင္မႈရတယ္၊ အဆင္သင့္ေတာ့ျဖစ္တယ္။ လူႀကီးေတြ တာဝန္ေပးထားတဲ့ လူသားခ်င္းစာနာမႈနဲ႔ ပတ္သက္လို႔ကေတာ့ ေတာ္ေတာ္ေလးလုပ္ျဖစ္တယ္။

အလယ္အလတ္ မဇၥ်ိမပဋိပဒါ
ေနာက္တစ္ခုက လုပ္ျဖစ္တာက ျပန္လည္ေနရာခ်ထားေရးကိစၥ၊ ဖြံ႕ၿဖိဳးမႈကေတာ့ လုပ္ရဦးမယ္။ တကယ္က ဒါေတြက အမာေတြလို႔ ကိုယ့္ကိုယ္ကိုယ္ သတ္မွတ္တယ္။ အမာေတြဆိုတာ လုပ္လို႔ လြယ္တယ္။ အေပ်ာ့က လုပ္ဖို႔လိုေသးတယ္။ အေပ်ာ့ဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈ ပ်က္ျပားခဲ့တာ။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိုးရိမ္စိတ္ေတြ၊ ေၾကာက္႐ြံ႕စိတ္ေတြ အမ်ိဳးမ်ိဳးရွိတယ္။ လူ႕ရဲ႕စိတ္က ထိန္းလို႔ သိပ္ရတာမဟုတ္ဘူး။ ယုံၾကည္မႈ တည္ေဆာက္ဖို႔ဆိုတာ ပ်က္တာ လြယ္တယ္၊ ျပန္တည္ေဆာက္ရတာခက္တယ္။

ေရရွည္သည္းခံမွရမယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိဖို႔ လိုတယ္။ ဒီေနရာမွာ တိုက္တြန္း ခ်င္တာက ကိုယ့္လူမ်ိဳးရဲ႕ ခ်စ္စရာေကာင္းတဲ့ အၿမဲတမ္း အလယ္အလတ္ မဇၥ်ိမပဋိပဒါ စိတ္ထား ေစခ်င္တယ္။ အစြန္းမေရာက္ဖို႔ အေရးႀကီးတယ္၊။ က႐ုဏာထားဖို႔၊ စာနာဖို႔ လူတိုင္းမွာလိုတယ္။ ဒီၾကားထဲ မွာလည္း စိန္ေခၚမႈေတြက အမ်ားႀကီးရွိေနတယ္။ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ဒီထက္ေကာင္းတဲ့ အေျခအေန တစ္ခု အခြင့္အေရးေပးတယ္လို႔ယူဆတယ္။

ျဖစ္ေစခ်င္တာက ရခိုင္ျပည္နယ္က လက္ရွိအေျခအေနမွာ ျပည္ေထာင္စုအတြင္းမွာ ဒုတိယအနိမ့္က်ဆုံး ေဒသျဖစ္တယ္။ အေျခအေနတစ္ခုမွာ လုံး၀မျဖစ္သင့္ဘူး။ သူ႕ရဲ႕ သဘာ၀အေနအထား၊ သယံဇာတ ပစၥည္းႂကြယ္၀မႈ ပိုၿပီးအေရးႀကီးတာ သူ႕ရဲ႕တည္ေနရာ။ ရခိုင္ကိုၾကည့္ရင္ ကမ္း႐ိုးတန္းျဖစ္တဲ့အတြက္ ႏိုင္ငံေရးအေနနဲ႔ ၾကည့္ရင္ အင္မတန္မွ အခ်က္အခ်ာက်တဲ့ေဒသျဖစ္တယ္။ အေရွ႕ေတာင္အာရွေဒသနဲ႔ ေတာင္အာရွေဒသခ်ိတ္ဆက္တဲ့ ေဒသျဖစ္တယ္။ သူ႕မွာ အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္။ ဓာတ္ေငြ႕ေတြလည္း ရွာေတြ႕တဲ့ အေနအထားရွိတယ္။ ေဘးကပ္လ်က္မွာလည္း အိႏၵိယႏိုင္ငံရွိတယ္။ အိႏၵိယႏိုင္ငံဟာ အခ်က္အခ်ာက်တဲ့ႏိုင္ငံလည္း ျဖစ္တယ္။

စိုးရိမ္စိတ္ေတြ ေလ်ာ့ပါးေအာင္
ရခိုင္တိုင္းရင္းသားေတြကို အားေပးဖို႔လိုတယ္။ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြ၊ သူတို႔ရဲ႕ စိုးရိမ္စိတ္ေတြ ေလ်ာ့ပါးေအာင္ အားလုံးဝိုင္းလုပ္ရမွာ။ အဲဒီလိုလုပ္တဲ့အခါမွာ မီဒီယာက သိပ္အေရးႀကီးတယ္။ သတင္းမွန္ေတြ ထုတ္ေဖာ္ဖို႔လိုတယ္။ အခုက်ေတာ့ သိတဲ့အတိုင္း ဆိုရွယ္မီဒီယာကို ေမ့လို႔မရဘူး။ ကိုယ့္ရဲ႕ ျဖစ္ရပ္မွန္ေတြ မ်ားမ်ားေဖာ္ျပႏိုင္ဖို႔လိုတယ္။ ကိုယ္နဲ႔မဆိုင္ဘူး၊ အေဝးႀကီးလို႔ မေတြး ၾကေစခ်င္ဘူး။ ႏိုင္ငံေတာ္အတြက္ အေရးႀကီးတဲ့အတြက္ ကိုယ္နဲ႔ မိတ္ဖက္ႏိုင္ငံေတြရွိသလို ကိုယ့္ကို နားလည္မႈေပးတဲ့ ႏိုင္ငံေတြ၊ အကူအညီေပးဖို႔ အဆင္သင့္ရွိတဲ့ ႏိုင္ငံေတြနဲ႔ ေပါင္းစပ္ရမွာပါ။

ကိုယ့္ကို နားလည္မႈလြဲေနတဲ့ ႏိုင္ငံေတြကိုလည္း ရွင္းျပရမွာ ကၽြန္ေတာ္တို႔တာဝန္ပါ။ ျပည္သူေတြ အားလုံး အေနနဲ႔ ရခိုင္အေရးဟာ ကိုယ့္ရဲ႕အေရးလို႔ ျမင္ေစခ်င္တယ္။ ေျပာတာဆိုတာ သတိထား ေစခ်င္တယ္။ အေျခအေနကို ဒီထက္ပိုမဆိုးေအာင္ ပိုမေကာင္းရင္ေတာင္ ကိုယ့္တာဝန္ပဲလို႔ ခံယူဖို႔လိုတယ္။

အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

source: Information Committee



~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီက UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံမေးမြန်းမှုအား ဖော်ပြပေးပါသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေ အထိ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုများ၊ မောင်တောဒေသ၏ နယ်မြေအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေးဆောင်ရွက်ထားရှိမှု စသည်တို့နှင့်ပတ်သက်၍ သိရှိနိုင်ရန် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ UEHRD က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေကို သိပါရစေ။

ဖြေ။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းစနေတာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်ကတည်းက ဖြစ်ပါတယ်။ အခြေခံအလုပ်တာဝန် သုံးရပ်ရှိပါတယ်။ တစ်ခုက လူသားချင်းစာနာမှု၊ နောက်တစ်ခုက ပြန်လည်နေရာချထားရေး၊ နောက်ဆုံးကတော့ ဖွံ့ဖြိုးမှုဖြစ်ပါတယ်။ ဒါကြောင့်လည်း HRD လို့ ခေါ်တာပါ။ ပထမဆုံးအနေနဲ့ သိဖို့လိုတာတော့ HRD လုပ်ငန်းတာဝန် သုံးရပ်ကို လုပ်ပေမယ့် လုပ်တဲ့ပုံစံက ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ပုံစံမျိုး၊ ပြောရရင် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဆောင်ရွက် နေတယ်။ ပြည်ထောင်စုအဆင့်ဆိုတာထက်ကို ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှု။ အဓိပ္ပါယ်ကတော့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍပေါင်းပြီး ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေ တစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ လူသားချင်း စာနာမှုတွေ၊ ပြန်လည်နေရာချထားရေးတွေ၊ ဖွံ့ဖြိုးရေး ကိစ္စတွေ ဆောင်ရွက်နေတာပါ။

အဲဒီတော့ တုံ့ပြန်ရေးကိစ္စတွေအပေါ်မှာ ထူးခြားတာက အရင်တုန်းက ဒီလိုအရေးအခင်းတွဖြေစ်နေရင် များသောအားဖြင့် တုံ့ပြန်မှုဟာ နိုင်ငံတော်အစိုးရရဲ့ တုံ့ပြန်မှုပဲ။ အစိုးရကဦးစီးပြီးလုပ်တယ်။ ဒီတစ်ခေါက် ကတော့ သိသာထင်ရှားအောင်ဆိုပြီး အမျိုးသားတုံ့ပြန်မှု၊ အမျိုးသားတုံ့ပြန်မှုလို့ပြောရင် နိုင်ငံတော် အစိုးရက ဦးစီးတယ်ဆိုပေမယ့် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ မီဒီယာ၊ လူငယ်တွေ အားလုံးပါဝင်ပါတယ်။ ကျွန်တော်တို့ ဒီသုံးရပ်ကို လုပ်တဲ့အခါ ကနဦးကတည်းက ရင်ဆိုင်ရတဲ့ ဝိရောဓိကတော့ အဲဒီမှာဖြစ်တဲ့ ပြဿနာဟာ အရေးပေါ်လုပ်ရတာတွေက အများကြီး။ တစ်ဖက်မှာလည်း အရေးပေါ်တာဝန်ကို ယူနေရတဲ့အချိန်မှာ အရေးကြီးတဲ့ အလုပ်ကိုလည်း အာရုံမပျက်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း အမြဲတမ်း ဒီနှစ်ခု စနေရတာ၊ အရေးပေါ်တဲ့ အလုပ်ကိုလုပ်ရမယ်၊ အရေးကြီးတဲ့ အလုပ်ကိုလည်း လုပ်ရမယ်။

အရေးပေါ်လို့ပြောရင် တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့သူတွေ ပြန်လာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင် ကျွန်တော်တို့က နိုင်ငံတော်အစိုးရအနေနဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်ပါ ရှိထားပြီးတော့ ကျွန်တော်တို့ ထွက်ထွက်ချင်း စိန်ခေါ်မှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ သူတို့ပြန်လာလို့ ရတယ်ဆိုတာကို သဘောတူထားတော့ လုပ်တဲ့အခါမှာလည်း အရင်တုန်းက လုပ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ငါးခူရ လက်ခံရေးစခန်းနဲ့ တောင်ပြိုလက်ခံရေးစခန်းတို့ကို ကျွန်တော်တို့ အဆင်သင့်ဖြစ်အောင် လုပ်ထားတယ်။

တစ်ဖက်က လက်ခံရေးစခန်းတွေ လုပ်ထားပြီးတဲ့အခါမှာ တစ်ဆက်တည်းမှာပဲ သူတို့ကို ပြန်လည်နေရာ ချထားဖို့ဆိုပြီး လုပ်ရပြန်ရော။ နောက်ဆုံးမှာတော့ သူတို့ကို နဂိုရှိတဲ့နေရာနဲ့ အနီးစပ်ဆုံးနေရာကို ပို့ဖို့ ကျွန်တော်တို့က အားလုံးစိုင်းပြင်းနေရတာ။ ခုနပြောတဲ့ လက်ခံရေးစခန်းနှစ်ခုကို အဆင်သင့် ဖြစ်အောင် လုပ်ဖို့ရယ်၊ ကြိုဆိုရေးစခန်းဖြစ်အောင် လုပ်ဖို့ကို ကျွန်တော်တို့ နားလည်တာက ရခိုင်ပြည်နယ်ကို ပြန်လည်ပြီး နဂိုထက်ပိုကောင်းတဲ့ အခြေအနဖြေစ်အောင် အကောင်အထည်ဖော်မယ်၊ အရေးကြီးတဲ့ ကိစ္စကတော့ ဖွံ့ဖြိုးမှုပဲ။

ရခိုင်ပြည်နယ်ဟာ တကယ်တမ်းတော့ အလားအလာ သိပ်ကောင်းတဲ့နေရာ၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက် လာရင် အပြင်ကလူတွေ မြင်နေတာက ရခိုင်ပြည်နယ်လို့ပြောလိုက်ရင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်လောက်ပဲမြင်တာ၊ တကယ်က ရခိုင်ပြည်နယ်ဟာ ၁၇ မြို့နယ်ရှိတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်းဆိုပြီး ရှိတယ်။ ရခိုင်ပြည်နယ်ဆို ငပလီကို ချက်ချင်းပြေးမမြင်ဘူး။ ရခိုင်ပြည်နယ် လို့ ပြောရင် မြို့ဟောင်းတို့၊ မြောက်ဦးတို့ ပြေးမမြင်ဘူး။ ရခိုင်ပြည်နယ်လို့ပြောရင် ကျောက်ဖြူ စီးပွားရေးဇုန်ကို ပြေးမမြင်ဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်ကို ကြည့်တဲ့အခါမှာ သုံးသပ်တဲ့အခါမှာ ကွက်ပြီး မသုံးသပ်ပါနဲ့။ ကျွန်တော်တို့ တာဝန်ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တာဝန်ပေးချက်အရ လုပ်ငန်းသုံးခုကို စံချိန်မီမီလုပ်ရမယ်၊ ပြန်လည်နေရာချထားရေးက အရေးကြီးတယ်။ နောက်တစ်ခါလူသားချင်းစာနာမှု အရေးကြီးတယ်။

ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့က ကိုယ့်နိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာဖို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက စိစစ်တဲ့ အလုပ်တွေလုပ်တယ်။ တကယ်ပဲ ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့သူဖြစ်ရင် ကျွန်တော်တို့က နိုင်ငံတကာ စံနှုန်းအတိုင်း လက်ခံပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆောင်ရွက်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး အဆောက်အအုံတွေ ဆောက်တယ်၊ လမ်းတွေဖောက်တယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ ဆရာဝန်ကြီးတွေ သာမကဘူး၊ ဆေးကောင်စီတို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဖွဲ့ဝင်တွေ အပြင် လုပ်ငန်းရှင်တွေကလည်း ကျန်းမာရေးလုပ်ငန်းတွေမှာ ကူညီစောင့်ရှောက်မှုပေးတယ်။ ထဲထဲဝင်ဝင် လုပ်နေတဲ့ လုပ်ငန်းရှင်တွေပါတယ်၊ အဲဒါကအားရစရာပါ။

တစ်ဖက်ကလည်း မောင်တောမှာ အခုဆိုရင် အထူးစီးပွားရေးဇုန်တစ်ခု ဖော်နေတယ်။ ဖော်နေတာလည်း မောင်တောမြို့နယ်ရဲ့ ကုန်သည်ကြီးများအသင်း ဦးစီးပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အကူအညီနဲ့ မောင်တောမှာ အခုဆိုရင် ဆိပ်ကမ်းက အဆင်သင့်ဖြစ်နပြေီ။ ပစ္စည်းတွေအားလုံးက အဲဒီကနေတစ်ဆင့် ချက်ချင်းပို့လို့ရပြီ။

နောက်တစ်ခု စိုက်ပျိုးရေးကိစ္စ၊ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် ဖြစ်စဉ်ပြီးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ ဘာသတိထားမိသလဲဆိုရင် စပါးတွေက မှည့်နေတယ်၊ မှည့်တဲ့စပါးတွေကို ရိတ်မယ့်သူက မရှိတော့ဘူး၊ ပိုင်ရှင်တွေလည်း မရှိတော့တဲ့အခါကျတော့ ကျွန်တော်တို့အဖွဲ့ UEHRD အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စိုက်ပျိုးရေး အဖွဲ့က လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ ရိတ်သိမ်းတယ်။ ရိတ်သိမ်းတဲ့အခါမှာလည်း အများစွပ်စွဲသလို သိမ်းတာ မဟုတ်ဘဲနဲ့ ရိတ်သိမ်းတဲ့ပမာဏကို စာရင်းဇယားလုပ်တယ်။ အချို့ဟာလည်း ရောင်းရတယ်။ ရောင်းတာကို စာရင်းဇယားမှတ်တမ်းတွေ ရှိတယ်။ ဝင်ငွေဘယ်လောက်ရတာရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အကယ်၍ ပိုင်ရှင်တွေက သက်သေအထောက်အထားပြနိုင်ရင် သူတို့စပါးတွေ ပြန်ပေးတာတို့၊ ရတဲ့ဝင်ငွေ ပြန်ပေးတာတို့ လုပ်ပေးဖို့ အစီအစဉ်တွေရှိတယ်။

နိုင်ငံတော်ရဲ့ တာဝန်ပေးချက်အရလည်း ပြန်လာချင်တဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့က ဖန်တီးပေးတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်သုံးခုမှာ အေးအေးဆေးဆေး နေထိုင်တဲ့သူတွေရှိတော့ အဲဒီနေထိုင်တဲ့သူတွေဆက်ပြီးနေထိုင်အောင် ကျွန်တော်တို့က အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ရမယ်၊ စီးပွားရေးရှုထောင့်ကကြည့်ရင် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေ အများကြီးထဲမှာ အခြေခံတစ်ခုက စီးပွားရေး မဖွံ့ဖြိုးတာ၊ အလုပ်အကိုင်ပေးနိုင်မှုတွေ အားနည်းတာ၊ အလုပ်မရှိတော့ တခြားပြဿနာတွေ ပေါ်လာတယ်။ ဝင်ငွေနည်းတော့ ပဋိပက္ခတွေအတွက်ကို အားပေးတာမျိုးတွဖြေစ်တယ်။

အဲဒီလိုမျိုးတွေကြောင့် လုပ်ငန်းရှင်တွေနဲ့တိုင်ပင်ပြီး သူတို့ဆီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ရင်၊ ဝင်ငွေတိုးအောင် လုပ်ပေးနိုင်ရင်၊ စက်မှုဇုန်တွေ ဖော်ပေးနိုင်ရင် အခြေအနေတစ်ခုကိုများ ပြောင်းမလားဆိုပြီး ကျွန်တော်တို့က လုပ်ပေးရမယ်။

နောက်တစ်ခု သတိထားဖို့က UEHRD နဲ့ အလုပ်လုပ်တဲ့အခါမှာ ပြည်တွင်းရဲ့ အမြင်ကအရေးကြီးသလို နိုင်ငံတကာအမြင်ကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က နိုင်ငံတကာအမြင်တွေအားလုံးကို လျစ်လျူရှုပြီး ပြည်တွင်း အမြင်တွေကိုပဲ အာရုံစိုက်ပါဆိုတာ မဖြစ်နိုင်သလို တစ်ဖက်ကလည်း ပြည်တွင်းအမြင်တွေကို မကြည့်နဲ့၊ နိုင်ငံတကာ အခြေအနေကိုပဲ ကြည့်ပါဆိုလည်း မဖြစ်နိုင်သေးဘူး။ ကိုယ့်နိုင်ငံ အချုပ်အခြာအာဏာကလည်း ရှိနေသေးတာကိုး။ အဲဒီအခါမှာ ဦးနှောက်က တော်တော် စားရတယ်။ အဲဒီလို အခြေအနေကျရင် မကျေနပ်တာတွေရှိနိုင်တယ်၊ အားမရတာတွေ ရှိနိုင်တယ်။ အားမရတာက နိုင်ငံတကာကလည်း အားမရဘူး၊ ပြည်တွင်းကလည်း ကျွန်တော် တို့ကို အားမရဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြားထဲမှာ သတိထားရတာပေါ့။ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ မေးခွန်း ထုတ်တာတွေလည်း ရှိနေတယ်။ ပြန်လက်မခံပြန်ရင်လည်း မေးခွန်းထုတ်တာတွေရှိတာပေါ့။ နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းရဲ့ အမြင်အယူအဆတွေကို သတိထားဖို့လိုသလို ပြည်ပရဲ့ ဖိအားတွေလည်း ရှိနေတာကိုး။ ကိုယ့်နိုင်ငံက ဖိအားကို မခံနိုင်အောင်အလုပ်နဲ့ သက်သပြေရမယ်။

ကျွန်တော်တို့မှာ ပြည်တွင်းမီဒီယာ အနေအထားအနေနဲ့ နိုင်ငံတကာ မီဒီယာကို မလွှမ်းနိုင်ဘူး။ နိုင်ငံတကာမီဒီယာမှာ ဖော်ပြတဲ့ သတင်းတွေက ပုံစံတွေ တစ်မျိုးဖြစ်နေတယ်။ အဲဒီပုံစံတွေကြောင့် ကိုယ့်နိုင်ငံပေါ်မှာ အမြင်တွေ မကြည်လင်တာတွေ၊ အမြင်စောင်းနေတာတွဖြေစ်တယ်။ အဲဒီတော့ အခု ကျွန်တော်တို့က အလုပ်နဲ့ပဲ ပြမယ်ဆိုတဲ့အပြင် မဟာဗျူဟာတစ်ခုအနေနဲ့ အပြင်မှာ ထွက်ပြီးတော့ ပြောကြည့်မယ်၊ ကိုယ့်နိုင်ငံရဲ့ အနေအထားက ဒီလိုရှိတယ်၊ အဲဒါတော့ ပကတိအခြေအနေပဲ။ ရိုးရိုးရှင်းရှင်းပဲ။ ဖြစ်လာတဲ့ အကြောင်းအရင်းက ဘယ်လိုပါ၊ သူတို့စွပ်စွဲသလို အစွန်းရောက်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့မရဘူး၊ လုပ်ငန်းနဲ့ပြမှရမယ်။ နှစ်ပိုင်းပေါ့။ အလုပ်နဲ့ ကိုယ်တတ်နိုင်သမျှ ပြရမယ်။

ဒီနေရာမှာ ထူးခြားတဲ့ကိစ္စက အခု UEHRD လုပ်ငန်းတွေလုပ်တဲ့အခါ ဝန်ကြီးဌာနတွေ အကူအညီ အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍရဲ့ လှုပ်ရှားမှုက အရေးကြီးတယ်။ သူတို့တွေက နိုင်ငံ့အရေးကို တကယ့်ကို ဦးထိပ်ထားတဲ့အတွက် “ကျွန်တော်တို့ ဘာလုပ်မလဲ၊ ကျွန်တော်တို့ နောက်ကနေပါပြီး လုပ်ပေးမယ်”ဆိုပြီး ပါလာတယ်။ တချို့တွေ ထင်တာကတော့ လုပ်ငန်းရှင်ကြီးတွေက ဒီအခွင့်အရေးတွေကို ယူမယ်၊ ဒီနေရာက အခွင့်အရေးတွေယူမယ် အဲဒီလိုထင်နေတာ။ ကျွန်တော်တို့က အစကတည်းက ပြောထားတာ။ ဒီအခွင့်အရေးတွေယူမယ်ဆို အစကတည်းက ထွက်လို့ ပြောထားတယ်။

ဒီလိုအခွင့်အရေးပေးနိုင်တဲ့ အနေအထားမရှိဘူး။ အကူအညီပဲ တောင်းတာ။ သူတို့ဘာလုပ်လဲဆိုရင် အခုဆို ဆောက်လုပ်ရေးလုပ်တဲ့အခါမှာ ရန်ကုန်က ကုမ္ပဏီကြီးတွေ၊ မန္တလေးက ကုမ္ပဏီကြီးတွေ တစ်ခုမှမပါဘူး။ အဲဒီကုမ္ပဏီတွေက ဘာလုပ်ပေးလဲဆိုရင် အရည်အသွေးတွေ ထိန်းပေးတယ်။ ဆောက်တဲ့
အဆောက်အအုံတွေဟာ စံချိန်စံညွှန်းနဲ့ ညီ၊ မညီ စစ်တယ်။ လုပ်ပေးတာဘယ်သူတွေက လုပ်ပေးသလဲ ဆိုရင် ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ စစ်တွေက လူတွေ၊ မောင်တောက လူတွဖြေစ်ပါတယ်။ အဲဒါ ဆိုတော့ သိပ်အားရတယ်၊ ပုဂ္ဂလိကတွေရဲ့ အင်အားပေါ့။

နိုင်ငံမှာ နိုင်ငံတော်အစိုးရက အရေးကြီးသလို ပုဂ္ဂလိကကလည်း အရေးကြီးတယ်။ အရပ်ဘက် အဖွဲ့အစည်းကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က သက်သပြေချင်တယ်။ တစ်ခုရှိတာက ယုံကြည်မှု တည်ဆောက်ရမှာပေါ့။ ဒီနေရာမှာတစ်ဖက်က တိုင်းရင်းသားတွေရဲ့အမြင်ကို ပြန်ကြည့် ရပြန်ရော။ ရခိုင်တိုင်းရင်းသားတွေရဲ့အမြင်၊ သူတို့ရဲ့ စိုးရိမ်စိတ်တွေ တစ်ခါတလေ ကျွန်တော်တို့ သာမန် အားဖြင့် မေ့နေလေ့ရှိတာတစ်ခုက ရခိုင်ပြည်နယ်သည် နယ်စပ်ဖြစ်တယ်။ နိုင်ငံတကာမှာ နယ်စပ်ဆိုရင် များသောအားဖြင့် အချုပ်အခြာအာဏာကို ထိပါးဖို့ တော်တော်လေးသတိထားရတာ။ လုံခြုံရေး ရှေ့တန်းတင်ရတဲ့နေရာ။ ဒါလည်း နားလည်ဖို့လိုတယ်။

နောက်တစ်ခု စီးပွားရေးမျက်စိနဲ့ကြည့်ရင် ရခိုင်ပြည်နယ် အလားအလာက အခုဆို ရခိုင်ကမ်းလွန်မှာ ဓာတ်ငွေ့တွေထွက်နပြေီ။ ရခိုင်ပြည်နယ်မှာ ပင်လယ်လုပ်ငန်းနဲ့ပတ်သက်လို့ ငါးဖမ်းကိစ္စတွေ အများကြီး အခုထက်ပိုပြီး ထူးပြီးလုပ်နိုင်တယ်။ အခုလက်ရှိ UEHRD က ကြိုးစားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမှာ လေယာဉ်ကွင်းဆောက်နိုင်ရင် ကမ္ဘာလှည့်ခရီးသည်တွေ လွယ်လွယ်ကူကူသွားနိုင်မယ်။ အခုဆိုရင် စစ်တွေကနေ မြောက်ဦးသွားဖို့ တော်တော်ပင်ပန်းတယ်လေ။ ငပလီလိုဟာမျိုးမှာ တကယ့်ကို အရှေ့တောင်အာရှမှာ အင်မတန်ရှားတဲ့ ကမ်းခြေတစ်ခုမှာ လေယာဉ်က အသေးလေးတွေပဲ ဆင်းလို့ ရတယ်။ အကယ်၍များ အဲဒါကိုချဲ့နိုင်ရင် ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးရမှာ။ ဒါတွေအားလုံးဟာ ဘာအတွက်လဲလို့ စဉ်းစားရင် အလုပ်အကိုင်အခွင့်အရေးအတွက် ဖြစ်ပါတယ်။ သူဌေးတွေ ချမ်းသာဖို့ ထက် သူဌေးတွေ၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းဖော်တဲ့အပေါ်မှာ မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်း တွေ ရလာမယ်။ ဒါကို ကျွန်တော်တို့ ကြိုးစားနေတယ်။

တစ်ဖက်က နိုင်ငံတကာအကူအညီတွေဝင်လာအောင် အခုနိုင်ငံတော်အစိုးရကလည်း UN အဖွဲ့အစည်း တွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ညှိနှိုင်းတိုင်ပင်နေတယ်။ ဘယ်ပုံဘယ်နည်း ကူညီမလဲ။ သူတို့ကူညီတာတွေကို နိုင်ငံတော်အစိုးရက အစွမ်းကုန်စိစစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဖို့ ကြိုးစားနေတယ်။ Business to Business ပေါ့။ စီးပွားရေး လုပ်ငန်းရှင်အချင်းချင်း ကိုယ့်ဆီက စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း၊ အစိုးရအချင်းချင်း ချိတ်ထားတာလည်း တစ်ပိုင်းပေါ့။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့၊ အခွင့်အရေးကောင်းကောင်းရှိတဲ့ နေရာ ဖြစ်တယ် ဆိုတာကို ဖိတ်ခေါ်ရမယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က လုံခြုံရေး ကောင်းကောင်း ပေးဖို့တော့ အာမခံရမှာပေါ့။

လတ်တလောမှာ သတင်းတွေမှာပါသလို ပြန်လာဖို့က အရေးကြီးတယ်။ ပြန်မလာရင် စိန်ခေါ်မှုက ပိုများလာတယ်။ တချို့တွေ ပြန်မလာဘဲ ထိုင်းနိုင်ငံကိုလှေနဲ့သွားတယ်။ ဒီနေ့မနက် သတင်းတွေမှာ ပါတယ်။ မလေးရှားကို သွားတာတို့၊ ဒီကနေရွှေ့သွားတဲ့သူတွဖြေစ်တယ်လို့ မီဒီယာတွေထဲမှာပါရင် ကျွန်တော်တို့ အနေနဲ့ ပိုပြီးသတိထားဖို့လိုတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ သူတို့ ပြန်လာနိုင်အောင်၊ ပြန်လာချင်အောင် အစကတည်းက အာမခံထားတာကသုံးခုရှိတယ်။

လုံခြုံမှုရှိအောင် လုံခြုံရေးတတ်နိုင်သမျှ လုပ်ပေးမယ်။ နောက်တစ်ခုက ပြန်လာတဲ့အခါမှာလည်း ဖိအားပေးတာမျိုးမဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်၊ ကိုယ့်သဘောနဲ့ ပြန်လာဖို့လိုတယ်။ ပြန်လာပြီးတဲ့အခါမှာ ဘဝကို သိက္ခါရှိရှိ ရင်ဆိုင်နိုင်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ်လို့ ဒီသုံးချက်ကို နိုင်ငံတော်အစိုးရကလည်း အာမခံထားတယ်။ UEHRD အနေနဲ့ကလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးတာတို့၊ ကျောင်းတွေ ဆောက်ပေးတာတို့၊ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးတာတို့လုပ်တယ်။

ရခိုင်ပြည်နယ်မှာ အများစုက ရခိုင်တိုင်းရင်းသားတွေဆိုပေမယ့် မြောက်ဘက်မှာက ရခိုင်တိုင်းရင်းသားက လူနည်းစုဖြစ်တယ်။ အများစုက ဘာသာခြားတွဖြေစ်တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားတဲ့ အခါမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေကို ထည့်တွက်ဖို့လိုသလို လူ့အဖွဲ့အစည်း တစ်ရပ် တခြားအဖွဲ့အစည်းကိုလည်း ကျွန်တော်တို့ သတိထားရမှာပေါ့။ အဲဒါကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက စိတ်ဝင်စားတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ဒီနှစ်ခုကို သထိထား လုပ်ကိုင် နေရတဲ့ အနေအထားရှိပါတယ်။

မေး။ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လက်ရှိအချိန်မှာ နယ်မြေ တည်ငြိမ်အေးချမ်းမှုအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ UEHRD ကလုပ်တဲ့ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်တာ မရှိပါဘူး။ ကျွန်တော်တို့ တွေ့တာတော့ ပြန်လည်လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်းတွေမှာ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နပြေီ။ ပြန်လည်လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်း၊ ပြန်လည်နေရာချထားတဲ့ နေရာတွေ၊ တိုင်းရင်းသားကျေးရွာဆောက်နေတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းနေတာတွေ ဘာမှမရှိဘူး။ ဘာရှိသလဲ ဆိုတော့ သာမန်လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေလောက်ပဲရှိတယ်။ နယ်မြေ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း ရှိနေတယ်လို့ ပြောလို့ရပါတယ်။

မေး။ နေရပ်စွန့်ခွာသွားပြီး တစ်ဖက်နိုင်ငံကိုရောက်နေသူတွေကို လက်ရှိအချိန်မှာ ပြန်လည်လက်ခံရေး အတွက် အဆင်သင့်ဖြစ်နေမှုနဲ့ ပတ်သက်ပြီးထပ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက ကျွန်တော်တို့ဘက်က ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နပြေီ။ သတင်းစာတွေထဲမှာလည်း ပါပါတယ်။ အစကတည်းက လက်မှတ်ထိုးပြီး နှစ်နိုင်ငံ ကတိကဝတ်ပြုပြီးကတည်းက လွယ်ကူအောင်၊ မြန်ဆန်အောင် ဖြည့်စွက်ရမယ့် ပုံစံတွေကို သူတို့ဆီ ပို့လိုက်တယ်။ ပြန်လာချင်တဲ့သူတွေ ပုံစံဖြည့်ပါ။ ပို့တဲ့အခါမှာလည်း ဖြည့်တဲ့ပုံစံကို အသေးစိတ် ညွှန်ကြားတယ်။ ပြန်လာဖို့ပုံစံတွေ ဖြည့်တဲ့အခါမှာလည်း လက်လွတ်စပယ်ဖြည့်လို့မရဘူး။ မိသားစု ဓာတ်ပုံပါရမယ်၊ လက်ဗွေပုံစံတွေပါရမယ်ဆိုတာ အမျိုးမျိုးရှင်းပြတယ်။ တကယ်တမ်းဖြည့်ထားတဲ့ ပုံစံ စာရွက်တွေ ပြန်ရတဲ့အခါမှာ မပြည့်စုံဘူး။ ကျွန်တော်တို့ ပြောထားတာကို နားမလည်လို့လား၊ မဖြည့် တတ်လို့လား ဆိုတာ မပြောတတ်ဘူး။

အဲဒါဆိုရင်တော့ ရှိတာလေးနဲ့ လုပ်ကြည့်ရအောင်၊ အဆင်ပြေအောင် ကိုယ်လိုက်လျောနိုင်တာ လိုက်လျောပြီး လုပ်ကြည့်ရအောင်ဆိုပြီး လုပ်တယ်။ ခုန မေးတဲ့မေးခွန်းက အဆင်သင့်ဖြစ်နပြေီလားဆိုရင် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ အဆောက်အအုံတွေလည်း အဆင်သင့်ဖြစ်တယ်၊ ဆေးရုံ ဆေးခန်းတွေလည်း အဆင်သင့်ဖြစ်တယ်။ အားလုံးက ဘာပြောသလဲဆိုရင် ဟိုတစ်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသလို ကျွန်တော်တို့ ဘက်ကတော့ အဆင်သင့်ပဲ။ သူတို့ပြန်လာခြင်း၊ မလာခြင်း ကတော့ ကိုယ်လည်း ပြန်လာချင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီးတော့ ဘာတွေလုပ်ပေးလို့ရမလဲ၊ ဘယ်လိုညှိနှိုင်းလို့ရမလဲဆိုတာ ဆွေးနွေးတာတွေ လုပ်နေပါတယ်။

မေး။ မောင်တောဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက စားဝတ်နေရေး အကျပ်အတည်းနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် နေရပ်စွန့်ခွာသွားနေရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ရေးသား ဖော်ပြနေတာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ။ အားလုံးက စိတ်ကူးစိတ်သန်းပေါ့။ စိုးရိမ်စိတ်တွေရှိတယ်။ စိုးရိမ်စိတ်တွေရှိတော့ ဆက်ပြီးနေရင် မလုံခြုံဘူး။ တစ်ဖက်ကလည်း ပြောနကြေတယ်။ စားဝတ်နေရေး မပြည့်စုံဘူး။ ဒါကြောင့်မို့ဖြစ်တယ်လို့ ပြောနကြေတယ်။ ကျွန်တော့်ဘက်ကတော့ ပြောနိုင်တာ တစ်ခုပဲရှိတယ်။

ကြိုးစားရမှာ ကိုယ့်တာဝန်
ဘာလဲဆိုရင် လူသားချင်းစာနာမှု အထောက်အပံ့တွေပေးနေတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ရှိနေတဲ့ ကျန်ရစ်တဲ့လူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးနေတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီနေရာတွေမှာ အခြေစိုက်ထားခြင်း၊ တပ်စွဲထားခြင်းမရှိဘူး။ ကိုယ့်ဘက် ကတော့ သေချာဆောင်ရွက်ပေးထားတယ်။ သူတို့ဘက်ကတော့ သူတို့စိတ်ထဲမှာ မလုံခြုံတာတို့၊ စားဝတ်နေရေး မပြေလည်လို့ ထွက်သွားရတယ်ဆိုတဲ့ သတင်းတွကြေားနေရတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ သူတို့စိတ်ချရအောင် ကြိုးစားကြည့်တယ်။ ကြိုးစားရမှာ ကိုယ့်တာဝန်၊ ဒါကို ယုံတာ၊ မယုံတာက သူတို့ကိစ္စပေါ့လေ။

မေး။ UEHRD အနေနဲ့ မောင်တောဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲရှိရင်လည်း သိချင်ပါတယ်။

ဖြေ။ အခက်အခဲလို့ မစဉ်းစားမိပါဘူး။ ကျွန်တော့်အနေနဲ့ အမြဲတမ်း ဆင်ခြင်နိုင်အောင် စိန်ခေါ်မှုလို့ စဉ်းစားရင် လူတွေက လုပ်ချင်ကိုင်ချင်စိတ် ပျောက်သွားမယ်။ စိန်ခေါ်မှုမဟုတ်ဘူး။ စိန်ခေါ်မှုက အခွင့်အရေးပဲ။ အခက်အခဲတွေတော့ရှိတယ်။ ဥပမာဆိုပါတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ တကယ် ဆောက်တော့မယ်၊ လုပ်တော့မယ်ဆိုရင် လုပ်သားမရှိဘူး။ လုပ်သားမရှိတာ စိန်ခေါ်မှုပဲ။ ဒါက အခက်အခဲမဟုတ်ဘူး။ ရှိအောင်ဘယ်လိုလုပ်မလဲ ရန်ကုန်ကပဲဖြစ်ဖြစ်၊ စစ်တွေကပဲဖြစ်ဖြစ် ပြည်နယ် တွေမှာရှိတဲ့ ဝန်ထမ်းတွေ ခေါ်ရမှာပဲ။ ဒါမျိုးတွေတော့ရှိတယ်။ အလုပ်လုပ်တဲ့အခါမှာ အားလုံး ချောမွေ့တယ်ဆိုတာ မရှိနိုင်ဘူး။ အားလုံးပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ဘူး။ တစ်ခုပဲ။ ကျွန်တော့် စိတ်ထဲမှာတော့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကိုယ်က သင်ခန်းစာယူဖို့ လိုတယ်။ ကျော်လွှားရမှာ ကို်ယ့်မှာတာဝန်ရှိတယ်။ စိန်ခေါ်မှုတွေ စဉ်းစားနေရင်းနဲ့ လက်ပိုက် ကြည့်နေလို့မရဘူး။

နားလည်အောင် လုပ်ပေးဖို့လို
ပိုပြီးလိုအပ်တာက မီဒီယာလိုတယ်။ ကိုယ်လုပ်တာတွေ လူတွေ နားလည်အောင် ပြောတတ်ဖို့ပိုပြီး အားထည့်ရမယ်။ ပြည်တွင်းကလည်း သိဖို့လိုတယ်။ နိုင်ငံတကာကလည်း သိဖို့လိုတယ်။ ကိုယ့်လူမျိုး တွေရဲ့ အကျင့်က ကိုယ်လုပ်နိုင်သမျှ လုပ်မှာပဲ။ သူများသိစရာ မလိုဘူးဆိုတဲ့စိတ်က ကျွန်တော်တို့မှာ ရှိနေတယ်။ ကိုယ့် လူမျိုးစရိုက်ပေါ့။ အခုတော့ပြောပြဖို့လိုတယ်။ ဘာတွေလုပ်နေသလဲ ဆိုတာ ရှင်းပြဖို့ လိုတယ်။ နားလည်အောင် လုပ်ပေးဖို့လိုတယ်။

ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်ကိုလည်း ရှင်းပြဖို့လိုတယ်။ ရှင်းပြဖို့အား ပိုထည့်ရမှာပေါ့။ လူထု ဆက်သွယ်ရေး နည်းလမ်းက ဆက်သွယ်ရေးနဲ့ ဆက်ဆံရေးက နေရာတိုင်းလိုတယ်။ UEHRD မှာ ဒါကြောင့်လည်း နှစ်ဖွဲ့တောင် ထည့်ထားတယ်။ တစ်ဖွဲ့က ပြည်တွင်းဆက်သွယ်ဆက်ဆံရေး၊ နောက်တစ်ဖွဲ့က နိုင်ငံတကာဆက်သွယ် ဆက်ဆံရေးဖြစ်တယ်။

မီဒီယာကတစ်ဆင့် ဖော်ပြဖို့လို
ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ ရေးနေတာတွေကိုလည်း တုံ့ပြန်မှရမယ်။ သူတို့ရေးချင်တာ ရေးနေတာ ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့အနေနဲ့က နိုးနိုးကြားကြားရှိဖို့လိုတယ်။ အခု ခေတ်မှာ ဆိုရှယ်မီဒီယာက အင်အားကြီးတဲ့အခါကျတော့ ကိုယ်လုပ်နေတာတွေကို ချပြဖို့ အရေးကြီးတယ်။ ဖေ့စ်ဘုတ်တွေကို အသုံးချပြီး အမုန်းတရားပွားတာတို့၊ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အချင်းချင်း အမုန်းပွားတာ၊ ခိုက်ရန်ဒေါသဖြစ်တာ၊ ပဋိပက္ခဖြစ်အောင် အားပေးတာမျိုးမဖြစ်အောင် ကိုယ်က ဆင်ခြင်ဖို့လိုတယ်။ ဆက်သွယ်ဆက်ဆံရေးက အရေးကြီးတယ်။ ဒါတွေကို မီဒီယာကတစ်ဆင့် ဖော်ပြဖို့လိုတယ်။

ရခိုင်ပြည်နယ်ကို နဂိုထက် ပိုကောင်းအောင်လုပ်ရမယ်။ နိုင်ငံ့ခေါင်းဆောင်ကလည်း ဒီလိုပဲပြောတယ်။ နဂိုပုံစံထက် ပိုကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားတော့ ရအောင်တော့ လုပ်ရမှာပဲ။ ဖိအားတွေရှိတယ်။ ဖိအားရှိလည်းဘာဖြစ်သလဲ၊ သူ့ဟာသူ ဖိအားပဲ။ စိန်ခေါ်မှုတွေရှိလည်း ကျော်လွှားရမှာပဲ။ စိန်ခေါ်မှုရှိတော့ ပိုပြီး အလေးအနက်ထားပြီး အလုပ်လုပ်တဲ့အခါ ဆင်ခြင်နိုင်ရမယ်။

ပွင့်လင်းမြင်သာမှုရှိရမယ်
နောက်တစ်ခုက အားလုံးပွင့်လင်းမြင်သာမှုရှိရမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ဝမ်းသာစရာ ကောင်းတာက UEHRDမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက လူကြီးတွေလည်းပါတယ်။ သူတို့က ပညာရှင်တွဖြေစ်တာကြောင့် အဆောက်အအုံဆောက်လုပ်တဲ့ပုံစံကို စနစ်တကျ အရည်အသွေးလေး ထိန်းပေးတဲ့ အနေအထားတွေရှိတယ်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆရာဝန်ကြီး တွေ၊ ပါမောက္ခကြီးတွေပါတယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ သဘောမထားဘဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်။

နိုင်ငံမှာဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်အဆင့် အမျိုးသားတုံ့ပြန်မှု အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အားရစရာပါ။ လူငယ်တွေကလည်း လူသားချင်းစာနာမှု အထောက်အပံ့ပေးတဲ့နေရာမှာ ဦးစီးပြီး လုပ်နေတာ တွေ့ရတယ်။ ဒါအခွင့်အရေးတစ်ရပ်ပေါ့။ ကျွန်တော်ထင်တယ်၊ ဒါက အဆိုးထဲက အကောင်းပေါ့။ အခက်အခဲတွဖြေစ်လာရင် အားလုံးစည်းလုံးဖို့လိုတယ်။ အားလုံးစုပေါင်းပြီး လုပ်မှရမယ်။ ကောင်းတဲ့အား လိုတယ်။

သူ့နေရာနဲ့သူ တာဝန်ယူ
နောက်တစ်ခုက ပြည်ထောင်စုအဆင့်က အလုပ်တွေလုပ်တယ်။ ပြည်နယ်အစိုးရကလည်း သူ့နေရာနဲ့သူ တာဝန်ယူလုပ်နေတယ်။ တကယ်တော့ ပေါင်းစပ်ထားတာ။ နိုင်ငံတော်အဆင့် ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန လှုပ်ရှားမှုတွေ၊ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပါအဝင်၊ နောက်တစ်ခုက လွှတ်တော်၊ လွှတ်တော်ကိုလည်း UEHRD အနေနဲ့ ဘာတွေ လုပ်နေတယ်ဆိုတာလည်း ရှင်းပြတယ်။ သူတို့လည်း ပါဝင်ပတ်သက်ပါရစေဆိုပြီး တောင်းဆိုတယ်။ သူတို့ တောင်းဆိုချက်အရ ကျွန်တော်တို့ ရှင်းပြတယ်။

ကိုဖီအာနန် အစီရင်ခံစာ
ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ပြောရရင် ကိုဖီအာနန် အစီရင်ခံစာ အကြံပြုချက် ၈၈ ချက်ရှိတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့ ကော်မတီကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တာဝန် ယူထားတယ်။ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေးကော်မတီရယ်၊ ရခိုင်ပြည်နယ် အစိုးရရယ်၊ ဝန်ကြီးဌာနတွေရယ် ဒီသုံးခုနဲ့ ကျွန်တော်တို့ တာဝန်ယူတဲ့ UEHRD က ရခိုင်ပြည်နယ်ရဲ့ အခြေအနေတစ်ရပ်ကို တုံ့ပြန်တဲ့နေရာမှာ နိုင်ငံတော်အစိုးရက ကိုဖီအာနန်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်ကို အကောင်အထည်ဖော်တဲ့အဖွဲ့ရှိသလို ပြည်နယ်အစိုးရကလည်း သူ့နည်း
သူ့ဟန်နဲ့ ဆောင်ရွက်နေတယ်။

ရခိုင်ပြည်နယ်အစိုးရက လူမှုစီးပွားဘဝ ဖွံ့ဖြို်းမှု စီမံချက် ငါးနှစ်စာမှာ ဦးစားပေးခြောက်ခု သတ်မှတ် ထားတယ်၊ UEHRD က ၁၀ ခုရှိတယ်၊ သူ့ခြောက်ခုနဲ့ ကျွန်တော်တို့ ၁၀ ခုက သိပ်မကွာဘူး၊ ကျွန်တော်တို့မှာ ထူးခြားတာက ဆက်သွယ်ဆက်ဆံရေးပါတယ်၊ သူ့ဆီမှာမပါဘူး။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့
ကျွန်တော်တို့အဖွဲ့မှာ လုပ်ငန်းရှင်တွေ၊ လူငယ်တွေ၊ အိုင်တီသမားတွေပါတော့ အလှူငွေ ကောက်ခံတဲ့ နေရာမှာ အိုင်တီနည်းပညာနဲ့ကောက်တယ်။ ကျွန်တော့် အိပ်မက်ကတော့ နိုင်ငံမှာရှိတဲ့ ၅၁ သန်းကျော် ပြည်သူတွေက တစ်လ ကျပ်တစ်ထောင် လှူရင် နည်းတဲ့ငွေမဟုတ်ဘူး။ ကျပ်တစ်ထောင်လှူနိုင်အောင် ကြိုးစားရမှာပေါ့။ ချမ်းသာတဲ့ သူဌေးတွေ၊ အဖွဲ့အစည်းတွေက လှူတာ တစ်ပိုင်းပါ၊ အားလုံး တစ်ပိုင်တစ်နိုင် တစ်လတစ်ထောင်နဲ့ စုလိုက်ရင် စုစည်းလို့ရတဲ့ငွေကို စနစ်တကျ ပွင့်ပွင့်လင်းလင်း သုံးနိုင်ရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက်ပေါ့။

UEHRD ကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်တင် မကဘူး၊ နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း ဒီပုံစံ အတိုင်း လုပ်လို့မရဘူးလား။ UEHRDဆိုတဲ့ အဓိပ္ပါယ်က နိုင်ငံတော်အစိုးရရယ်၊ ပြည်နယ်အစိုးရရယ်၊ ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေရယ်၊ ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး ပြန်လည်ထူထောင်ရေးပါ။ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ကြိုးစားနေတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လိုပါလာမလဲဆိုတာပါ။

ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ
ဖြစ်နိုင်တာကတော့ မွန်၊ ကရင်၊ ကယားပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရခိုင်ပြည်နယ်က ရတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ။ ခုနကပြောတဲ့ စိန်ခေါ်မှုနေရာမှာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာက အရေးကြီးတယ်။ လုပ်ပုံကိုင်ပုံက မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ အရေးကြီးတယ်။ သဘောသဘာဝချင်းက မတူဘူး။ အစိုးရလုပ်ပုံကိုင်ပုံနဲ့ ပုဂ္ဂလိက လုပ်ပုံကိုင်ပုံချင်းက မတူဘူး။ အစိုးရက အမြဲတမ်း စည်းစနစ်မူဘောင်နဲ့ လုပ်တယ်၊ ပုဂ္ဂလိကက မြန်တယ်၊ သွက်တယ်။ သွက်တာ၊ မြန်တာနဲ့၊ စနစ်ကျဖို့နဲ့က တော်တော်ချိန်ဆ ရတယ်။ သိပ်မြန်ရင်လည်း ဘောင်လွတ်သွားမယ်၊ ဘောင်ကြည့်ပြန်ရင်လည်း လိုချင်တဲ့အချိန်မပြီးဘူး၊ ချိန်ဆရတာပေါ့။

မေး။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင်ပြောပေးပါခင်ဗျား။

ဖြေ။ ပြောချင်တာကတော့ အခုဖြစ်တဲ့ ရခိုင်ပြည်နယ်ကိစ္စက ကိုယ့်နိုင်ငံအတွက် အင်မတန် အရေးပါတယ်။ အရေးပါတဲ့အပြင်ကို ဒီအခြေအနေက နိုင်ငံတကာ ဖိအားပေးမှုတွေရှိတယ်။ ဒါကို ပြည်သူတွေ သိစေချင်တယ်။ ဒါကို ဂရုမစိုက်ဘူး၊ အရေးမပါဘူး၊ မလိုဘူးလို့ဆိုတာထက်ကို လူတွေ အားလုံးအနေနဲ့ နိုးနိုးကြားကြား ရှိစေချင်တယ်။ ဒီမှာလည်း ကျွန်တော်တို့တတ်နိုင်သမျှ ဖိအားတွေကြောင့် ဘာအကျိုးဆက်တွေ ရှိနိုင်တယ်ဆိုတာရှင်းပြတယ်။ ရှင်းပြပေမယ့် ပိုပြီး အခုခေတ်မှာ ဆိုရှယ်မီဒီယာ ရှိတယ်။ ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ဆိုတာ ထောက်ကြည့်ရင်၊ ပွတ်ကြည့်ရင် သိတယ်။ တစ်ဖက်ကလည်း ဒီအန္တရာယ်ကို ရှိရုံတင်မဟုတ်ဘဲနဲ့ ကိုယ့်ဘက်က ကိုယ်ဘာလုပ်နိုင်တယ်၊ ဥပမာ အခုဆိုရင် UEHRD ဖွဲ့ထားတယ်၊ အောက်တိုဘာလကနေစပြီး လုပ်လိုက်တဲ့အခါ အခုဆို ခြောက်လလောက်ရှိသွားပြီ။ အတော်အသင့် အောင်မြင်မှုရတယ်၊ အဆင်သင့်တော့ဖြစ်တယ်။ လူကြီးတွေ တာဝန်ပေးထားတဲ့ လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့ကတော့ တော်တော်လေးလုပ်ဖြစ်တယ်။

အလယ်အလတ် မဇ္ဈိမပဋိပဒါ
နောက်တစ်ခုက လုပ်ဖြစ်တာက ပြန်လည်နေရာချထားရေးကိစ္စ၊ ဖွံ့ဖြိုးမှုကတော့ လုပ်ရဦးမယ်။ တကယ်က ဒါတွေက အမာတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်။ အမာတွေဆိုတာ လုပ်လို့ လွယ်တယ်။ အပျော့က လုပ်ဖို့လိုသေးတယ်။ အပျော့ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားခဲ့တာ။ တစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ အမျိုးမျိုးရှိတယ်။ လူ့ရဲ့စိတ်က ထိန်းလို့ သိပ်ရတာမဟုတ်ဘူး။ ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ ပျက်တာ လွယ်တယ်၊ ပြန်တည်ဆောက်ရတာခက်တယ်။

ရေရှည်သည်းခံမှရမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ လိုတယ်။ ဒီနေရာမှာ တိုက်တွန်း ချင်တာက ကိုယ့်လူမျိုးရဲ့ ချစ်စရာကောင်းတဲ့ အမြဲတမ်း အလယ်အလတ် မဇ္ဈိမပဋိပဒါ စိတ်ထား စေချင်တယ်။ အစွန်းမရောက်ဖို့ အရေးကြီးတယ်၊။ ကရုဏာထားဖို့၊ စာနာဖို့ လူတိုင်းမှာလိုတယ်။ ဒီကြားထဲ မှာလည်း စိန်ခေါ်မှုတွေက အများကြီးရှိနေတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီထက်ကောင်းတဲ့ အခြေအနေ တစ်ခု အခွင့်အရေးပေးတယ်လို့ယူဆတယ်။

ဖြစ်စေချင်တာက ရခိုင်ပြည်နယ်က လက်ရှိအခြေအနေမှာ ပြည်ထောင်စုအတွင်းမှာ ဒုတိယအနိမ့်ကျဆုံး ဒေသဖြစ်တယ်။ အခြေအနေတစ်ခုမှာ လုံးဝမဖြစ်သင့်ဘူး။ သူ့ရဲ့ သဘာဝအနေအထား၊ သယံဇာတ ပစ္စည်းကြွယ်ဝမှု ပိုပြီးအရေးကြီးတာ သူ့ရဲ့တည်နေရာ။ ရခိုင်ကိုကြည့်ရင် ကမ်းရိုးတန်းဖြစ်တဲ့အတွက် နိုင်ငံရေးအနေနဲ့ ကြည့်ရင် အင်မတန်မှ အချက်အချာကျတဲ့ဒေသဖြစ်တယ်။ အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသချိတ်ဆက်တဲ့ ဒေသဖြစ်တယ်။ သူ့မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဓာတ်ငွေ့တွေလည်း ရှာတွေ့တဲ့ အနေအထားရှိတယ်။ ဘေးကပ်လျက်မှာလည်း အိန္ဒိယနိုင်ငံရှိတယ်။ အိန္ဒိယနိုင်ငံဟာ အချက်အချာကျတဲ့နိုင်ငံလည်း ဖြစ်တယ်။

စိုးရိမ်စိတ်တွေ လျော့ပါးအောင်
ရခိုင်တိုင်းရင်းသားတွေကို အားပေးဖို့လိုတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ စိုးရိမ်စိတ်တွေ လျော့ပါးအောင် အားလုံးဝိုင်းလုပ်ရမှာ။ အဲဒီလိုလုပ်တဲ့အခါမှာ မီဒီယာက သိပ်အရေးကြီးတယ်။ သတင်းမှန်တွေ ထုတ်ဖော်ဖို့လိုတယ်။ အခုကျတော့ သိတဲ့အတိုင်း ဆိုရှယ်မီဒီယာကို မေ့လို့မရဘူး။ ကိုယ့်ရဲ့ ဖြစ်ရပ်မှန်တွေ များများဖော်ပြနိုင်ဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ အဝေးကြီးလို့ မတွေး ကြစေချင်ဘူး။ နိုင်ငံတော်အတွက် အရေးကြီးတဲ့အတွက် ကိုယ်နဲ့ မိတ်ဖက်နိုင်ငံတွေရှိသလို ကိုယ့်ကို နားလည်မှုပေးတဲ့ နိုင်ငံတွေ၊ အကူအညီပေးဖို့ အဆင်သင့်ရှိတဲ့ နိုင်ငံတွေနဲ့ ပေါင်းစပ်ရမှာပါ။

ကိုယ့်ကို နားလည်မှုလွဲနေတဲ့ နိုင်ငံတွေကိုလည်း ရှင်းပြရမှာ ကျွန်တော်တို့တာဝန်ပါ။ ပြည်သူတွေ အားလုံး အနေနဲ့ ရခိုင်အရေးဟာ ကိုယ့်ရဲ့အရေးလို့ မြင်စေချင်တယ်။ ပြောတာဆိုတာ သတိထား စေချင်တယ်။ အခြေအနေကို ဒီထက်ပိုမဆိုးအောင် ပိုမကောင်းရင်တောင် ကိုယ့်တာဝန်ပဲလို့ ခံယူဖို့လိုတယ်။

အခုလို ဖြကြေားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

source: Information Committee

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~